၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသ ဦးဆောင်သူများဖြစ်သည့် ကိုနန်းလင်း၊ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဇန်နဝါရီ ၁၂ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုးဖြစ်သူအား ပြန်လည်စစ်ဆေးခဲ့ပြီး တရားလိုမှ တင်သွင်းသည့် သက်သေခံ ဓာတ်ပုံများ၊ စာရွက်စာတမ်းများအား ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
"ဒီနေ့ တရားလိုကို အဓိက စစ်ချက် စစ်ပြီးသွားပြီ။ အမှုစစ်တဲ့ အနေအထားကတော့ တရားလိုဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကို ပြန်စစ်တယ်။ သက်သေခံ တင်တာကိုလည်း ကျွန်တော့်ဘက်က ကန့်ကွက်စရာရှိတာ ကန့်ကွက်တယ်။ ဒါပေမဲ့ တရားရုံးကတော့ သက်သေခံ ဓာတ်ပုံတွေကို လက်ခံတယ်။ ကျွန်တော်တို့ ကန့်ကွက်တာကတော့ ဒီဓာတ်ပုံတွေကို ဦးဇော်လင်းကိုယ်တိုင် ရိုက်တာမဟုတ်တဲ့အတွက် ကျွန်တော်တို့က ကန့်ကွက်တာပါ။ ကြွေးကြော်သံတွေကို ကျွန်တော်တို့က ကန့်ကွက်တယ်။ စာနဲ့ရိုက်တာဖြစ် တဲ့အတွက် ဖန်တီးရတဲ့ဟာတွေ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ တရားရုံးကတော့ ဦးတိုက်လျှောက်တုန်းကလည်း ဒီစာတမ်း အမှတ်အသား ရှိတယ်ဆိုပြီးတော့ လက်ခံခဲ့တယ်"ဟု ကိုပိုင်ရဲသူ၏ ဥပဒေ အကျိုးဆောင် ရှေ့နေ ဦးနိုင်လင်းဇော်က ဇန်နဝါရီ ၁၂ ရက်က ပြောကြားသည်။
(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ၂၀၁၅ ခုနှစ် ဇွန် ၃၀ ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှစတင်ကာ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ရာ ထိုဆန္ဒပြမှုဖြင့် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅(ခ) တို့ဖြင့် ပန်းဘဲတန်း မြို့နယ်တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသည့် တကသ အဖွဲ့ဝင် ကျောင်းသား ခေါင်းဆောင်သုံးဦး၏ အမှု တရားလိုအား ပြန်လည်စစ်ဆေးပြီး ၎င်း၏ သက်သေခံ တင်သွင်းမှုများကို စွပ်စွဲခံရသူများ၏ ရှေ့နေ ကန့်ကွက်















