ရန်ကုန်အနောက်ပိုင်းခရိုင်၌ ခွင့်ပြုထားသည့် အထပ်မြင့် အဆောက်အအုံ ၆၂ လုံးအနက် 68 Residence၊ 77 Residence နှင့် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ နံဘေး IGE ကုမ္ပဏီမှ ဆောက်လုပ်မည့် ၁၉ ထပ် အဆောက်အအုံတို့အား စည်းကမ်းနှင့် မညီညွတ်ဘဲဆောက်ခွင့်ပြုထားဟု ဦးခင်လှိုင် (ဇောတိက) ပြောကြားရန်ကုန်အနောက်ပိုင်းခရိုင် အတွင်း၌ မူအားဖြင့် ခွင့်ပြုထားသည့် ကိုးထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ ၆၂ လုံးရှိပြီး ယင်းတို့အနက်မှ ကမ္ဘာအေးစေတီလမ်းပေါ်တွင် ဆောက်လုပ်မည့် 68 Residence၊ 77 Residence နှင့် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ နံဘေးတွင် IGE ကုမ္ပဏီမှ ဆောက်လုပ်မည့် ၁၉ ထပ် အဆောက်အအုံများမှာ သတ်မှတ် စည်းကမ်းများနှင့် မညီညွတ်ဘဲ ခွင့်ပြုထားသော အဆောက်အအုံများဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။အဆိုပါ အဆောက်အအုံ သုံးလုံးသည် သတ်မှတ်ထားသည့် ဥပဒေမူဝါဒများနှင့် ငြိစွန်းသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မူအားဖြင့် သဘောတူ ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဦးခင်လှိုင် (ဇောတိက)က ပြောကြားသည်။"ရန်ကုန်အနောက်ပိုင်း ခရိုင်ထဲမှာ လောလောဆယ်မှာ လုံးဝခွင့်ပြုလို့ မသင့်တဲ့ သုံးလုံးရှိတယ်။ ပထမတစ်ခုက ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် ၇၇ မှာ ဆောက်မှာ (77 Residnece)။ Basement 3 ထပ် အပေါင်း ၂၈ ထပ် အဆောက်အအုံ၊ မြေအကျယ်က ၀ ဒသမ ၅ ဧက၊ အဲဒီအဆောက်အအုံ ဘာကြောင့် သဘောမတူနိုင်တာလဲ ဆိုတော့ အဲဒီ အဆောက်အအုံ တည်နေရာနဲ့ ကမ္ဘာအေး ဘုရားလမ်းနဲ့ ဆရာစံလမ်း မီးပွိုင့်က ပေ ၅၀၀ အကွာမှာ ရှိပါတယ်။ ပေ ၅၀၀ အကွာမှာ ရှိတဲ့အတွက် နိုင်ငံတကာ စံနဲ့တွက်ရင် Blind Corner လို့ ခေါ်ပါတယ်။ ကားအဝင်အထွက် ခက်ခဲတဲ့ နေရာမှာ ရှိတဲ့အတွက် ကားကျပ်တည်းမှု အများကြီး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သူ့ကိုပေးလို့ မရပါဘူး။ အဆောက်အအုံ အတွင်းကနေ ပြင်ပကို ကားထွက်ဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်" ဟု ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။ယင်းအဆောက်အအုံသည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၀၉ ပေတွင်ရှိကြောင်း၊ ရွှေတိဂုံစေတီတော်၏ ကန့်သတ်အမြင့်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၄၁၇ ပေ ဖြစ်သောကြောင့် ရွှေတိဂုံစေတီတော်အောက် ရှစ်ပေသာ နိမ့်တော့ကြောင်း၊ ယင်းအဆောက်အအုံသည် ရွှေတိဂုံစေတီတော် အနီးပတ်ဝန်းကျင် တစ်မိုင်အတွင်း ရှိသည့်အပြင် ရန်ကုန်မြစ်ပြင်မှ လှမ်းကြည့်ပါက ယင်းအဆောက်အအုံနှင့် ရွှေတိဂုံစေတီတော်မှာ တစ်တန်းတည်း ဖြစ်သွားမည်ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံသည် ခွင့်မပြုခဲ့သင့်ကြောင်းနှင့် ဆိတ်ငြိမ် ရပ်ကွက်ဖြစ်သည့် ရွှေတောင်ကြား ရပ်ကွက်တွင် ရှိသောကြောင့်လည်း အထပ်မြင့် ပေး၍မရကြောင်း ဦးခင်လှိုင်က ဆက်လက် ပြောကြားသည်။"ဒီအဆောက်အအုံကို ကျွန်တော် သွားပြီးဆင်းစစ်တဲ့ အခါကျတော့ ရန်ကုန်မြို့တော်ဝန် အစဉ်အဆက် နေခဲ့တဲ့အိမ်ရဲ့ အနောက်ဘက် တစ်ခြမ်းကို ငှားပြီးတော့ ဆောက်လုပ်ရေးပစ္စည်းတွေ ပုံဖို့သုံးထားတယ်။ မြို့တော်ဝန် အိမ်တစ်ခြမ်းကိုတောင် ငှားပြီးတော့ သုံးနိုင်တယ်ဆိုတော့ တော်ရုံတန်ရုံ ပုဂ္ဂိုလ်တော့ မဟုတ်ဘူး" ဟု ၎င်းကဆိုသည်။အလားတူ ကမ္ဘာအေး စေတီလမ်းနှင့် ဆရာစံလမ်းထောင့် အမှတ် ၆၈ (ဘီ) တွင် ဆောက်လုပ်မည့် 68 Residence သည်လည်း မီးပွိုင့်ထိပ်တွင် ရှိနေ၍ ယာဉ်ကြောပိတ်ဆို့မှု များပြားသော စီမံကိန်း တည်နေရာဖြစ်ပြီး ပတ်ဝန်းကျင်အတွက် သာမက အဆိုပြု စီမံကိန်းတွင် နေထိုင်မည့်သူများ အတွက်ပါ အဆင်ပြေမှု မရှိကြောင်း အဆောက်အအုံ စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်များအဖွဲ့ CQHP က သဘောထား မှတ်ချက်ပေးထားပြီး ယင်းအဆောက်အအုံသည် ရန်ကုန်မြို့ရှိ မြို့နယ်များသို့ ရေဖြန့်ဝေနေသာ ကုက္ကိုင်းရေလှောင်ကန်၏ ပေ ၁၀၀ ပတ်လည်တွင် ရှိနေခြင်းကြောင့် ရေလှောင်ကန် အတွက်လည်း စိုးရိမ်ရခြင်းအပြင် အဆောက်အအုံ အမြင့်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၄၁၂ တွင် ရှိနေခြင်းကြောင့် ရွှေတိဂုံစေတီတော် အမြင့်နှင့် သိပ်မကွာကြောင်း၊ ထို့ပြင် ကားဝင်/ ထွက်ရန် အခက်အခဲများကြောင့် ခွင့်ပြု၍ မရကြောင်း ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။ "ကားဖြတ်သန်းသွားဖို့ အခက်အခဲရှိတယ်။ ပြီးတော့ အဆောက်အအုံက ပင်လယ်ရေမျက်နှာပြင် အထက် ၄၁၂ ပေဖြစ်တဲ့အတွက် ရွှေတိဂုံ အမြင့်နဲ့ ငါးပေပဲကွာတယ်။ သူကပိုနီးတယ်။ ဒါကြောင့် ဘယ်လိုမှ ပေးလို့မရဘူး။ ဘယ်လိုတွေ စဉ်းစားပြီးပေးခဲ့လဲ မသိဘူး။ ဒါနဲ့ပတ်သက်ပြီး ပြောကြမှာပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း လုပ်ပြီးသွားပြီ။ အခန်းတွေကလည်း ရောင်းပြီး သွားပြီ။ ဘယ်လိုရှင်းမလဲ မေးစရာ ရှိတယ်။ ဒါသက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေ ကိုယ်တိုင်က ကိုယ်ကျင့်သိက္ခာရှိဖို့ လိုအပ်ပါတယ်။ ဒီလိုနေရာမှာ ဒီလိုလုပ်မှန်း မရလျက်သားနဲ့ မရရအောင်လုပ်တာ ဘယ်သူ့အပြစ်လဲ။ ဥပဒေမှာ အဲဒီလိုပြဋ္ဌာန်းရင် မရရအောင် မလုပ်ပါနဲ့။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်း ဒါဒီလိုရှိမှန်း သိလျက်နဲ့ ဘာလို့ပေးတာလဲ။ သက်ဆိုင်ရာ ပညာရှင်များ အဖွဲ့လည်း ဒါဒီလို ရှိပါတယ်ဆိုတာ ပြောထားလျက်နဲ့ ဘာလို့ပေးပစ်တာလဲ" ဟု ဦးခင်လှိုင် (ဇောတိက) က ဆက်လက် ပြောကြားသည်။ထို့ပြင် အမှတ် ၂၇၊ ကမ္ဘာအေးစေတီလမ်း၊ ရွှေတောင်ကြား (၂) ရပ်ကွက် ဗဟန်းမြို့ နယ်တွင် IGE ကုမ္ပဏီမှ ဆောက်လုပ်နေသည့် Basement ၃ ထပ်နှင့် ၁၉ ထပ် အဆောက်အအုံသည်လည်း နှင်းဆီးကုန်း ဘိုးဘွားရိပ်သာနှင့် ကပ်လျက် ကုန်းမြေတွင် ဖြစ်နေခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်တွင် ဖြစ်နေခြင်းနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား အဆင်းတွင် ဖြစ်နေ၍ စည်းကမ်းများနှင့် မညီညွတ်ဘဲ ခွင့်ပြုထားခြင်းဖြစ်ဟု ဦးခင်လှိုင် (ဇောတိက) က ဆိုသည်။"လက်ရှိတော့ မြေရှင်းလင်းတဲ့ အဆင့်ပဲ ရှိသေးတယ်။ သူ့ကိုလည်း ခေါ်သတိပေးမယ်။ ကျွန်တော်က ဒါတွေကို စည်းကမ်းနဲ့ မညီညွတ်ဘူးလို့ ပြောတာပါ။ ကျွန်တော် ဒီအဆောက်အအုံတွေကို ရပ်လိုက်ပါ။ အထပ်လျှော့လိုက်ပါလို့ မပြောပါဘူး။ ကျွန်တော်က လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ Cabinet ကတောင် ခွင့်ပြုပြီးသား ဖြစ်တယ်။ ကျွန်တော်က ထောက်ပြတာပါ။ ကျွန်တော်ဖျက်လို့လည်း မရပါဘူး" ဟု ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၌ ခွင့်ပြုထားသည့် အထပ်မြင့် အဆောက်အအုံ ၆၂ လုံးအနက် 68 Residence၊ 77 Residence နှင့် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ နံဘေး IGE ကုမ္ပဏီမှ ဆောက်လုပ်မည့် ၁၉ ထပ် အဆောက်အအုံတို့အား စည်းကမ်းနှင့် မညီညွတ်ဘဲ









