၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က ဖေဖော်ဝါရီ ၈ ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး ဖွင့်လှစ်ပွဲနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလျံ ဝင်ရောက်ရန် လျာထားခဲ့ကြောင်းနှင့် လက်ရှိကာလနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် လျာထားချက်ကို ကျော်လွန်နေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို လေ့လာကြည့်ပါက အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် သန်း ၃၀၀ သာ ရှိခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂ ဘီလျံ အထိ ငါးဆခန့် တိုးတက်လာကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလျံခန့်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံအထိ ဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို လေ့လာကြည့်ပါက စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံ နီးပါးဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ယခင်နှစ်များက ထိပ်ဆုံးမှရပ်တည်ခဲ့သည့် တရုတ်နိုင်ငံမှာ ဒေါ်လာ ၆၇၀ ဒသမ ၁၁၈ ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ထို့ပြင် နယ်သာလန်နိုင်ငံမှ ဒေါ်လာ ၄၃၀ ဒသမ ၄၅၀ သန်းဖြင့် တတိယနေရာမှ ရပ်တည်နေကာ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၂၂၂ ဒသမ ၂၂၃ ဖြင့် စတုတ္ထနေရာတွင် ရှိနေကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ဝင်ရောက်










