ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အုပ်စုရှိ အင်းလေးကန်ကို အထောက်အကူ ပြုနေသော ပလပ်မြေ သဘာ၀ ကိုင်းတော ဂရန်လည်း မကျသေး၊ ဆောက်လုပ်ခွင့် မကျမီ Myanmar Naing Group Co.Ltd က အဆောက်အအုံများ ဝင်ရောက် ဆောက်လုပ် နေခြင်းအား အင်းလေးဒေသခံများက ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ အကယ်၍ ထိုကိစ္စကို သက်ဆိုင်ရာထံသို့ အသိပေး တင်ပြ၍ မရခဲ့လျှင် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
မိုင်းသောက်ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ် (၅၈/၂၂၅-၁) ကွင်းအမှတ်(၃၇) ပလပ်မြေ သဘာ၀ ကိုင်းတော ဧက ၉၀ အား ဟိုတယ် ဆောက်လုပ်ရန် ဒေသခံများနှင့် လုပ်ငန်းရှင်တို့အကြား အငြင်းပွားနေကြခြင်း ဖြစ်သည်။
အင်းလေးကန် ရေဝေရေလဲ ဒေသအတွက် သဘာ၀ ရင်းမြစ်တစ်ခုဖြစ်သော တောင်ကျချောင်းရေများအား အနည်အနှစ်များ ပို့ချစေရာ အဆိုပါကိုင်းတောသည် အင်းလေးကန်နှင့် ဒေသတစ်ဝိုက်အတွက် သဘာ၀ နုန်းတားဆည်ကြီးတစ်ခုကဲ့သို့ မရှိမဖြစ် အရေးပါပြီ၊ မိုင်းသောက်ရှိ ပလပ်မြေ ကိုင်းတောဧက ၉၀ ကျော်တွင် ဟိုတယ်ဆောက်ရန်အတွက် သိမ်းဆည်းသည့်အထဲ ပါဝင်ကြောင်း၊ ထိုကိစ္စကို ဒေသခံများ မကျေနပ်သဖြင့် ၆ လပိုင်းတွင် တစ်ကြိမ် လူ ၆၆၀၀ ကျော် လက်မှတ်ထိုးကာ သမ္မတထံ တိုင်စာပေးပို့ခဲ့ရာ ၈ လပိုင်းတွင် ဧက ၉၀ မှ ၄၅ ဧကအဖြစ် ရှမ်းပြည်နယ် အစိုးရက ပြောင်းလဲ သတ်မှတ်ပေးခဲ့ပြီး ကန့်ကွက်စာကိုလည်း လူမသိသူမသိ ကပ်ခဲ့ကြောင်း၊ (၈) လပိုင်း (၁၂ ရက်မှ ၂၆ ရက်) အထိ ကန့်ကွက်နိုင်ကြောင်း ကြေညာစာရွက်ကို ၂၅ ရက် တစ်ရက်အလိုတွင်မှ မိုင်းသောက် ကျေးရွာအစွန်ဖျားတွင် ကပ်ထား ကြေညာခဲ့သဖြင့် မိုင်းသောက်နှင့် အင်းလေး ဒေသခံတို့သည် ချက်ချင်း ထိုညနေနှင့် နောက်နေ့ ၂၆ ရက်တွင် တစ်ကြိမ် ရှမ်းပြည်နယ် အစိုးရထံသို့ ကန့်ကွက်စာ လက်မှတ် ရေးထိုး တင်ပြထားခဲ့ဖူးကြောင်း သိရသည်။
ဟိုတယ်ဆောက်ရန် ဝယ်ယူထားသော လယ်မြေမှ ပေ ၅၀ အကွာတွင် ပလပ် ကိုင်းတော ရှိရမည်ဖြစ်ပြီး ပလပ်မြေသည် အနည်းဆုံး ကိုင်းတော ဧရိယာအတွက် ပေ ၅၀ ကျော် ချန်လှပ်ထားရမည် ဖြစ်ကြောင်း မိုင်းသောက် ပထမ ကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားသည်။
“ဦးလေးတို့က ကိုယ့်သားကို ထိသလိုပေါ့။ ကိုယ်ချစ်မြတ်နိုးတဲ့ အင်းလေးဒေသ ဒီလို ဖျက်ဆီးတာ မကြိုက်ဘူး။ သဘောမတူဘူး။ အခု ရွာသူရွာသားတွေ ညှိနှိုင်း တိုင်ပင်ပြီးရင် စာတင်မယ်။ ဆန္ဒတွေ ထုတ်ဖော်ကန့်ကွက်ရ မယ်ပေါ့။ ကိုင်းတောကို သဘာဝအတိုင်းပဲ ရှိစေချင်တယ်”ဟု သောက်အင်းရွာမှ ဦးဝင်းဖေက ပြောကြားသည်။
“ကိုင်းတောက သဘာ၀ နုန်းတားဆည်အဖြစ် ထိန်းသိမ်းထားတာပေါ့။ နိုင်ငံတကာ ဘယ်နိုင်ငံကမှ မပေးနိုင်တဲ့ ရတနာတစ်ခုပေါ့။ အဓိက အင်းလေး ကန်ဒေသအတွက် နုန်းအနည်အနှစ်တွေ ဝင်နေတာကို နုန်းတားဆည်တွေ ဆောက်ရမယ်ဆိုတာ လူကြီးတွေကလည်း ပြောနေတယ်။ ဒါဟာ ခိုင်မာတဲ့ နုန်းတားဆည် ရှိပြီးသားဆိုတော့ ဒါကို ထိန်းသိမ်းရမယ်။ နောက် NAP လို့ သတ်မှတ်ထားတဲ့အတွက် အချက်တွေအားလုံးနဲ့ ပြည့်စုံနေတယ်။ သဘာ၀ မျိုးစိတ်မျိုးကွဲတွေကလည်း ဒီမှာ မှီတင်းခိုအောင်းနေတယ်။ နောက်ပြီး လူသားတွေလည်း ဒါကိုပဲ မှီခိုနေတယ်။ စံချိန်စံနှုန်းတွေ ကိုက်ညီနေတယ်။ စိတ်ပူတာက အကယ်၍ ဒါကို ဖျက်ဆီးလိုက်မယ် ဆိုရင် NPA ကလည်း တိမ်ကောသွားမယ် ဆိုတာကိုပါပဲ”ဟု မိုင်းသောက် လူငယ်အဖွဲ့မှ မခင်စိုးဝင်းက ပြောကြားသည်။
“သဘာ၀ ကျွန်းမျောရိုင်းတောကြီးဟာ ဘယ်နိုင်ငံက ပညာရှင်ကမှ လာမလုပ်သေးနိုင်တဲ့ အရိုင်းတောကြီးကို ပျက်စီးသွားမှာ စိုးရိမ်တယ်။ အင်းလေးကန်အတွက် အရှေ့ဘက်ကမ်းအတွက် နုန်းအနည်အနှစ် ထိန်းတဲ့ သဘာဝကြီး ပျက်စီးသွားမှာ အင်မတန်မှ စိုးရိမ်တာတစ်ကြောင်း၊ အဓိက သဘာဝသယံဇာတ မျိုးစိတ်၊ အများကြီး မှီတင်းခိုအောင်းနေတာကြီးကို မပျက်စီးစေချင်ဘူးပေါ့”ဟု မိုင်းသောက်ကျေးရွာ ပေပင်ကုန်းရွာမှ ကိုဝင်းနိုင်က ပြောကြားသည်။
အဆိုပါ သဘာ၀ ကိုင်းတောရှိ ဧက ၉၀ နီးပါးကို ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဟိုတယ်များ ဆောက်လုပ်ပြီးချိန်တွင် အားလုံးဖျက်ဆီးလိုက်ပါက အင်းလေးကန်တွင်းသို့ တောက်လျှောက် တိုးလျှို ပေါက်သွားနိုင်သည့် ရေပေါ်ဟိုတယ်အဖြစ် ပြုလုပ်ရန်အတွက် စီစဉ်နေကြခြင်းဖြစ်ပြီး ထိုကိုင်းတောကြီး ပျောက်ဆုံး ပျက်စီးသွားမည်ကို အင်းလေး ဒေသခံများ စိုးရိမ်ပူပန်လျက် ရှိကြကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် မိုင်းသောက်ရှိ သဘာ၀ ကိုင်းတောအတွင်း ခွင့်ပြုချက်မရှိဘဲ ဟိုတယ် အဆောက်အအုံ ဆောက်လုပ်ခြင်းကို ဒေသခံများ ကန့်ကွက်















