ယနေ့ နံနက်အစောပိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၉) ရဲ့လက်ကျန်ပွဲစဉ် အဖြစ်လက်စတာအသင်းနှင့် မန်စီးတီးအသင်းတို့ လက်စတာအသင်းရဲ့ အိမ်ကွင်း King Power Stadium မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် လက်စတာအသင်း ရာသီဝက်ချန်ပီယံ ဖြစ်ခွင့်နှင့် လွဲချှော်ခဲ့ရပါတယ်။နှစ်သင်းစလုံးအဓိက ကစားသမား အစုံအလင် နဲ့ပွဲထွက်လာခဲ့ပြီး မန်စီးတီး အသင်းရဲ့ အပိုင် ဂိုးသွင်းခွင့် အချို့ကို လက်စတာဂိုးသမား ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့သလို လက်စတာအသင်းရဲ့ ဂိုးသွင်းခွင့် အချို့ကိုလည်း တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)လက်စတာ ဝ-၀ မန်စီးတီးလိဂ်ချန်ပီယံရှစ် ပွဲစဉ် (၂၄) ပွဲကျန် ပွဲပြီးရလဒ်များလိဒ်စ် ၂-၂ ဒါဘီဘရိုက်တန် ဝ-၁ အစ်ဝစ်ချ်ဖူလ်ဟမ် ၄-၁ ရော့သာဟမ်ကာဒစ်ဖ် ၁-၁ နော်တင်ဟမ်









