ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကမ္ဘာ့ရွှေဈေး ဆက်လက် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၇၀၀၀၀ နီးပါး ပေါက်ဈေးရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးမှာ ဇန်နဝါရီ ၂ ရက်က တစ်အောင်စလျှင် ဒေါ်လာ ၁၀၆၀ ရှိပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၀၉၁ ဒေါ်လာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ၁၀၈၉ ဒေါ်လာနှင့် ဇန်နဝါရီ ၂၀ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၀၉၆ ကျော်၊ ဇန်နဝါရီ ၂၃ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၀၉၇ ဒေါ်လာသို့ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂၅ ရက်တွင် တစ်အောင်စလျှင် ဒေါ် လာ ၁၁၀၁ ဝန်းကျင်ရှိနေကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ယခင်တစ်ပတ်က ပြည်တွင်းဈေးကွက်အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၆၅၀၀ ရှိရာမှ ကျပ် ၇၆၅၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ယခုဇန်နဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ အမြင့်ဈေးပင် ဆက်လက် ဖြစ်ပေါ်နေခြင်းကြောင့် ပြည်တွင်းအခေါက်ရွှေဈေးမှာ ကျပ် ၇၇၀၀၀၀ နီးပါး အထိ ပေါက်ဈေး ရှိနေခြင်း ဖြစ်သည်။
"ကမ္ဘာ့ရွှေဈေးက တက်နေတော့ ပြည်တွင်းဈေးလည်း လိုက်တက်နေတာ"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။ ဇန်နဝါရီ ၂၅ ရက် ပြည်တွင်းရွှေဈေးကွက်အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၇၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၂၁၀၀၀ ဝန်းကျင်ရှိကြောင်း ဦးထုံ ရွှေပန်းထိမ်ရွှေဆိုင်မှ သိရသည်။
ကမ္ဘာ့ရွှေဈေး ဆက်လက် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၇၇၀၀၀၀ နီးပါး ပေါက်ဈေးရှိလာ










