မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ပျက်စီးနေသည့် နယ်စပ်မှတ်တိုင်များအား မတ်လတွင် အပြီးမွန်းမံ ပြင်ဆင်ရန်ရှိပြီး နိုဝင်ဘာလကတည်းက အကြိုလေ့လာ ပြင်ဆင်းရေးများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၂ မှ ၅၂ အတွင်း ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသော နယ်စပ်မှတ်တိုင်များအား နိုဝင်ဘာ၂၅ ရက်မှ မတ် ၁၆ ရက်အထိ အပြီးသတ် မွန်းမံပြင်ဆင်ရန်အတွက် နှစ်ဖက်လုံခြုံ ရေးယူရန် ကိစ္စရပ်များအား ဒီဇင်ဘာ ၁ ရက်က မြန်မာနိုင်ငံ မောင်တောမြို့ ဒေဝါနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော နှစ်နိုင်ငံ နယ်ခြားစောင့် ကွပ်ကဲရေးမှူးအဆင့် အလံတင်အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲသို့ မြန်မာဘက်မှ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကို ဦးဆောင်ပြီး မောင်တောခရိုင် လဝကဦးစီးမှူးအပါအဝင် ၂၀ ဦး အဖွဲ့က တက်ရောက်ခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ အရှေ့တောင်ပိုင်းတိုင်း (စစ်တကောင်းတိုင်း) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုဟာမတ်ဟာဘီဘူလ်ကရိမ်း ဦးဆောင်ပြီး ကိုယ်စားလှယ် ၂၇ ဦးတက်ရောက်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ကုန်ပိုင်းတစ်လျှောက် ပူးတွဲကွင်းစစ်ဆေးမှုများနှင့် နယ်နမိတ်တိုင်များ ပြုပြင်ခြင်း၊ အသစ်စိုက်ထူးခြင်းများ ပြုလုပ်သွားနိုင်ရန် အတွက် မြန်မာနိုင်ငံေ မြေတိုင်းတာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေတိုင်းတာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး Mr.Md.Mosharaf Hossain ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်ကို မောင်တောမြို့တွင် ဆွေးနွေးခဲ့ကြောင်း၊ ယင်းနောက်ပိုင်း ၂၀၁၅ ခုနှစ် မေ ၇ ရက်အထိ လေးရက်ကြာ နှစ်နိုင်ငံ မြေတိုင်းစစ်ဆေးရေး ကိုယ်စားလှယ်အဖွဲ့များ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။ယင်းနောက်ပိုင်းတွင် နယ်နိမိတ်တိုင်များ ပြုပြင်ခြင်း၊ အသစ်စိုက်ထူးခြင်း လုပ်ငန်းအား ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ၂၄ ရက်မှ မတ် ၃၁ ရက်အတွင်း အပြီးသတ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ကွင်းဆင်း ဆောင်ရွက်နေသည့် ကာလအတွင်း မည်သည့် တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းမျှ ဝင်ရောက်မှု မရှိစေရေးအတွက် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ က အထူးကြပ်မတ် ဆောင်ရွက်ခဲ့ပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းရေးအား မြေပြင်အင်ဂျင်နီယာများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်များအား ၁၉၇၉-၈၀ ပြည့်နှစ်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။ မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှု မကြာခဏ ပေါ်ပေါက်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် နတ်မြစ်အတွင်း ဖြစ်ကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှုနှင့် ကျွန်းသစ်ထွန်းလာမှုများ နတ်မြစ်အတွင်း မကြာခဏ ပေါ်ပေါက်ကြောင်း၊ ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားများ နတ်မြစ်အတွင်း ငါးဖမ်းစဉ် မြန်မာရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်၍ မကြာခဏ ဖမ်းဆီးခံရမှုများ ရှိကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ပျက်စီးနေသည့် နယ်စပ်မှတ်တိုင်များကို ၂၀၁၆ ခုနှစ် မတ်လအတွင်း အပြီးမွမ်းမံ ပြင်ဆင်ရန်ရှိ















