လက်ရှိဘဏ္ဍာနှစ်ကုန်ရန် နှစ်လအလိုတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၂၁ ဘီလျံကျော် ရှိပြီး လျာထားချက်ပမာဏ၏ ရာခိုင်နှုန်း ၈၀ ကျော်ကို ကုန်သွယ်မှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ကုန်သွယ်မှု စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပမာဏ စုစုပေါင်း ဒေါ်လာ ၈၁၇၅ ဒသမ ၉၈၄ သန်း (ဒေါ်လာရှစ်ဘီလျံကျော်) ရှိပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ သွင်းကုန် တင်သွင်းမှု ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၁၂၉၆၇ ဒသမ ၈၆၇ သန်း (ဒေါ်လာ ၁၂ ဘီလျံကျော်) ရှိကြောင်း သိရသည်။
ကုန်သွယ်မှု လမ်းကြောင်းအလိုက် ကုန်သွယ်မှုပမာဏမှာမူ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှု ပမာဏဒေါ် လာ ၄၇၆၇ ဒသမ ၅ သန်းနှင့် သွင်းကုန် တင်သွင်းမှုပမာဏ ဒေါ်လာ ၁၀၉၀၄ ဒသမ ၇၂၄ သန်းရှိကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၅၆၇၂ ဒသမ ၂၂၄ သန်းရှိ ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှမူ ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၃၄၀၈ ဒသမ ၄၈၄ သန်း၊ သွင်းကုန် တင်သွင်းမှု ပမာဏ ဒေါ်လာ ၂၀၆၃ ဒသမ ၁၄၃ သန်းရှိပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၅၄၇၁ ဒသမ ၆၂၇ သန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အဓိကအားဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်နေခြင်းဖြစ်ကာ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ ဥရောပနိုင်ငံများနှင့်အမေရိကနိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပို့ကုန်တင်ပို့မှုအပိုင်းတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်တင်သွင်းမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းအရ သိရသည်။
ဘဏ္ဍာနှစ်ကုန်ရန် နှစ်လအလိုတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး လျာထားပမာဏ၏ ရာခိုင်နှုန်း ၈၀ ကျော် ကုန်သွယ်မှု ပြုလုပ်ထားခြင်းဖြစ်










