Mobile Money ဝန်ဆောင်မှုများတွင် လွှဲပို့ငွေ၏ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခ ကျသင့်ခြင်းမှာ သုံးစွဲသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်

Mobile Money ဝန်ဆောင်မှုများတွင် လွှဲပို့ငွေ၏ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခ ကျသင့်ခြင်းမှာ သုံးစွဲသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်
Published 13 February 2016

လက်ရှိတွင် စမ်းသပ်သုံးစွဲနေပြီး မကြာမီ တရားဝင် စတင်လာတော့မည့် Mobile Money ဝန်ဆောင်မှုများတွင် လွှဲပို့ငွေ၏ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခ ကျသင့်နေခြင်းမှာ သုံးစွဲသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေနိုင်ကြောင်း သိရသည်။ယင်း Wave Money ဝန်ဆောင်မှုတွင် Wave ဆိုင်မှတစ်ဆင့် ဝန်ဆောင်မှုရယူခြင်းနှင့် Wave Account ဖြင့်ဝန်ဆောင်မှု ရယူခြင်းဟူ၍ နှစ်မျိုးရှိပြီး ဝန်ဆောင်ခ နှုန်းထားမှာ အနည်းငယ် ကွာခြားကြောင်း သိရသည်။Wave ဆိုင်မှ Wave ဆိုင်သို့ ငွေလွှဲခြင်းတွင် တစ်ကျပ်မှ ကျပ်တစ်သောင်းအထိ ငွေလွှဲခြင်းအတွက် ဝန်ဆောင်ခမှာ ကျပ် ၁၀၀၀၊ ၁၀၀၀၁ ကျပ်မှ ကျပ် ၂၀၀၀၀ အထိကို ကျပ် ၁၅၀၀၊ ၂၀၀၀၁ ကျပ်မှ ကျပ် ၃၀၀၀၀ အထိကို ကျပ် ၂၀၀၀ ၊ ၁၀၀၀၀၁ ကျပ်မှ ကျပ် ၁၅၀,၀၀၀ အထိကို ကျပ် ၄၀၀၀၊ ၁၅၀,၀၀၁ ကျပ်မှ ကျပ် ၂၀၀,၀၀၀ အထိကို ကျပ် ၄၅၀၀ ဟုဝန်ဆောင်ခ သတ်မှတ်ထားကြောင်း သိရသည်။Wave ဆိုင်မှ Wave အကောင့်သို့ ငွေလွှဲခြင်းတွင်မူ တစ်ကျပ်မှ ကျပ် ၁၀၀၀၀ အထိ ဝန်ဆောင်ခမှာ ကျပ် ၈၀၀၊ ၁၀၀၀၁ ကျပ်မှ ကျပ်၂၀၀၀၀ အထိ ကျပ် ၁၂၀၀ ၊ ၂၀၀၀၁ ကျပ်မှ ကျပ် ၃၀၀၀၀ အထိကို ကျပ် ၁၆၀၀၊ ကျပ် ၁၀၀,၀၀၁ မှ ကျပ် ၁၅၀,၀၀၀ အထိကို ကျပ် ၃၂၀၀၊ ၁၅၀၀၀၁ ကျပ်မှ ကျပ် ၂၀၀,၀၀၀ အထိကို ကျပ် ၃၆၀၀ အဖြစ်ဝန်ဆောင်ခ သတ်မှတ်ထားသည်။ယင်းနှုန်းထားများမှာ ဘဏ်ငွေလွှဲနှုန်းထားထက် ပိုမိုမြင့်မားနေပြီး ရေရှည်တွင် သုံးစွဲသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း သိရသည်။“လက်ရှိစမ်းသပ်သုံးစွဲနေတဲ့ မန္တလေး ဝန်းကျင်ဒေသမှာ တွေ့ရတာကတော့ ငွေလွှဲဝန်ဆောင်မှုတွေကို ရုံးချိန်ပြင်ပမှာ သုံးစွဲချင်သူတွေ အများကြီး ရှိနေပါတယ်။ ကုန်သည်အများစုကလည်း ဒီလိုမျိုး ဝန်ဆောင်မှုကို လိုချင်ကြပါတယ်။ ဘဏ်ဝန်ဆောင်မှုဆိုတာက ဘဏ်ရှိမှရမယ်၊ နံနက် ၉ နာရီကနေ ညနေ ၃ နာရီအထိပဲရမယ်၊ နောက်ပြီး ညဘက်တွေနဲ့ ရုံးပိတ်ရက်တွေမှာ ဆိုရင်လည်း အသုံးပြုလို့ မရနိုင်ဘူး။ အခုဝန်ဆောင်မှု စမ်းသပ်ကာလအတွင်းမှာ ဈေးနှုန်းကိုလည်း စမ်းသပ်နေပါတယ်။ သုံးစွဲသူတွေရဲ့ အသံကို ပြန်နားထောင်တယ်။ ဒီဝန်ဆောင်မှုကို တကယ်မိတ်ဆက်တဲ့အချိန်မှာ ဒီနှုန်းထား အတိုင်းပဲ ဖြစ်မဖြစ်ဆိုတာကတော့ အဲဒီအချိန်ကျမှပဲ သိမှာဖြစ်ပါတယ်” ဟု Wave Money မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

Most Read

Most Recent