၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၅၁၄ ဒသမ ၂၄၄၄ သန်းဖြင့် အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားပြီး ယူကေ၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၇ သန်းဖြင့် အနည်းဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး (စီမံကိန်းဌာန) မှ သိရသည်။၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ ဟိုတယ်စီမံကိန်း ၂၁ ခုတွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော် ပထမ နေရာဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ဖြင့် ဒုတိယနေရာ၊ ထိုင်းနိုင်ငံမှ သန်း ၃၄၀ ကျော်ဖြင့် တတိယနေရာတွင် ရင်းနှီမြှုပ်နှံထားလျက်ရှိကြောင်း အဆိုပါ စီမံကိန်းဌာနမှ သိရသည်။မြန်မာနိုင်ငံ အတွင်းရှိ ဟိုတယ်ကဏ္ဍတွင် အာရှနိုင်ငံ ခုနစ်နိုင်ငံမှ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၆၀၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ယူကေ၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံ သုံးနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၇ သန်းအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး စီမံကိန်းဌာနမှ သိသည်။“ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် အာရှနိုင်ငံတွေ တော်တော်များက အများဆုံး ရင်းနှီးမြှုပ်နှံထားတာကို တွေ့ရတယ်။ ရင်းနှီးမြှုပ်နှံမှုထဲမှာ ဆိုရင်တော့ စင်ကာပူက ထိပ်ဆုံးက ရပ်တည်နေတာကို တွေ့ရတယ်။ ဒီမြှုပ်နှံမှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီးများလာမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များလာတာနဲ့အမျှ ပြည်တွင်းရင်နှီးမြှုပ်နှံမှုတွေကလည်း တိုးတက်လာပါတယ်” ဟု အဆိုပါ စီမံကိန်းဌာနမှ ဦးမျိုးမြင့်က ပြောကြားသည်။မြန်မာနိုင်ငံသို့ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံသည့် အာရှနိုင်ငံမှ စီမံကိန်းများမှာ စင်ကာပူနိုင်ငံမှ စီမံကိန်း ၂၁ ခု၊ ဗီယက်နမ်မှ တစ်ခု၊ ထိုင်းနိုင်ငံမှ ၁၀ ခု၊ ဟောင်ကောင်မှ လေးခု၊ ဂျပန် သုံးခု၊ မလေးရှား သုံးခု၊ တောင်ကိုရီးယား တစ်ခုအပြင် ယူကေမှသုံးခု၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံတို့မှ စီမံကိန်း တစ်ခုစီဖြင့် လာရောက်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။ထို့ကြောင့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားသား လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၇၈ ဒသမ ၃၈၀၄ သန်းအထိ တိုးမြင့်လာခဲ့ပြီး ၂၀၁၄ ခုနှစ်ထက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပိုလာကြောင်း သိရသည်။ထို့ပြင် ၂၀၁၁ မှ ၂၀၁၅ ဘဏ္ဍာနှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍသည် စတုတ္ထနေရာတွင် ရှိခဲ့ပြီး သဘာ၀ အရင်းအမြစ်များပေါ် မူတည်သော လျှပ်စစ်ဓာတ်အား ကဏ္ဍနှင့် ဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ထည့်သွင်းမြှုပ်နှံခဲ့ကြောင်း MIC မှ သိရသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရှိ ဟိုတယ်ကဏ္ဍတွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ယူကေ၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံတို့မှ ဒေါ်လာ ၁၇ သန်းဖြင့် အနည်းဆုံး မြှုပ်နှံထား










