မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နိုင်ငံခြားသားများ ရုံးခန်းငှားရမ်းမှု မြင့်တက်နေ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နိုင်ငံခြားသားများ ရုံးခန်းငှားရမ်းမှု မြင့်တက်နေ
Published 17 January 2016
စောရည်နန္ဒာ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နိုင်ငံခြားသားများ ရုံးခန်းငှားရမ်းမှု မြင့်တက်နေကြောင်း House.com.mm သတင်းထုတ်ပြန်ချက်အရ သိရသည်။ံHouse.com.mm သတင်းအချက်အလက်များအရ လုပ်ငန်းသုံး အခန်းနေရာများ၊ (Commercial space) စုံစမ်းမှုများမှာ ယခင် နှစ်လကျော်နှင့်ယှဉ်လျှင် ရာခိုင်နှုန်း၂၀ မြင့်တက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံခြားသားများ အနေဖြင့် ရုံးခန်းများရှာဖွေသည့်အခါ တည်နေရာ၊ ကုန်ကျစရိတ်နှင့် အင်တာနက်ကောင်းမွန်သည့်နေရာများကို အဓိကဦးစားပေး ရှာဖွေကြောင်း သိရသည်။“ကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ကိုင်နေတာတွေကို လိုက်ပြီး နေရာတွေ ကွဲလွဲသွားပါတယ်။ အိုင်တီကုမ္ပဏီတွေအနေနဲ့ အင်တာနက်ကောင်းကောင်း ရနိုင်မယ့် နေရာမျိုးတွေ၊ အချို့ကုမ္ပဏီတွေဆိုရင် မြို့ထဲလိုနေရာတွေနဲ့ အစိုးရရုံးနဲ့ နီးတဲ့နေရာတွေ၊ Logistic ကုမ္ပ ဏီတွေဆိုရင် Custom House နဲ့ နီးနီးနားနားတွေကို ယေဘုယျအားဖြင့် ရွေးချယ်တတ်လာပါတယ်။ အင်တာနက်ကောင်းကောင်းရနိုင်မယ့်နေရာနဲ့ မီးရရှိနိုင်မယ့် နေရာတွေကို အများဆုံး ရှာဖွေငှားရမ်းလာကြပါတယ်”ဟု House.com.mm  ၏ မန်နေဂျာဖြစ်သူ ဦးအောင်ကိုကိုဦးက ပြောကြားသည်။ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းတွင် မြန်မာ့အိမ်ခြံမြေဈေးကွက် အခြေအနေမှာ တဖြည်းဖြည်းနှင့် ပိုမိုကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲလာပြီး နိုင်ငံတကာမှ စိတ်ဝင်စားမှု မြင့်တက်လာခြင်း၊ လုပ်ငန်းသုံးမြေနေရာ ဝယ်လိုအား မြင့်တက်လာခြင်းတို့ ဖြစ်သည်။“လုပ်ငန်းတွေအနေနဲ့ကတော့ အမြန်ဆုံး ပြောင်းရွှေ့လို့ရနိုင်တဲ့ အဆင့်သင့်ဖြစ်နေတဲ့ အခန်းနေရာမျိုးတွေကို ပိုပြီးတော့ နှစ်သက်ကြပါတယ်။ အခန်းပိုင်ရှင်တွေအနေနဲ့ မြန်ဆန်တဲ့ ဝန်ဆောင်မှုအပြည့်အဝပေးတာမျိုးတွေ ရှိရင်တော့ ထိုက်သင့်တဲ့ ဈေးကောင်းပေးပြီး အငှားဖြစ်သွားတာမျိုးတွေ ရှိပါတယ်”ဟု House.com.mm  မန်နေဂျင်းဒါရိုက်တာဖြစ်သူ  Mr.BalaJi  Rmaswami  က ပြောကြားသည်။House.com.mm ဝက်ဘ်ဆိုဒ်အနေဖြင့် အိမ်ခြံမြေဝယ်လိုအားနှင့် အိမ်ခြံမြေရောင်းလိုအား နှစ်ခုကို ပွင့်လင်းမြင်သာမှုဖြင့် ချိတ်ဆက်ပေးနိုင်ရန် ဝက်ဘ်ဆိုက်အနေဖြင့် ထားရှိရုံသာမက အိမ်ခြံမြေရှာဖွေသူများ လွယ်ကူစွာဖြင့် ရှာဖွေနိုင်ရန်နှင့် အသေးစိတ် သိရှိနိုင်ရန် အကူအညီပေးခြင်းများအတွက်လည်း call4ome အစီအစဉ်ကို ထားရှိပေးထားပြီး ဖုန်းနံပါတ် ၀၉-၄၅၀၀၀၀၄၁၄ သို့ အိမ်ခြံမြေအကြောင်းအရာများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent