ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၄၆ ကျပ်ဝန်းကျင် ရှိနေပြီး တစ်ရက်အတွင်း ဒေါ်လာလဲနှုန်း ကျပ် ၂၀ ကျော် ပြန်လည်မြင့်တက်လာ

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၄၆ ကျပ်ဝန်းကျင် ရှိနေပြီး တစ်ရက်အတွင်း ဒေါ်လာလဲနှုန်း ကျပ် ၂၀ ကျော် ပြန်လည်မြင့်တက်လာ
Published 10 February 2016
အောင်မြတ်ကို

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၄၆ ကျပ်ဝန်းကျင် ရှိနေပြီး တစ်ရက်အတွင်း ကျပ် ၂၀ ကျော် ပြန်လည်မြင့်တက်လာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် တစ်ဒေါ်လာရောင်းဈေး ၁၂၁၈ ကျပ်ဝန်းကျင်မှ ၁၂၂၆ ကျပ် ဝန်းကျင်သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ၁၂၃၂ ကျပ် ဝန်းကျင်မှ ကျပ် ၁၂၄၈ ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဈေးနှုန်းအတက်အကျ အပြောင်းအလဲ များလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒေါ်လာလဲနှုန်းသည် အတက်ဘက်သို့ ပြန်လည်ဦးတည်လာခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၄၆ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၄ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း အကျဘက်သို့ ဆက်လက် ဦးတည်လျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက် ရည်ညွှန်း တစ်ဒေါ်လာလဲနှုန်းသည် ကျပ် ၁၂၃၀ သို့ ၉ ရက်နေ့ သတ်မှတ်ဈေး (၁၂၄၈) အောက် ၁၈ ကျပ် လျှော့ချ သတ်မှတ်ထားသည်။ထို့ကြောင့် ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာ ရည်ညွှန်းလဲနှုန်းနှင့် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ကျပ် ၁၀ ဝန်းကျင် ပြန်လည်ကွာဟလာပြီး ပြင်ပဈေးကွက် ပေါက်ဈေးသည် ဗဟိုဘဏ် သတ်မှတ်ဒေါ်လာလဲနှုန်း အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လက်ရှိ ပြင်ပဈေးကွက် အတွင်း၌ အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ များစွာ ဖြစ်ပေါ်နေပြီး အရောင်းအဝယ် ကောင်းမွန်နေဆဲဖြစ်သည်။       

Most Read

Most Recent