ဝက်ဖို့ဒ်အသင်း၏ နိုင်ဂျီးရီးယား တိုက်စစ်မှူး အီဂါလိုနှင့် အာဆင်နယ်အသင်း၏ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ အိုဇေးလ်သည် ၂၀၁၅ ခုနှစ်အတွင်း အင်္ဂလန်ပြည်တွင်း ပြိုင်ပွဲများ၌ သွင်းဂိုးအများဆုံးနှင့် ဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ်ရှိ အီဂါလိုသည် ပြီးခဲ့သည့် ဇန်နဝါရီမှ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ ရာသီကုန်ချိန် မေလအထိ ၁၅ ဂိုးသွင်းယူခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၅ ဂိုး သွင်းယူထားကာ စုစုပေါင်းဂိုး ၃၀ ဖြင့် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
အီဂါလိုသည် နိုဝင်ဘာ ၂၈ ရက်က ကစားခဲ့သည့် ဗီလာနှင့်ပွဲမှ စတင်ကာ နောဝစ်ချ်၊ ဆန်းဒါးလန်း၊ လီဗာပူးလ် (နှစ်ဂိုး)၊ ချယ်လ်ဆီး၊ စပါးစသည့် ခြောက်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် ခြောက်ပွဲဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံး ဝက်ဖို့ဒ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားမှာ စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်း (၂၇ ဂိုး) ဖြစ်ပြီး လိဂ်ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်တိုက်စစ်မှူး မက်ကော်မက်က ၂၅ ဂိုးဖြင့် တတိယ၊ ဘယ်ရီကော (ဆောက်အန်း) နှင့် အန်ဒရေဂရေး(ဘရန့်ဖို့ဒ်) တို့က ၂၃ ဂိုးစီဖြင့် ပူးတွဲ စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်မှာလည်း ၂၀၁၅ ခုနှစ်အတွင်း အသင်းဖော်များအတွက် ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီး ဖန်တီးမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အိုဇေးလ်သည် ပြီးခဲ့သည့် ဇန်နဝါရီမှ မေလအထိ ဖန်တီးမှုလေးကြိမ် ပြုလုပ်ခဲ့ပြီး ယခုရာသီတွင် ၁၆ ကြိမ် ပြုလုပ်ထားခြင်းဖြစ်သည်။
အိုဇေးလ်အနေဖြင့် ၂၀၀၃ ခုနှစ်က ဖန်တီးမှုအများဆုံး အဖြစ် စံချိန်တင်ထားသည့် အာဆင်နယ်တိုက်စစ်မှူး အွန်နရီ ၏ ၁၉ ကြိမ် စံချိန်ကိုကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ ခြင်းလည်းဖြစ်သည်။ ထို့ပြင် ယခုရာသီတွင် ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားသည့် အိုဇေးလ်သည် ၂၀၀၂-၂၀၀၃ ရာသီက အကြိမ် ၂၀ ဖြင့် စံချိန်တင်ထားသည့် အွန်နရီ၏ စံချိန်ကို လိုက်မီရန် လေးကြိမ်သာ လိုအပ်တော့ကြောင်း သိရသည်။
တစ်နှစ်အတွင်း အင်္ဂလန်၌ ဂိုးအများဆုံးနှင့် ဖန်တီးမှု အများဆုံးအဖြစ် အီဂါလိုနှင့် အိုဇေးလ် ရပ်တည်