တင်းနစ်ကမ္ဘာ့ချန်ပီယံအဖြစ် ဂျိုကိုဗစ်နှင့် ဆရီနာဝီလျံ သတ်မှတ်ခံရ

တင်းနစ်ကမ္ဘာ့ချန်ပီယံအဖြစ် ဂျိုကိုဗစ်နှင့် ဆရီနာဝီလျံ သတ်မှတ်ခံရ
Published 24 December 2015

ကမ္ဘာ့အဆင့် ၁ ဆားဘီးယားတင်းနစ် သမား ဂျိုကိုဗစ်နှင့် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံသည် နိုင်ငံတကာတင်းနစ်အဖွဲ့ ချုပ် (ITF) က ရွေးချယ်သည့် ၂၀၁၅ ခုနှစ် အတွက် တင်းနစ်ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
ဂျိုကိုဗစ်သည် ၂၀၁၅ ခုနှစ်အတွင်း သြ စတြေးလျအိုးပင်း၊ ဝင်ဘယ်လ်ဒန်ချန်ပီယံ ရှစ်၊ ယူအက်စ်အိုးပင်း စသည့် ဂရင်းစလင်း ပြိုင်ပွဲသုံးရပ်အပါအဝင် ချန်ပီယံဆုဖလား ၁၁ လုံးအထိ ဆွတ်ခူးရရှိခဲ့ပြီး ကစားသမား ဘဝတစ်လျှောက် အကောင်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဂျိုကိုဗစ်သည် ယခုနှစ် အတွင်း ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ၌ ၈၂ ပွဲ နိုင်၊ ခြောက်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁ နေရာ ရပ်တည်နိုင်ခဲ့သောကြောင့် ယင်းဆု ကို ငါးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်။
ဆရီနာဝီလျံမှာလည်း သြစတြေးလျ အိုးပင်း၊ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်လ်ဒန်ချန် ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲ သုံးရပ်အပါအဝင် ချန်ပီယံဆုဖလား ငါးလုံးဆွတ်ခူးရရှိခဲ့သည်။
ဆရီနာဝီလျံသည် ၂၀၁၄ ယူအက်စ်အိုးပင်း ပြိုင်ပွဲမှ စတင်ကာ ၂၀၁၅ ဝင်ဘယ်လ်ဒန်ချန် ပီယံရှစ်ပြိုင်ပွဲအထိ ဂရင်းစလင်းပြိုင်ပွဲ လေး ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ITF ကမ္ဘာ့ ချန်ပီယံဆုကို ခြောက်ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့သည်။
အမျိုးသမီးနှစ်ယောက်တွဲ ကမ္ဘာ့ ချန်ပီယံအဖြစ် မာတီနာဟင်းဂစ်နှင့် မီယာဇာ၊ အမျိုးသားနှစ်ယောက်တွဲအဖြစ် ရိုယာနှင့် ဟော်ရီယာတီကော်တို့ ရွေးချယ်ခံခဲ့ရသည်။

Most Read

Most Recent