အမှတ်ပေးဇယားကို ဦးဆောင်သူ လက်စတာအသင်းကို လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်း အဝေးကွင်းမှာ ရပ်တန့်နိုင်မလား

အမှတ်ပေးဇယားကို ဦးဆောင်သူ လက်စတာအသင်းကို လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်း အဝေးကွင်းမှာ ရပ်တန့်နိုင်မလား
Published 12 December 2015

ပြီးခဲ့တဲ့ ရာသီကမှ တန်းတက်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဒီအချိန်မှာ အမှတ်ပေးဇယား အဆင့် ၂၀ မှာ ရပ်တည်ခဲ့တဲ့ လက်စတာအသင်းဟာ လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်း ဖြစ်နေပါတယ်။ လက်စတာက လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကို ပြီးခဲ့တဲ့ ဧပြီလမှာ ရှုံးခဲ့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားခဲ့ရာမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၁၂ ပွဲ အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ မနှစ်က ဒီအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်သူ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ တန်းဆင်းဇုန်နဲ့ နှစ်မှတ်အကွာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ လက်ရှိချန်ပီယံအသင်းဆိုတဲ့ ဂုဏ်သိက္ခာအတွက် ဦးဆောင်သူ လက်စတာကို ချယ်လ်ဆီး ရပ်တန့်ပြနိုင်မလားဆိုတာကတော့ . . . ။■ နောဝစ်ချ် နှင့် အဲဗာတန်(၁၂-၁၂-၁၅ စနေ ည ရး၁၅)နောက်ဆုံးတွေ့ဆုံမှု > နောဝစ်ချ် ၂-၂ အဲဗာတန်လူကာကူ ငါးပွဲဆက် ဂိုးသွင်းပြီး အဲဗာတန်တိုက်စစ် ဂိုးရဖို့ မပူပင်ရပေမယ့် ခံစစ်က ပွဲတိုင်း ဂိုးပေးနေရတယ်။ ဒါကြောင့် အဝေးကွင်းမှာ သရေပွဲတွေ များနေတယ်။ နောဝစ်ချ်ကတော့ အိမ်ကွင်းနောက်ဆုံးနှစ်ပွဲမှာ ဆွမ်ဆီးကိုနိုင်၊ အာဆင်နယ်နဲ့ သရေကျခဲ့တယ်။  ပြိုင်ပွဲစုံ နောက်ဆုံးခုနစ်ပွဲတွေ့ဆုံမှုမှာ သရေငါးပွဲ ရှိခဲ့သလို ဒီပွဲလည်း သရေဖြစ်ဖို့များတယ်။■ ခရစ္စတယ်ပဲလေ့စ် နှင့် ဆောက်သမ်တန်(၁၂-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် > ပဲလေ့စ် ၁-၃ ဆောက်သမ်တန်ပဲလေ့စ်က နောက်ဆုံးငါးပွဲမှာ မန်ယူ၊ လီဗာပူးလ်၊ အဲဗာတန်တို့လို အသင်းကြီးတွေကို မရှုံးခဲ့ဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲ ဆန်းဒါးလန်းကိုတော့ အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ လက်ရှိ ခြေစွမ်းပိုင်းမှာ ဆောက်သမ်တန်က လျော့နေတယ်။ ဒါပေမဲ့ ပဲလေ့စ်က ဆောက်သမ်တန်နဲ့ လိဂ်ပွဲ နောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဧည့်သည်ကို ကြိုက်တယ်။■ ဝက်စ်ဟမ်း နှင့် စတုတ်စီးတီး(၁၂-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် > ဝက်စ်ဟမ်း ၁-၁ စတုတ်စီးတီးစတုတ်စီးတီး ခံစစ်ပိုင်း အရမ်းကောင်းနေတယ်။ နောက်ဆုံး ရှစ်ပွဲမှာ Clean Sheet  ခြောက်ပွဲရခဲ့တယ်။ ဒါ့အပြင် နောက်တန်းမှာ ရှောခရော့စ် ကစားရင် ဒီရာသီမှာ လုံး၀ ဂိုးမပေးရသေးဘူး။ ရှောခရော့စ်ရဲ့ ဂိုးမပေးရချိန်ကလည်း ၄၀၇ မိနစ် ရှိလာပြီ။ ဝက်စ်ဟမ်းကတော့ တိုက်စစ်မှာ ဒဏ်ရာပြဿနာများနေတယ်။ စတုတ်စီးတီး သရေနဲ့ အနိုင်ပါ။■ မန်စီးတီး နှင့် ဆွမ်ဆီး(၁၂-၁၂-၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် > မန်စီးတီး ၂-၁ ဆွမ်ဆီးစတုတ်စီးတီးကို ရှုံးနိမ့်ပြီး ဦးဆောင်သူ နေရာက ဖယ်ပေးလိုက်ရတဲ့ မန်စီးတီး လက်စတာရဲ့ ပွဲကျပ်ကို ပြန်အခွင့်အရေးယူလိမ့်မယ်။ မန်စီးတီးကွင်းလယ်ပိုင်းကလည်း ယာယာတိုရေး၊ ဒေးဗစ်ဆေးလ်ဗားတို့နဲ့ လူစုံလာပြီဖြစ်လို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ဖို့ များတယ်။ ဆွမ်ဆီးကတော့ နည်းပြအပြောင်းအလဲမှာ ရှုံးပွဲဆက်ဦးမယ်။■ ဆန်းဒါးလန်း နှင့် ဝက်ဖို့ဒ်(၁၂-၁၂-၂၀၁၅ စနေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု > ဆန်းဒါးလန်း ၄-၂ ဝက်ဖို့ဒ်ဆမ်အလာဒိုက်စ် လက်ထက်မှာ ဆန်းဒါးလန်း တိုးတက်မှုရှိလာတာ တွေ့ရတယ်။  ဝက်ဖို့ဒ်ကတော့ ပိုကောင်းတဲ့အသင်း ဖြစ်နေပြီး အီဂါလို၊ ဒီးနီတိုက်စစ်အတွဲရဲ့ နားလည်မှုနဲ့ ဂိုးမြူးနေတယ်။ ဒါပေမဲ့ ဆန်းဒါးလန်းက ဝက်ဖို့ဒ်ကို လိဂ်ပွဲ ခြောက်ပွဲဆက် မရှုံးခဲ့ဘဲ လေးပွဲအထိ အနိုင်ရခဲ့တယ်။ ဆန်းဒါးလန်းကို ရွေးချယ်ထားချင်တယ်။    ■ ဘုန်းမောက် နှင့် မန်ယူ(၁၂-၁၂-၁၅ စနေ ည ၁၂း၀၀)နောက်ဆုံးတွေ့ဆုံမှု > -နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး အဲဗာတန်ကို သရေ၊ ချယ်လ်ဆီးကို နိုင်ခဲ့တဲ့ ဘုန်းမောက် စိတ်ဓာတ်ပိုင်း တက်ကြွနေမှာ သေချာတယ်။ မန်ယူကတော့ ချန်ပီယံလိဂ်ကြောင့် ပွဲပန်းနိုင်သလို၊ ယူရိုပါလိဂ်ကို ရောက်သွားလို့လည်း စိတ်ဒဏ်ရာ ရှိနေနိုင်တယ်။ ဗန်ဟားလ် ဖိအားများနေတာကြောင့် မန်ယူနိုင်ပွဲ ရှာဖို့များတယ်။    ■ အက်စတွန်ဗီလာ နှင့် အာဆင်နယ်(၁၃-၁၂-၁၅ တနင်္ဂနွေ ည ၈း၀၀)ယမန်နှစ်ရလဒ် > ဗီလာ ဝ-၃ အာဆင်နယ်အာဆင်နယ်က ကာဇိုလာ၊ ကိုကီလင် ကွင်းလယ်အထိုင်ပျက်ပြီး အလက်ဆစ်ဆန်းချက်ဇ် မကစားနိုင်ချိန်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ရပ်မှာ နိုင်ပွဲဆက်ခဲ့တယ်။ ဗီလာကတော့ ၁၄ ပွဲဆက် နိုင်ပွဲပျောက်ပြီး ကလပ်သမိုင်းတစ်လျှောက် နိုင်ပွဲပျောက်မှု အရှည်ကြာဆုံးနဲ့ ရင်ဆိုင်နေရတယ်။ အာဆင်နယ် အနိုင်သေချာပါတယ်။   ■ စပါး နှင့် နယူးကာဆယ်(၁၃-၁၂-၁၅ တနင်္ဂနွေ ည ၁၀း၃၀)ယမန်နှစ်ရလဒ် > စပါး ၁-၂ နယူးကာဆယ်လီဗာပူးလ်ကို နိုင်ခဲ့တဲ့ နယူးကာဆယ်ရဲ့ခြေစွမ်းကို အစစ်အမှန်လို့ ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။ နယူးကာဆယ်က ဒီလိုပဲ မထင်မှတ်ဘဲ ထနိုင်တတ်ပြီး ပြန်ကျသွားတာ အခါခါပါ။ စပါးကတော့ မနိုင်ရင်တောင် မရှုံးအောင်က စားတတ်တဲ့အသင်း ဖြစ်နေပါတယ်။ ဝှိုက်ဟတ်လိန်းမှာဆိုရင် ဂိုးလည်းမြူးတတ်လို့ စပါးကိုပဲ ရွေးချယ်ရမယ်။■ လီဗာပူးလ် နှင့် ဝက်စ်ဘရွန်း(၁၃-၁၂-၁၅ တနင်္ဂနွေ ည ၁၀း၃၀)ယမန်နှစ်ရလဒ် > လီဗာပူးလ် ၂-၁ ဝက်စ်ဘရွန်းဝက်စ်ဘရွန်းက နောက်ဆုံးသုံးပွဲမှာ ရှုံးပွဲမရှိခဲ့သလို၊ အာဆင်နယ်ကိုနိုင်၊ စပါးကို သရေကစားခဲ့တာ လီဗာပူးလ် သတိထားရမယ်။ လီဗာပူးလ်ကလည်း အသင်းကြီးတွေနဲ့ တွေ့ရင် ခြေစွာသလောက် အသင်းငယ်တွေနဲ့တွေ့ရင် ရှုံးပွဲတွေ့ခဲ့တယ်။ဒါပေမဲ့ ဝက်စ်ဘရွန်းကတော့ အန်ဖီးလ်မှာ နိုင်နေကျ ပြိုင်ဘက်ဖြစ်လို့ လီဗာပူးလ်ကိုပဲ ကြိုက်တယ်။■ လက်စတာ နှင့် ချယ်လ်ဆီး(၁၅-၁၂-၁၅ အင်္ဂါ နံနက် ၂း၃၀)ယမန်နှစ်ရလဒ် > လက်စတာ ၁-၃ ချယ်လ်ဆီးဗာဒီ ပွဲဆက်ဂိုးသွင်းမှု ရပ်တန့်သွားပေမယ့် လက်စတာကတော့ အရှိန်အဟုန်မပျက် ချီတက်နေဆဲပဲ။ ချယ်လ်ဆီးကတော့ လိဂ်ပွဲ နောက်ဆုံးလေးပွဲမှာ သုံးပွဲ ဂိုးပေါက်ပျောက်ခဲ့တယ်။ အစဉ်အလာအရတော့ ချယ်လ်ဆီးက လက်စတာနဲ့ တွေ့ဆုံခဲ့တဲ့ လိဂ်ပွဲ ခြောက်ပွဲစလုံးကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ လက်စတာကိုပဲ ကြိုက်တယ်။