Sports Illustrated က ချီးမြှင့်သည့် ၂၀၁၅ ခုနှစ်အတွက် အထူးချွန်ဆုံး အားကစားသမားဆုကို ဆရီနာ ဝီလျံ ဆွတ်ခူး

Sports Illustrated က ချီးမြှင့်သည့် ၂၀၁၅ ခုနှစ်အတွက် အထူးချွန်ဆုံး အားကစားသမားဆုကို ဆရီနာ ဝီလျံ ဆွတ်ခူး
Published 17 December 2015
Ref : AFP

ကမ္ဘာ့အဆင့် ၁ အမေရိကန်တင်းနစ် မယ် ဆရီနာဝီလျံသည် အမေရိကန်အခြေ စိုက် Sports Illustrated မဂ္ဂဇင်းက ချီးမြှင့်သည့် ၂၀၁၅ ခုနှစ်အတွက် အထူးချွန်ဆုံး အားကစားသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ဆရီနာဝီလျံ သည် ယခုနှစ်အတွင်း သြစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် စသည့် ဂရင်းစလင်းပြိုင်ပွဲ သုံးရပ်အပါအဝင် ဆုဖလား ငါးလုံးရယူနိုင်ခဲ့သည်။
ထို့ပြင် ဆရီ နာဝီလျံသည် Open Era ၌ ကမ္ဘာ့အဆင့် ၁ နေရာ ရပ်တည်နိုင်သည့် အသက်အကြီးဆုံး တင်းနစ်မယ်အဖြစ် စံချိန်တင်နိုင်ခဲ့သော ကြောင့် Sports Illustrated မဂ္ဂဇင်းက ချီးမြှင့်သည့် အထူးချွန်ဆုံးဆု ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။
ဆရီနာဝီလျံသည် ယခုနှစ် အတွင်း ဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၅ သန်း ကျော် ဆွတ်ခူးရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံး တင်းနစ်မယ်အဖြစ် ရပ်တည်နိုင်ခဲ့သလို WTA Tour က ရွေးချယ်သည့် အကောင်းဆုံးကစား သမားဆုလည်း ရရှိခဲ့သည်။
Sports Illustrated မဂ္ဂဇင်းသည် အထူးချွန်ဆုံးဆုကို ၁၉၅၄ ခုနှစ်ကတည်းက ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။