မတ် ၁၈ ရက်တွင် ထိုးသတ်မည့် MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် အမေရိကန်နိုင်ငံသားတို့ ထိုးသတ်မည်
လာမည့် မတ် ၁၈ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်မည့် MMA ပြိုင်ပွဲနှင့် ပတ်သက်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ကန်တော်ကြီးပဲ့လေ့စ် ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ယင်းပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန် ပါဝင်ထိုးသတ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျိတ်ဘတ်လာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထို့ပြင် မြန်မာလက်ဝှေ့ ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။