မင်္ဂလာဈေး မီးလောင်မှုဖြစ်စဉ်အပြီး ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခ ရာခိုင်နှုန်း ၄၀ မြင့်တက် သွားသည့်အပေါ် ညှိနှိုင်းဖြေရှင်းပေးခြင်း မရှိပါက ဆန္ဒထုတ်ဖော်မည်ဟု ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူအချို့က မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။
မကြာသေးမီကာလက ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများကို တစ်ကြိမ် တိုးမြှင့်ခဲ့ပြီး ဖြစ်သဖြင့် ယခုကဲ့သို့ ထပ်မံတိုးမြှင့်မည့် အခြေအနေကို ငှားရမ်းဖွင့်လှစ်သူ အများစု လက်မခံကြောင်း၊ ထို့အတွက် ဆိုင်ခန်း ဖွင့်လှစ်ထားသူအချို့က ဆန္ဒထုတ်ဖော်ရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
"ယုဇနလာဇာ ဆိုင်ခန်းငှားရမ်းခ နှုန်းထား တိုးမြှင့်တာနဲ့ ပတ်သက်ပြီး တိုင်ကြားတဲ့ စာကိုလည်း မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးထံကို စာပို့ပြီးပါပြီ။ ဖေဖော်ဝါရီလဆို ဆိုင်ခန်းငှားခတွေကို တိုးမြှင့်ကောက်ခံ မှာဖြစ်ပါတယ်။ ဒီကြားကာလထဲမှာ မဖြေရှင်းပေးရင် ဆိုင်ခန်း ငှားရမ်းဖွင့်တဲ့သူအချို့က ဒီကိစ္စအပေါ် ဆန္ဒထုတ်ဖော်မယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးထံကို အကြောင်းကြားထားပါတယ်"ဟု ယုဇနပလာဇာ ပထမထပ်တွင် ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူ ဦးကျော်အောင်က ပြောကြားသည်။
ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများ တိုးမြှင့်မည့်အကြောင်းကို ဈေးဆိုင်ခန်း ငှားရမ်း ဖွင့်လှစ်ထားသူများကို ဇန်နဝါရီ ၁၆ ရက်တွင် ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီက ခေါ်ယူ တွေ့ဆုံ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီမှ စတင်၍ တိုးမြှင့်သည့် နှုန်းထားအတိုင်း ပေးဆောင်ရမည်ဟု သိရသည်။
"အရောင်းအဝယ်ကလည်း တော်တော်ကို မကောင်းတာပါ။ ဒီကြားထဲ ဆိုင်ခန်းခက ထပ်တက်ဦးမှာ။ ပြီးတော့ ယုဇပလာဇာက ဈေးဖွင့်ချိန်က တိုတောင်းတယ်။ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ။ အပတ်စဉ် တနင်္လာနေ့တိုင်းလည်း ပိတ်တော့ အစ်ကိုတို့ ရောင်းချိန် ဖဲ့ပေးရတယ်။ ပြီးတော့ အစ်ကိုတို့ က နှစ်ဆိုင်တွေဖွင့်ထားတာ။ အခု ဆိုင်ခန်းခ တိုးတဲ့အပေါ် ဆန္ဒထုတ်ဖော်ဖို့အတွက် ပူးပေါင်း ပါဝင်မှာပါ"ဟု ယုဇနပလာဇာ ပထမထပ်ရှိ ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူ တစ်ဦးကလည်း ပြောကြားသည်။
ယုဇနပလာဇာ၏ ဆိုင်းငှားရမ်းခ တိုးမြှင့်ရာတွင် ယခင်တစ်လ ၁၈ သိန်း ကျသင့်သည့် အခန်းအား ကျပ် ၂၅ သိန်းသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူများထံမှ သိရသည်။
မင်္ဂလာဈေး မီးလောင်မှုဖြစ်စဉ်အပြီး ရုတ်တရက် တိုးမြင့်လိုက်သည့် ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများ ရာခိုင်နှုန်း ၄၀ တိုးမြှင့်လိုက်သည့်အပေါ် ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်သူ ၁၀၀ ခန့် လက်မှတ်ရေးထိုး၍ တိုင်ကြားစာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင် (ဇောတိက)၊ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ စသည်တို့ထံ ပေးပို့ခဲ့ကြောင်းသိရ သည်။
"မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးကို သွားတွေ့တော့ သူကတော့ ဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်လက် တင်ပြပေးထားတယ်လို့ ပြောပါတယ်။ ပြီးတော့ ဒါကိုမဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်"ဟု ယုဇနပလာဇာ ပထမထပ်တွင် ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူ ဦးကျော်အောင်က ပြောကြားသည်။
ယုဇနပလာဇာ ဆိုင်ခန်းငှားရမ်းခ ရာခိုင်နှုန်း ၄၀ မြင့်တက်သွားသည့်အပေါ် ဖြေရှင်းပေးခြင်း မရှိပါက ဆန္ဒထုတ်ဖော်မည်ဟု ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား















