ကမ္ဘာ့သက်တမ်း အရင့်ဆုံး ပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရတဲ့ FA ဖလားဟာ တတိယအဆင့်ကို ရောက်ရှိလာပြီး ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်းတွေ စတင်ပါဝင်လာပါတယ်။ ၆၄ သင်း၊ ၃၂ ပွဲ ယှဉ်ပြိုင်ရတဲ့ ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်းချင်း ပြန်လည်တွေ့ဆုံမှု ငါးပွဲ ပါဝင်နေပါတယ်။ FA ဖလားမှာ နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့တဲ့ လက်ရှိချန်ပီယံ အာဆင်နယ် အသင်းကတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်း အသင်းကို လက်ခံကစားရမှာပါ။ FA ဖလားပွဲတွေမှာ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်တတ်ပြီး သရေကျရင် ကွင်းပြောင်း ကစားရမှာဖြစ်လို့ အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်တဲ့အသင်းတွေ သရေခံကစားတတ်တာ သတိပြုရမှာပါ။ဆောက်သမ်တန် နှင့် ခရစ္စတယ်ပဲလေ့စ်(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံ ■ ဆောက်သမ်တန် ၁-၀ ပဲလေ့စ်ဆောက်သမ်တန်က နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးခဲ့သလို၊ ပဲလေ့စ်ကလည်း နောက်ဆုံးသုံးပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ အသင်းလိုက် ဟန်ချက်မှာ ပဲလေ့စ်က ပိုကောင်းပြီး အဝေးကွင်းပွဲတွေမှာ ခြေပိုစွာတတ်ပါတယ်။ ဆောက်သမ်တန်က မာနေ အပြောင်းအရွှေ့နဲ့လည်း မတည်မငြိမ် ဖြစ်နေလို့ ပဲလေ့စ်ကိုပဲ ရွေးထားတယ်။ဒွန်ကက်စတာ နှင့် စတုတ်စီးတီး(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ ဒွန်ကက်စတာ ၄-၀ စတုတ်League Two ကလပ် ဒွန်ကက်စတာ လက်ရှိပြိုင်ပွဲမှာ ပုံစံကောင်းရနေပေမယ့် ပရီးမီးယားလိဂ် အသင်းနဲ့တော့ ယှဉ်ကစားဖို့ ခက်ပါတယ်။ စတုတ်စီးတီးက နောက်ဆုံးသုံးပွဲမှာ မန်ယူ၊ အဲဗာတန်တို့လို အသင်းတွေကိုတောင် အနိုင်ယူထားတာပါ။ ဒွန်ကက်စတာ အိမ်ကွင်းဆိုပေမယ့် စတုတ်စီးတီးပဲ နိုင်ဖို့များပါတယ်။ ဂိုးလည်း များသွားနိုင်တယ်။ဝက်ဖို့ဒ် နှင့် နယူးကာဆယ်(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ ဝက်ဖို့ဒ် ၁-၂ နယူးကာဆယ်ဝက်ဖို့ဒ်က ပွဲကျပ်ကြောင့် ရှုံးပွဲဆက်နေပေမယ့် အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့တယ်။ နယူးကာဆယ်ကတော့ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ အာရုံစိုက်ဖို့ရှိပြီး FA ဖလားကို ဖိဖိစီးစီး ကစားမယ် မထင်ပါဘူး။ တိုက်စစ်မှူး အများစု ဒဏ်ရာရနေတာကြောင့်လည်း နယူးကာဆယ် ဂိုးရဖို့ ရုန်းကန်နေရတယ်။ ဝက်ဖို့ဒ်ကို ကြိုက်ပါတယ်။အာဆင်နယ် နှင့် ဆန်းဒါးလန်း(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ ■ အာဆင်နယ် ၃-၁ ဆန်းဒါးလန်းအာဆင်နယ်က ဒဏ်ရာပြဿနာတိုး မလာဖို့ ဒီပွဲမှာ အဓိက ကစားသမားတွေကို အနားပေးဖို့ များတယ်။ ကြားရက်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ကို ပိုပြီးအာရုံစိုက်ဖို့ ရှိပါတယ်။ တန်းဆင်းဇုန်ထဲက ဆန်းဒါးလန်းလည်း လူစုံထုတ်ဖို့ မရှိလို့ ဒီပွဲက အရံတွေ ပြိုင်ကြမယ့်ပွဲ ဖြစ်နိုင်ပါတယ်။ အာဆင်နယ် ကပ်နိုင်သွားမယ်ထင်တယ်။အဲဗာတန် နှင့် ဒါဂင်ဟမ်(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ မရှိအဲဗာတန်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းပေမယ့် ရလဒ်ပိုင်းဆိုးနေတယ်။ ဒါပေမဲ့ ဖလားပွဲတွေမှာ ခြေစွမ်းပြနေပြီး လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ မန်စီးတီးလို အသင်းကို အနိုင်ရထားတယ်။ ဒါဂင်ဟမ်ကတော့ League Two မှာတောင် တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အသင်းပါ။ အဲဗာတန် ဂိုးပြတ်နိုင်မှာ သေချာပါတယ်။ နောဝစ်ချ် နှင့် မန်စီးတီး(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ နောဝစ်ချ် ဝ-၀ မန်စီးတီးမန်စီးတီးမှာ အသင်းကြီး တစ်သင်းနဲ့ လျော်ညီတဲ့ အဝေးကွင်း ခြေစွမ်းမရှိဘူး။ ပြိုင်ပွဲစုံ အဝေးကွင်းနောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပါတယ်။ နောဝစ်ချ်ကတော့ နောက်ပိုင်းပွဲတွေမှာ ခြေတက်လာပြီး အိမ်ကွင်းမှာလည်း နိုင်ပွဲဆက်နေတယ်။ လိဂ်ဖလားမှာ ရှုံးခဲ့တဲ့ မန်စီးတီး FA ဖလားမှာ ခြေကုန်ထုတ် ကန်နိုင်ပေမယ့် ကပ်နိုင်ဖို့ပဲ များပါတယ်။ ဝက်စ်ဟမ်း နှင့် ဝုလ်ဗ်(၉-၁-၂၀၁၆ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ ဝက်စ်ဟမ်း ၂-၀ ဝုလ်ဗ်ဝက်စ်ဟမ်းက ရာသီစက ခြေစွမ်းမျိုး ပြန်ရနေပါပြီ။ အဓိက ကွင်းလယ်လူ ပါယက်လည်း ပြန်ကစားနိုင်ပြီဖြစ်လို့ ဝက်စ်ဟမ်း ပိုကောင်းလာဖို့ ရှိပါတယ်။ ဒါပေမဲ့ လိဂ်ချန်ပီယံ ရှစ်ကလပ် ဝုလ်ဗ်ကလည်း ပရီးမီးယားလိဂ်နဲ့ မစိမ်းတဲ့အသင်းပါ။ လက်ရှိအချိန်မှာလည်း ပုံစံကောင်းရနေပါတယ်။ ဝက်စ်ဟမ်းနိုင်မှာ ဖြစ်ပေမယ့် ဂိုးမပြတ်နိုင်ပါဘူး။မန်ယူ နှင့် ရှက်ဖီးယူနိုက်တက်(၉-၁-၁၆ စနေ ည ၁၂း၀၀)နောက်ဆုံးတွေ့ဆုံမှု ■ မန်ယူ ၂-၀ ရှက်ဖီးဗန်ဟားလ်လက်ထက် မန်ယူအသင်းက ဖလားပွဲဆိုရင် ယုံကြည်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ပြိုင်ဘက်အသင်းမရွေးဘဲ ခြေချော်တတ်ပါတယ်။ အခုလည်း ရှက်ဖီးယူနိုက်တက်က League One ကလပ်ဆိုပေမယ့် ခြေစွမ်းမဆိုးပါဘူး။ မန်ယူအသင်းသာ အရန်တွေနဲ့ ပွဲထွက်လာရင် ရှက်ဖီးယူနိုက်တက်ကို ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။ချယ်လ်ဆီး နှင့် စကန်သော့ပ်(၁၀-၁-၁၆ တနင်္ဂနွေ ည ၈း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ ချယ်လ်ဆီး ၃-၁ စကန်သော့ပ်ချယ်လ်ဆီးက ယာယီနည်းပြ ဟစ်ဒင့်လက်ထက်မှာ တည်ငြိမ်လာပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ တာစူနေပြီ။ FA ဖလားကလည်း ဟစ်ဒင့် တစ်ချိန်က အောင်ပွဲခံနိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ဘက်ကလည်း League One ကလပ် စကန်သော့ပ်ဖြစ်နေလို့ ချယ်လ်ဆီးအတွက် အခက်အခဲ မရှိနိုင်ပါဘူး။ ချယ်လ်ဆီးကိုပဲ ရွေးချယ်ထားပါတယ်။စပါး နှင့် လက်စတာ(၁၀-၁-၁၆ တနင်္ဂနွေ ည ၁၀း၃၀)နောက်ဆုံးတွေ့ဆုံမှု ■ စပါး ၄-၃ လက်စတာစပါးအသင်းက ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်း ထောင်တက်လာပြီး ယုံကြည်မှု မြင့်မားနေပါတယ်။ လက်စတာကတော့ ဗာဒီ ဒဏ်ရာရသွားပြီး ရလဒ်ပိုင်းလည်း တအိအိနဲ့ ပြန်ကျနေလို့ စိတ်ဓာတ်ပိုင်း ယိမ်းယိုင်နေနိုင်ပါတယ်။ စပါး လူစုံမထုတ်ခဲ့ရင်တောင် အိမ်ကွင်းမှာ လက်စတာကို အနိုင်ရဖို့ မခက်ခဲနိုင်ဘူး။ အပြန်အလှန်ဂိုးတွေ ဖြစ်နိုင်ပါတယ်။
၁၃၅ ကြိမ်မြောက် ကမ္ဘာ့သက်တမ်း အရင့်ဆုံးပြိုင်ပွဲ FA ဖလားမှာ ပရီးမီးယားလိဂ် အသင်းတွေ ပါဝင်လာတဲ့ ရက်သတ္တပတ်