လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ကိုးသိန်းနီးပါး တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော် ရရှိခဲ့

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ကိုးသိန်းနီးပါး တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော် ရရှိခဲ့
Published 24 January 2016
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ကိုးသိန်းနီးပါး တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော် ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့်  တစ်သိန်းခြောက်သောင်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ယခင်နှစ် ကာလတူထက် တန်ချိန် ၁၆၀၄၂၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅ သန်းကျော် လျော့ကျနေကြောင်း သိရသည်။အဆိုပါ ကာလအတွင်း ပြည်ပသို့ ဆန်ကွဲတင်ပို့မှု အနေဖြင့် တန်ချိန် ၂၉၈၃၅၁ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၂ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် ၅၈၈၉၉ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ရန်ကုန်အခြေစိုက် ဝါးတန်းကုန်စည်ဒိုင်သို့ ဆန်ချောဖြစ်သည့် ပေါ်ဆန်းဆန် အဟောင်းများ ဒိုင်သို့ အဝင်နည်းပြီး ပေါ်ဆန်းဆန် အသစ်များကို အဝယ်များကာ ဒိုင်သို့ ဆန်သစ် အဝင်ပုံမှန်ရှိပြီး ဝယ်လိုအား နည်းလျက်ရှိကြောင်း သိရသည်။ဆန်ကြမ်းဖြစ်သည့် ဧည့်မထဆန် အသစ်များမှာ တစ်အိတ်လျှင် ကျပ် ၂၁၀၀၀၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ ဈေးရှိကြောင်း၊ ဆန်ကြမ်းအဝင်နည်းပြီး အဝယ်ပါးကာ ဆန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။မူဆယ်ဈေးကွက် အနေဖြင့်မူ နယ်စုံမှ နေ့စဉ်ဆန်တန်ချိန် ပျှမ်းမျှအားဖြင့် ၁၀၀၀ မှ ၂၀၀၀ ကြား ဝင်ရောက်နေကြောင်း၊ သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆန်တန်ချိန် အဝင်နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ပြည်ပသို့ မြန်မာ့ဆန် တင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ ခန့်ရှိကြောင်း သိရသည်။ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁၀၈၇ တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှ ဒေါ်လာ ၅၂၈ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၆၆၄၁၄ ခန့်တင်ပို့မှုမှ ဒေါ်လာ သန်း ၃၈၀ ကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၆၅၀၀၀ တန် တင်ပို့မှုမှ ဒေါ်လာ ၅၀၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။               

Most Read

Most Recent