အမေရိကန်နှင့် ဂျပန်နိုင်ငံ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆိုထားသည့် ပြည်ပနိုင်ငံပေါင်း ၁၂ နိုင်ငံရှိ

အမေရိကန်နှင့် ဂျပန်နိုင်ငံ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆိုထားသည့် ပြည်ပနိုင်ငံပေါင်း ၁၂ နိုင်ငံရှိ
Published 7 March 2016
ချမ်းမြေ့သူ

အမေရိကန်နှင့် ဂျပန်နိုင်ငံ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆိုထားသည့် ပြည်ပနိုင်ငံပေါင်း ၁၂ နိုင်ငံရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ယင်းကဲ့သို့ နှစ်နိုင်ငံ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု စာချုပ်များအား ချုပ်ဆိုရာ၌ ၁၉၉၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ကို လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် လာအို နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ကို လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ကို လည်းကောင်း၊ ထိုင်းနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လည်းကောင်း၊ ကူဝိတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ အားပေးခြင်းနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ကို လည်းကောင်း ချုပ်ဆိုခဲ့ကြောင်း သိရသည်။ဆက်လက်၍ ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုပေးခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှု မူဘောင်ကို လည်းကောင်း၊ ဂျပန်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု ဖြေလျော့ပေးရေး၊ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူ စာချုပ်ကို လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လည်းကောင်း၊ ကိုရီးယား နိုင်ငံနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လည်းကောင်း အသီးသီး ချုပ်ဆိုမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။        

Most Read

Most Recent