ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အတွင်းရှိ ATM စက်မှ ငွေ ၁၈ သိန်းကျပ်ကို ငွေထုတ်ကတ်အတုဖြင့် ခိုးထုတ်ခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံသားတစ်ဦးကို ဇန်နဝါရီ ၂၁ ရက်က ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် စွပ်စွဲခံရသူ ဘူလ်ဂေးရီးယား နိုင်ငံသားမှ ဘူလ်ဂေးရီးယား ဘာသာစကားနှင့် မြန်မာဘာသာစကား နားလည်သည့် ၎င်း၏စကားပြန်ကို တရားရုံးတွင် ဘာသာပြန်ခွင့်ပြုရန် မြို့နယ်တရားသူကြီးထံ လျှောက်ထားခဲ့ကြောင်း သိရှိပြီး တရားရုံးချိန်းသို့ ဘူလ်ဂေးရီးယား နိုင်ငံသား၏ အစ်မဖြစ်သူ လာရောက်ခဲ့ကြောင်း သိရသည်။
“မြို့နယ်တရားသူကြီး ရောက်လာပြီဆိုတော့ အမှုကို ဒီတရားခွင်မှာပဲ စစ်ဆေးတော့မှာပါ။ ဘူလ်ဂေးရီးယား နိုင်ငံသားကလည်း အင်္ဂလိပ်ဘာသာစကား ကောင်းမွန်စွာ မပြောတတ်တော့ သူ့ဘာသာစကား နားလည်တဲ့ မြန်မာဘာသာစကား နားလည်တဲ့ ဘာသာပြန်ကို တရားသူကြီးထံ တင်ပြခဲ့ပါတယ်။ လက်ရှိက ဘာသာစကား အခက်အခဲရှိတော့ အမှုစစ်ဆေးမှု မရှိသေးပါဘူး”ဟု တရားရုံးတွင် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြား သည်။
လက်ရှိအချိန်တွင် ကမာရွတ်မြို့နယ် တရားရုံးတွင် ဘူလ်ဂေးရီးယား နိုင်ငံသားအား ပုဒ်မ ၃၈၀၊ လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က လှည်းတန်းစိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာရှေ့ရှိ ATM စက်များရှေ့တွင် TK.MAXX တစ်ကတ်စီတွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ဌာနမှ လက်ထောက်မန်နေဂျာမှ ယင်းကတ်နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးခဲ့ရာ ဗီဇာကတ် Data များ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးချက်များအရ လှည်းတန်းစင်တာရှိ ATM စက်နှင့် လှည်းတန်းစိန်ဂေဟာရှေ့ရှိ ATM စက်တို့တွင် ဘူလ်ဂေးရီးယား နိုင်ငံသားတစ်ဦးမှ နိုင်ငံခြားမှ ယူဆောင်လာသော ငွေထုတ်ကတ်အတုများ ဖြစ်သည့် VISA ကတ်အတု၊ MASTRO ကတ်အတုနှင့် MASTER ကတ်အတုတို့ဖြင့် စုစုပေါင်း ငွေကျပ် ၁၈ သိန်းအား ထုတ်ယူ သွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထို့အပြင် ယင်းဘူဂေးရီးယား နိုင်ငံသားမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ကမ္ဘောဇ ATM စက်မှ ငွေကျပ် (၄၀၀၀၀၀)အား ငွေထုတ်ကတ် အတုဖြင့် ထုတ်ယူခဲ့သည့် အပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်း ကမ္ဘောဇဘဏ်ခွဲရှိ ATM စက်မှ ငွေကျပ်(၅၀၀၀၀၀)အား ငွေထုတ်ကတ်အတုဖြင့် ထပ်မံ ခိုးထုတ်ခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
ATM စက်မှ ငွေထုတ်ကတ်အတုဖြင့် ကျပ် ၁၈ သိန်း ခိုးထုတ်မှုကြောင့် တရားစွဲခံထားရသော ဘူလ်ဂေးရီးယားနိုင်ငံသားက ၎င်း၏စကားပြန်ကို ခွင့်ပြုပေးရန် တရားသူကြီးထံ တင်ပြ