၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အသုံးစရိတ် မူလလျာထားငွေ ကျပ်ဘီလျံ ၂၁၃၇၀ မှ ကျပ် ၆၂၉ ဘီလျံ ဖြတ်တောက်ခွင့်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အသုံးစရိတ် မူလလျာထားငွေ ကျပ်ဘီလျံ ၂၁၃၇၀ မှ ကျပ် ၆၂၉ ဘီလျံ ဖြတ်တောက်ခွင့်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း
Published 13 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အသုံးစရိတ် မူလလျာထားငွေ ကျပ်ဘီလျံ ၂၁၃၇၀ မှ ကျပ် ၆၂၉ ဘီလျံ ဖြတ်တောက်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇန်နဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည်။အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် စိစစ်ပူးပေါင်း အဖွဲ့များ၏ ပြင်ဆင်အဆိုပြုချက်များအပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ထပ်မံစိစစ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စု၏ အသုံးစရိတ် မူလလျာထား တောင်းခံငွေကျပ် ၂၁၃၇၀၉၆၃ ဒသမ ၈၈၃ သန်းမှ ငွေလုံးငွေရင်း ကျပ် ၆၀၉၅၃၅ ဒသမ ၅၆၅ သန်း၊ သာမန် အသုံးစရိတ် ကျပ် ၆၆၂၂၈ ဒသမ ၈၈ သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၁၂၈၄၁ ဒသမ ၉၂ သန်း စုစုပေါင်း ကျပ် ၆၂၉၀၀၀ ဒသမ ၃၆၅၄ သန်း ဖြတ်တောက်ခွင့်ပြုရန် ဥပဒေကြမ်း ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ ဖြတ်တောက်မှုမှာ ပြည်ထောင်စုလွှတ်တော်မှ ကျပ် ၅၉၁ ဒသမ ၁ သန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျပ် ၁၀၉၅၅၀ ဒသမ ၇၈၃ သန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ကျပ် ၈၀၀၀၁ ဒသမ ၂၈၅ သန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ကျပ် ၂၃၁၈၃ ဒသမ ၉၇ သန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကျပ် ၂၄၄၁၅ သန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနမှ ကျပ် ၆၄ ဒသမ ၂၅ သန်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ကျပ် ၁၄၈၄၁၅ ဒသမ ၀၉၉ သန်း၊ စက်မှုဝန်ကြီးဌာနမှ ကျပ် ၇၅၃၇၂ ဒသမ ၂၁ သန်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကျပ် ၅၅၉၅ ဒသမ ၂၆၉ သန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ကျပ် ၉၁၉ ဒသမ ၃၇၅ သန်း ဖြတ်တောက်ရန်တို့ ဖြစ်သည်။အလားတူ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကျပ် ၇၇၉၆၆ ဒသမ ၆၇၅ သန်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကျပ် ၄၁၀၀၃ သန်း၊ နေပြည်တော် ကောင်စီမှ ကျပ် ၁၂၃၆ ဒသမ ၂၈ သန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၁၇၃ ဒသမ ၂၅၉ သန်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကျပ် ၂၉၀ ဒသမ ၇၅ သန်း၊ သမဝါယမ ဝန်ကြီးဌာနမှ ကျပ် ၇၇ ဒသမ ၉၆၁ သန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ကျပ် ၄၆၆ ဒသမ ၉၇၂ သန်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သန်း ၄၇၀၊ အားကစား ဝန်ကြီးဌာနမှ ကျပ် ၁၃၇ ဒသမ ၅၂၉ သန်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ကျပ် ၁၉၆၀၄ ဒသမ ၇၉၈ သန်းတို့ကို ဖြတ်တောက်ခွင့်ပြုရန် ဥပဒေကြမ်းကော်မတီက လွှတ်တော်သို့ တင်သွင်းသည်။နိုင်ငံတော်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်း အခြေအနေမှာ ရငွေပိုင်းတွင် ပြည်ထောင်စုမှ ကျပ် ၁၇၄၄၈ ဒသမ ၆၉ ဘီလျံ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျပ် ၂၂၄၉ ဒသမ ၇၃၁ ဘီလျံ စုစုပေါင်းရငွေ ၁၉၆၉၈ ဒသမ ၄၂၁ ဘီလျံ၊ သုံးငွေပိုင်းတွင် ပြည်ထောင်စုမှ ကျပ်၂၁၃၇၀ ဒသမ ၉၆၄ ဘီလျံ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျပ် ၂၂၄၉ ဒသမ ၇၃၁ ဘီလျံ၊ စုစုပေါင်း သုံးငွေမှာ ၂၃၆၂၀ ဒသမ ၆၉၅ ဘီလျံဖြစ်ပြီး လိုငွေမှာ ကျပ် ၃၉၂၂ ဒသမ ၂၇၄ ဘီလျံ လိုငွေ ဖြစ်ပေါ်မည်ဟု ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ သိရသည်။ဥပဒေကြမ်းပါ ပြည်ထောင်စု၏ အသုံးစရိတ်များမှ ကျပ် ၃၇၅၀၉ ဒသမ ၉၇၅ သန်း ဖြတ်တောက်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူလက အဆိုတင်သွင်းခဲ့ပြီး ယခု ထပ်မံပြင်ဆင် ဖြတ်တောက်မှုသည် မူလဖြတ်တောက်ရန်ထက် အဆ ၂၀ နီးပါး မြင့်တက်ခဲ့ပြီး ယခင်ဘတ်ဂျက်နှစ်များက ယခုကဲ့သို့ တိကျစွာ ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်မှသာ အတိကျဆုံးနီးပါး ဖြတ်တောက်နိုင်ခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

Most Read

Most Recent