၂၀၁၅ ခုနှစ်တွင် ဂုတ်ထိပ်တံတားသို့ ခရီးသွား ဝင်ရောက်မှု ၆၀၄၅၇ ဦးအထိ တိုးမြင့်လာပြီး အမေရိကန်ဒေါ်လာ ၂၁၀၀၀၀ ကျော် ရရှိထား

၂၀၁၅ ခုနှစ်တွင် ဂုတ်ထိပ်တံတားသို့ ခရီးသွား ဝင်ရောက်မှု ၆၀၄၅၇ ဦးအထိ တိုးမြင့်လာပြီး အမေရိကန်ဒေါ်လာ ၂၁၀၀၀၀ ကျော် ရရှိထား
Published 25 January 2016

၂၀၁၅ ခုနှစ်တွင် ဂုတ်ထိပ်တံတားသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၆၀၄၅၇ ဦးရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားဦးရေ တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းက ဆိုသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ  ရှမ်းပြည်နယ် (မြောက်ပိုင်း) ဂုတ်ထိပ်တံတား အပါအဝင် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ဟိုပန်နှင့် ဟန်ရင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ၁၅၅၄၂ ဦး၊ ပြည်တွင်းခရီးသွား ၄၄၉၁၅ ဦးရှိပြီး စုစုပေါင်း ခရီးသွား ၆၀၄၅၇  ရှိကြောင်း သိရသည်။
ရှမ်းပြည် (မြောက်ပိုင်း) သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းမှ ဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၂၁၁၁၆၄ ဒေါ်လာနှင့် ပြည်တွင်း ကျပ်သိန်းပေါင်း ၃၉၃၃ ဒသမ ၃၃  သိန်း ရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား စုစုပေါင်း ၄၉၉၉၅ ဦးရှိပြီး ဝင်ငွေရရှိမှုမှာ  အမေရိကန်ဒေါ်လာ ၁၇၃၆၇၈ ဒေါ်လာနှင့် ပြည်တွင်းငွေ ကျပ် ၃၀၄၉ သိန်း ရရှိခဲ့သောကြောင့် ၂၀၁၅ ခုနှစ်တွင် ခရီးသွားဧည့်သည်နှင့် ဝင်ငွရရှိမှုမှာ ယခင်နှစ်ထက်  ခရီးသွားဦးရေ ၁၀၄၆၂ ဦး ပိုမိုဝင်ရောက်ပြီး အမေရိကန်ဒေါ်လာ ၃၇၄၈၆ ပိုမို ရရှိထားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၌ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဟိုတယ် ၄၅ လုံးနှင့် အခန်းပေါင်း ၁၄၀၂ ခန်း ရှိကြောင်း သိရသည်။

Most Read

Most Recent