ဒဂုံစီးတီး စီမံကိန်းအစား နေရာပြန်ပေးခဲ့သော ကမ္ဘာအေးစေတီလမ်းပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ MIC နှင့် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတို့က ရန်ကုန်မြို့တော် စည်ပင်ထံ ယခုအထိ လျှောက်ထားခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်း မရှိကြောင်း . . . . .

ဒဂုံစီးတီး စီမံကိန်းအစား နေရာပြန်ပေးခဲ့သော ကမ္ဘာအေးစေတီလမ်းပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ MIC နှင့် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတို့က ရန်ကုန်မြို့တော် စည်ပင်ထံ ယခုအထိ လျှောက်ထားခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်း မရှိကြောင်း . . . . .
Published 17 February 2016
ကျော်ထင်

ဒဂုံစီးတီး စီမံကိန်းအစား နေရာပြန်ပေးခဲ့သော ကမ္ဘာအေးစေတီလမ်းပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ MIC နှင့် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတို့က ရန်ကုန်မြို့တော် စည်ပင်ထံ ယခုအထိ လျှောက်ထားခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်း မရှိကြောင်း ဦးခင်လှိုင် (ဇောတိက) ထုတ်ပြန်
တရားဝင် ရပ်ဆိုင်းခဲ့သော ဒဂုံစီးတီး စီမံကိန်းအစား နေရာပြန်ပေးခဲ့သော ရန်ကင်းမြို့နယ် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင် မြေတွင် ဆောက်လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် (MIC)၊ ရင်းနှီးမြှုပ်နှံသည့် Marga Landmark Development Co.Ltd တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ယခုအထိ လျှောက်ထားခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးေ ကာ်မတီဝင် ဦးခင်လှိုင် (ဇောတိက) က ထုတ်ပြန်ခဲ့သည်။ဒဂုံစီးတီး စီမံကိန်းအတွက် Marga Landmark Development Co.Ltd အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အစည်းအဝေး (၄/၂၀၁၆) မှ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပိုင် မြေနေရာ ၁၇ ဒသမ ၇၀ ဧကအား အစားထိုး နေရာချထားပေးခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် မြို့ပြတည်ဆောက်ခြင်း၊ ဟိုတယ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံ တည်ဆောက်ခြင်း၊ လမ်း၊ တံတား၊ ဆက်သွယ်ပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းတို့ ပါဝင်ပါက လုပ်ငန်းဆောင်ရွက်မည့် ဒေသပေါ် မူတည်ပြီး နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီနှင့် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းက ရေးဆွဲထားသည့် မြို့ပြဖွံ့ဖြိုးရေး အစီအမံများနှင့် ကိုက်ညီပြီး ယင်းတို့က ခွင့်ပြုမှသာလျှင် ကော်မရှင်သို့ တင်ပြဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေပုဒ်မ ၁၂၉ တွင် ပြဋ္ဌာန်းထားကြောင်း ဦးခင်လှိုင်( ဇောတိက) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ယခု ကိစ္စတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီသည် လည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေပုဒ်မ ၁၂၉ အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ယနေ့အထိ လျှောက်ထားခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်း မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မိမိကော်မရှင် အဖွဲ့၏ ဆန္ဒ တစ်ခုတည်းဖြင့် ခွင့်ပြုမိန့်ပေးခြင်းသည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းများ အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုလည်း အသိအမှတ်ပြု လေးစားရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင် (ဇောတိက) က ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ခြင်း၊ ခွင့်ပြုမိန့်ပေးခြင်းတို့မှာ အဆိုပါ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားနှင့် သက်သာခွင့်များသာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိရုံဖြင့် မိမိ၏ မြေနေရာများအား မြေပြင်ရှင်းလင်းခြင်း၊ သစ်ပင်များခုတ်ခြင်း၊ မြေအနက်တူးခြင်း၊ ပိုင်စမ်းသပ်ခြင်း စသည့် လုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ခွင့်ပြုချက် ယူရမည်ဟု ဦးခင်လှိုင် (ဇောတိက) က ထုတ်ပြန်ခဲ့သည်။တပ်စည်ပင်ပိုင်မြေပေါ်တွင် ဆောင်ရွက်နေသည့် အဆောက်အအုံ ဆောက်လုပ်ခြင်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနပိုင် မြေများ၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေများပေါ်တွင် ဆောင်ရွက်မည့် မည်သည့် ဆောက်လုပ်ရေး လုပ်ငန်းများမဆို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ၃၃ မြို့နယ်များအတွင်း ဆောင်ရွက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ (၁၆) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များအတိုင်း ခွင့်ပြုချက်ရယူရန် အသိပေးအပ်ကြောင်းလည်း ဦးခင်လှိုင် (ဇောတိက) က ထုတ်ပြန်ခဲ့သည်။သို့ဖြစ်ရာ Marga Landmark Development Co.Ltd က ဆောက်လုပ်မည့် အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ယင်းမြေနေရာပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံများ၏ အမြင့်၊ မြေကျန်၊ အဆိုပါ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် လူဦးရေနှင့် ယင်းဒေသရှိ လူဦးရေ သိပ်သည်းမှုနှုန်း၊ ကားအစီးရေ၊ ကမ္ဘာအေးစေတီလမ်းပေါ်နှင့် ကန်ဘဲ့လမ်းပေါ်သို့ မော်တော်ယာဉ် အဝင်၊ အထွက်၊ ဆောက်လုပ်မည့် ဟိုတယ်၊ ရှော့ပင်းမောလ်၊ ရုံးလုပ်ငန်းများမှ နေ့စဉ်သုံးစွဲမည့် ရေပမာဏ၊ ယင်းတို့၏ စွန့်ပစ်ပစ္စည်းများ၊ ရေစီးရေလာ စသည့် ကိစ္စရပ်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မူဝါဒများနှင့် ကိုက်ညီမှု မရှိပါက အနာဂတ်အတွက် ရန်ကုန်မြို့တော်ကြီးအား ထိန်းသိမ်းရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအား ထိခိုက်ပျက်စီးစေခြင်းများ ရှိပါက လက်ခံမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင် (ဇောတိက) က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent