ပရီးမီးယားလိဂ် ၂၄ ရာသီမြောက် ၂၀၁၅-၁၆ ရာသီ ပထမရာသီဝက် ကုန်ဆုံးခဲ့ပြီး အာဆင်နယ် အသင်းက ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒုတိယရာသီဝက် ပထဆုံးပွဲစဉ်ဖြစ်တဲ့ ပွဲစဉ် ၂၀ ကို ယှဉ်ပြိုင်ကစားမှာပါ။ ဒုတိယရာသီဝက် အဖွင့်ပွဲမှာ အသင်းကြီးချင်း တွေ့ဆုံတဲ့ပွဲ မပါဝင်ပေမယ့် အဝေးကွင်းမှာ ကစားရမယ့် အသင်းကြီးတချို့ ရုန်းကန်ရနိုင်ပါတယ်။ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့ဟာ ဝက်စ်ဟမ်း၊ ဝက်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်တို့ကွင်းမှာ ကစားရမှာဖြစ်ပြီး လက်ရှိခြေစွမ်း၊ အိမ်ကွင်း အဝေးကွင်း ခြေစွမ်းတွေနဲ့ ချိန်ထိုးကြည့်ရင် အိမ်ရှင်အလေးသာနေပါတယ်။ပရီးမီးယားလိဂ် ပွဲစဉ် (၂၀)၂/၃-၁-၂၀၁၆
ဝက်စ်ဟမ်း - လီဗာပူးလ်ဆန်းဒါးလန်း - အက်စတွန်ဗီလာလက်စတာ - ဘုန်းမောက်အာဆင်နယ် - နယူးကာဆယ်နောဝစ်ချ် - ဆောက်သမ်တန်ဝက်စ်ဘရွန်း - စတုတ်စီးတီးမန်ယူ - ဆွမ်ဆီးဝက်ဖို့ဒ် - မန်စီးတီးခရစ္စတယ်ပဲလေ့စ် - ချယ်လ်ဆီးအဲဗာတန် - စပါးဝက်စ်ဟမ်း နှင့် လီဗာပူးလ်(၂-၁-၂၀၁၆ စနေ ည ရး၁၅)ပ-ကျော့ရလဒ် ■ လီဗာပူးလ် ဝ-၃ ဝက်စ်ဟမ်းဝက်စ်ဟမ်းက ဆောက်သမ်တန်နဲ့ပွဲမှာ ပါယက်မပါဘဲ ပထမဆုံး နိုင်ပွဲရရှိခဲ့ပါတယ်။ အိမ်ကွင်းမှာလည်း ခုနစ်ပွဲဆက် ရှုံးပွဲမရှိ ကစားထားပါတယ်။ လီဗာပူးလ်ရဲ့ အဝေးကွင်း ခြေစွမ်းက စိတ်ချရတဲ့ အနေအထားမှာ မရှိလို့ ဝက်စ်ဟမ်းကိုပဲ ရွေးချယ်ချင်ပါတယ်။ဆန်းဒါးလန်း နှင့် အက်စတွန်ဗီလာ(၂-၁-၂၀၁၆ စနေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ ဗီလာ ၂-၂ ဆန်းဒါးလန်းဆန်းဒါးလန်း ငါးပွဲဆက် ရှုံးနိမ့်ခဲ့သလို၊ အက်စတွန်ဗီလာကလည်း ၁၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ အစဉ်အလာပိုင်းမှာတော့ ဗီလာသာပြီး လိဂ်ပွဲ နောက်ဆုံး ကိုးပွဲ တွေ့ဆုံမှုမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ နှစ်သင်းစလုံး အနိုင်ရနိုင်ခြေ မရှိလို့ သရေပဲ မှန်းပါတယ်။လက်စတာ နှင့် ဘုန်းမောက်(၂-၁-၂၀၁၆ စနေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ ဘုန်းမောက် ၁-၁ လက်စတာလက်စတာရဲ့ ၁၈ ပွဲဆက် ဂိုးသွင်းနိုင်မှု ရပ်တန့်သွားခဲ့ပြီး နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တယ်။ ဘုန်းမောက်လည်း ခြေစွမ်းမညံ့တဲ့ အသင်းအဖြစ် သက်သေပြနေပေမယ့် လက်စတာ နိုင်ပွဲပြန်ရှာရမယ့် အချိန်ဖြစ်နေတယ်။ လက်စတာကိုပဲ ကြိုက်တယ်။အာဆင်နယ် နှင့် နယူးကာဆယ်(၂-၁-၂၀၁၆ စနေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ နယူးကာဆယ် ဝ-၁ အာဆင်နယ်အာဆင်နယ်က နယူးကာဆယ်ကို ရှစ်ပွဲဆက် အနိုင်ရခဲ့သလို၊ အာစင်ဝင်းဂါးကလည်း မက္ကလာရင်ကို လိဂ် ၁၁ ပွဲတွေ့ဆုံမှုမှာ ၁၀ ပွဲ အထိ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာဆိုရင် ဂိုးလည်းမြူးလေ့ရှိတာကြောင့် အနိမ့်ဆုံး နှစ်ဂိုးပြတ် နိုင်မှာပါ။နောဝစ်ချ် နှင့် ဆောက်သမ်တန်(၂-၁-၂၀၁၆ စနေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ ဆောက်သမ်တန် ၃-၀ နောဝစ်ချ်ဆောက်သမ်တန်က မထင်မှတ်ဘဲ အာဆင်နယ်ကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဝက်စ်ဟမ်းကို ရှုံးပြီး ပြန်လည်ကျဆင်းသွားတယ်။ နောက်ဆုံး ၁၀ ပွဲတွေ့ဆုံမှုမှာ နောဝစ်ချ် နိုင်ပွဲ တစ်ပွဲသာ ရှိခဲ့ပေမယ့် လက်ရှိခြေစွမ်းအရ နောဝစ်ချ်ကို ပိုကြိုက်ပါတယ်။ ဝက်စ်ဘရွန်း နှင့် စတုတ်စီးတီး(၂-၁-၂၀၁၆ စနေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ စတုတ်စီးတီး ဝ-၁ ဝက်စ်ဘရွန်းစတုတ်စီးတီးက မန်ယူ၊ အဲဗာတန်တို့နဲ့ ပွဲကျပ်နှစ်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရပြီး တိုက်စစ်ကလည်း ခုနစ်ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းကတော့ အိမ်ကွင်းမှာ ရှုံးပွဲများတဲ့ အသင်းတွေထဲ ပါဝင်နေတယ်။ စတုတ်စီးတီးပဲ အနိုင်ရဖို့များတယ်။ မန်ယူ နှင့် ဆွမ်ဆီး(၂-၁-၂၀၁၆ စနေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ ဆွမ်ဆီး ၂-၁ မန်ယူဆွမ်ဆီးက ဗန်ဟားလ်လက်ထက်မှာ မန်ယူပွဲတိုင်း ရှုံးနိမ့်ခဲ့တဲ့ အသင်းပါ။ သုံးပွဲတွေ့ဆုံခဲ့ပြီး သုံးပွဲစလုံး ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိခြေစွမ်းပိုင်းမှာ နှစ်သင်းစလုံး အားရစရာ မရှိပေမယ့် အိမ်ကွင်းမှာ မန်ယူ ရုန်းကန်ပြီး နိုင်ပွဲပြန်ရှာမယ်ထင်တယ်။ ဝက်ဖို့ဒ် နှင့် မန်စီးတီး(၂-၁-၂၀၁၆ စနေ ည ၁၂း၀၀)ပ-ကျော့ရလဒ် ■ မန်စီးတီး ၂-၀ ဝက်ဖို့ဒ်အဝေးကွင်း ခြောက်ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ မန်စီးတီးအတွက် ခက်ခဲမယ့်ပွဲပါ။ ဝက်ဖို့ဒ်တိုက်စစ်က ပုံမှန်ဂိုးသွင်းခြေရှိတာကြောင့် အဝေးကွင်းမှာ ဂိုးပေါက်ပျောက်တတ်တာ များနေတဲ့ မန်စီးတီး ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ ဝက်ဖို့ဒ်ကို ရွေးထားတယ်။ခရစ္စတယ်ပဲလေ့စ် နှင့် ချယ်လ်ဆီး(၃-၁-၂၀၁၆ တနင်္ဂနွေ ည ၈း၀၀)ပ-ကျော့ရလဒ် ■ ချယ်လ်ဆီး ၁-၂ ပဲလေ့စ်ရာသီအစပိုင်းမှာ ဆိုးရွားခဲ့တဲ့ ခံစစ်ကြောင်းကို ပဲလေ့စ် ပြုပြင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံး ခြောက်ပွဲဆက် ရှုံးပွဲမရှိ ကစားထားပါတယ်။ အဝေးကွင်း ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ချယ်လ်ဆီး အမြင့်ဆုံး သရေလောက်ပဲ ရပါမယ်။အဲဗာတန် နှင့် စပါး(၃-၁-၂၀၁၆ တနင်္ဂနွေ ည ၁၀း၃၀)ပ-ကျော့ရလဒ် ■ စပါး ဝ-၀ အဲဗာတန်ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် စပါး ရွက်ကုန်ဖွင့် ကစားနေပါတယ်။ အဲဗာတန်ကတော့ တိုက်စစ်စိတ်ချရပေမယ့် ခံစစ်ပိုင်း အမှားများနေတယ်။ လိဂ်ပွဲတွေမှာလည်း စပါးကို ခြောက်ပွဲဆက် အနိုင်မရခဲ့ပါဘူး။ စပါး အနိုင်ရဖို့များပြီး သရေလည်း ကျနိုင်ပါတယ်။
ဒုတိယရာသီဝက် အဖွင့်ပွဲမှာ အသင်းကြီးတချို့ ရုန်းကန်ရနိုင်တယ်
Most Read
Most Recent
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago