ကုန်ထုတ်လုပ်မှု၊ ထုတ်လုပ်ရေးနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများတွင် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ကုန်သည်ကြီးများအသင်း လာရောက်

ကုန်ထုတ်လုပ်မှု၊ ထုတ်လုပ်ရေးနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများတွင် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ကုန်သည်ကြီးများအသင်း လာရောက်
Published 18 February 2016
သက်ထား

အမေရိကန်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ကုန်သည်ကြီးများ အသင်း The American Chamber of Commerce in Myanmar  နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့သည် ဖေေဖော်ဝါရီ ၁၇ ရက်က စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် The American Chamber of Commerce in Myanmar မှ ထုတ်လုပ်ရေး လုပ်ငန်းများ၊ လက်လီလက်ကား ရောင်းဝယ်မှု လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်-မြန်မာ နှစ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားကုန်သွယ်မှု၊ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စက်မှုလုပ်ငန်းများပူး ပေါင်းဆောင်ရွက်ရေးတို့ကို စီးပွားရေးကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးသည့် Business Matching တွင် The American Chamber of Commerce in Myanmar ၏ Executive Director Mr.Judy Benn၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါစီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအပြီး ၂၀၁၆ ဖေဖော်ဝါရီ ၁၈ ရက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ အမေရိကန်မှ မြန်မာနိုင်ငံသို့ စီးပွားရေးပိတ်ဆို့ထားမှုများကို ဆွေးနွေးသည့် စီးပွားရေးဖိုရမ်ကို  ရန်ကုန်မြို့ Chatrium Royal Lake Hotel တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းဖိုရမ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေး ပိတ်ဆို့ထားမှုကိစ္စရပ်များ၊ စွမ်းအင်နှင့် အကြီးစား ဆောက်လုပ်မှု လုပ်ငန်းများ၊ နည်းဥပဒေများကို ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ပြည်ပနိုင်ငံ ၂၂ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာသုံးဘီလျံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်  ပြည်ပကုန်သွယ်မှုကိုမူ အာရှနိုင်ငံများနှင့် အဓိကထားဆောင်ရွက်နေပြီး ဥရောပ၊ အမေရိကန်နိုင်ငံများနှင့် ကုန်သွယ်မှုမှာမူ နည်းပါးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent