အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့ကို အနိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်း အိုးလ်ထရက်ဖို့ဒ်မှာ ရပ်တန့်သွားမလား

အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့ကို အနိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်း အိုးလ်ထရက်ဖို့ဒ်မှာ ရပ်တန့်သွားမလား
Published 5 December 2015

ဝက်စ်ဟမ်းက ဒီရာသီမှာ အသင်းကြီးတွေကိုရွေးပြီး ဒုက္ခပေးတဲ့ အသင်း ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ ခြောက်ပွဲမှာ လေးပွဲက အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့လို ထိပ်သီး အသင်းတွေကို အနိုင်ရခဲ့တာပါ။ ဒီတစ်ပတ်မှာတော့ ဝက်စ်ဟမ်း အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ အကြီးဆုံး မန်ယူအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးတို့ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်း အသင်းဟာ မန်ယူကိုသာ အနိုင်ရခဲ့ရင် တစ်ရာသီအတွင်း ဒီလေးသင်းကို အဝေးကွင်းမှာ အနိုင်ရတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်လာမှာပါ။ ဝက်စ်ဟမ်း သမိုင်းသစ် ရေးနိုင်မလား၊ အိုးလ်ထရက်ဖို့ဒ်မှာ ရပ်တန့်သွားမလား ဆိုတာကတော့ . . . ။စတုတ်စီးတီး နှင့် မန်စီးတီး(၅-၁၂-၁၅ စနေ ည ရး၁၅)ယမန်နှစ်ရလဒ် - စတုတ်စီးတီး ၁-၄ မန်စီးတီးမန်စီးတီး ကွင်းလယ်မှာ ဒေးဗစ်ဆေးလ်ဗား ပြန်ကစားနေပြီဖြစ်လို့ စတာလင်၊ ဒီဘရိုင်းတို့ရဲ့ တောင်ပံတွေ ကစားပေါက် ချောင်လာဖို့ရှိတယ်။ အဂွဲရိုးသာ ကစားနိုင်ရင်တော့ စတုတ်စီးတီး ခံစစ် မလွယ်ပါဘူး။ ဒါပေမဲ့ စတုတ်စီးတီးကလည်း ခြေစွမ်းမနိမ့်တဲ့ အသင်းပါ။ နောက်ဆုံး ကိုးပွဲမှာ နှစ်ပွဲပဲရှုံးပြီး ငါးပွဲအထိ နိုင်ခဲ့တယ်။ စတုတ် သရေ ရနိုင်တယ်။ဆောက်သမ်တန် နှင့် အက်စတွန်ဗီလာ(၅-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် - ဆောက်သမ်တန် ၆-၁ ဗီလာစိန့်မေရီမှာ ဒီနှစ်သင်းတွေ့ရင် ဂိုးတွေ အရမ်းမြူးတတ်တယ်။ စိန့်မေရီမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲမှာ နှစ်သင်းပေါင်း တစ်ပွဲပျမ်းမျှ သွင်းဂိုးက ၅ ဒသမ ၅ ဂိုး ရှိနေတယ်။ လက်ရှိ ခြေစွမ်းအရ ဗီလာမှာ ပုံမှန် ဂိုးသွင်းခြေ မရှိပေမယ့် ဆောက်သမ်တန်ကတော့ စိန့်မေရီမှာဆို ဂိုးရဖို့ မပူရဘူး။ ဆောက်သမ်တန် အနိုင် သေချာတယ်။ဆွမ်ဆီး နှင့် လက်စတာ(၅-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် - ဆွမ်ဆီး ၂-၀ လက်စတာဆွမ်ဆီးက နောက်ဆုံးလေးပွဲမှာ သုံးပွဲ ဂိုးပေါက် ပျောက်ခဲ့ပြီး နောက်ဆုံး ၁၀ပွဲမှာ နိုင်ပွဲတစ်ပွဲပဲ ရှိခဲ့တယ်။ လက်စတာကတော့ စံချိန်ရှင် ဗာဒီရဲ့ ခြေစွမ်းပြမှုနဲ့ အဝေးကွင်းမှာ ငါးပွဲဆက် အနိမ့်ဆုံး နှစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဆွမ်ဆီးကွင်းမှာ ကစားခဲ့တဲ့  နောက်ဆုံး သုံးပွဲမှာတော့ လက်စတာ ပွဲတိုင်းရှုံးပြီး တစ်ဂိုးမှ မရခဲ့ပေမယ့် ဒီပွဲမှာ လက်စတာကိုပဲ ကြိုက်တယ်။ဝက်ဖို့ဒ် နှင့် နောဝစ်ချ်(၅-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် - ဝက်ဖို့ဒ် ဝ-၃ နောဝစ်ချ်တန်းတက် အသင်းတွေ ဖြစ်ပေမယ့် ဆန်းချက်ဇ်ဖလော်ရက်စ်ရဲ့ ဝက်ဖို့ဒ်အသင်းက ပရီးမီးယားလိဂ်အဆင့် ခြေစွမ်းမျိုးနဲ့ ကစားနိုင်တာ တွေ့ရတယ်။ အထူးသဖြင့် တိုက်စစ်က အီဂါလိုနဲ့ ဒီးနီအတွဲက အတော်လေး အလုပ်ဖြစ်ပြီး ပုံမှန် ဂိုးသွင်းနေတယ်။နောဝစ်ချ်ကတော့ မထင်မှတ်ဘဲ ခြေစွမ်းပြတတ်ပေမယ့် ပုံမှန်ခြေအရ ဝက်ဖို့ဒ်ကို ရွေးရမယ်။အာဆင်နယ် နှင့် ဆန်းဒါးလန်း(၅-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် - အာဆင်နယ် ဝ-၀ ဆန်းဒါးလန်းအာဆင်နယ်ကို ဒဏ်ရာပြဿနာက အတော်လေး ဒုက္ခပေးနေတယ်။ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး အခုလည်း ကာဇိုလာ၊ အလက်ဆစ်ဆန်းချက်ဇ်တို့ ဒဏ်ရာရသွားလို့ အသင်းရဲ့ ဟန်ချက်ထိန်းဖို့ အတော်လေး ကြိုးစားရမယ်။ ဆန်းဒါးလန်းကလည်း ရုန်းကန် အားရနေချိန်ဖြစ်လို့ အာဆင်နယ် အလွန်ဆုံး ကပ်နိုင်ဖို့ပဲ ရှိတယ်။    ဝက်စ်ဘရွန်း နှင့် စပါး(၅-၁၂-၂၀၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် - ဝက်စ်ဘရွန်း ဝ-၃ စပါးဝက်စ်ဘရွန်းက နောက်ဆုံးနှစ်ပွဲမှာ အာဆင်နယ်ကို အိမ်ကွင်းမှာနိုင်၊ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သရေ ကစားခဲ့တာကြောင့် နောက်ထပ် လန်ဒန်ကလပ် စပါးအသင်းကို ရင်ဆိုင်ဖို့ ယုံကြည်မှု ပြည့်ဝနေပါတယ်။ ဒါပေမဲ့ စပါးကလည်း ခြေမှန်နေတဲ့ အသင်း ဖြစ်သလို ဝက်စ်ဘရွန်းကွင်းမှာလည်း ငါးပွဲဆက် ရှုံးပွဲ မရှိခဲ့ဘူး။ စပါး သရေနဲ့ အနိုင်ပါ။    မန်ယူ နှင့် ဝက်စ်ဟမ်း(၅-၁၂-၁၅ စနေ ည ၉း၃၀)ယမန်နှစ်ရလဒ် - မန်ယူ ၂-၁ ဝက်စ်ဟမ်းဝက်စ်ဟမ်းက ကွင်းလယ်လူ ပါယက် ဒဏ်ရာ ရသွားတဲ့ နောက်ပိုင်းမှာ ယိမ်းယိုင်သွားပြီး လေးပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တယ်။ မန်ယူကတော့ ဂိုးသွင်း အားနည်းပေမယ့် ခံစစ်ပိုင်း ပုံစံကောင်းရနေတယ်။ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲ တွေ့ဆုံမှုမှာ မန်ယူ ရှုံးပွဲ မရှိခဲ့ဘဲ ၁၁ ပွဲအထိ အနိုင်ရခဲ့ပါတယ်။ မန်ယူ အနိုင် သေချာပါတယ်။  ချယ်လ်ဆီး နှင့် ဘုန်းမောက်(၅-၁၂-၁၅ စနေ ည ၁၂း၀၀)နောက်ဆုံးတွေ့ဆုံမှု - မရှိချယ်လ်ဆီးရဲ့ ဒီရာသီခြေစွမ်းက အိမ်ကွင်း၊ အဝေးကွင်းမရွေး စိတ်မချရပါဘူး။ ဒါပေမဲ့ တန်းတက် အသင်းတွေနဲ့ တွေ့ရင်တော့ ချယ်လ်ဆီး အတိမ်းအစောင်း နည်းတယ်။ အိမ်ကွင်းမှာ တန်းတက် အသင်းတွေကို ၄၃ ပွဲဆက် ရှုံးပွဲမရှိ ကစားထားပြီး ၃၇ ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ရုန်းကန်အားနည်းတဲ့ ဘုန်းမောက် ဂိုးပြတ် မရှုံးဖို့သာ ကစားရမယ်။နယူးကာဆယ် နှင့် လီဗာပူးလ်(၆-၁၂-၁၅ တနင်္ဂနွေ ည ၁၀း၃၀)ယမန်နှစ်ရလဒ် - နယူးကာဆယ် ၁-၀ လီဗာပူးလ်နယူးကာဆယ်က ပေါ်မယ်ကြံလိုက် ပြန်မြုပ်သွားလိုက်နဲ့ နစ်သထက် နစ်လာပါတယ်။ ဒီအတိုင်းဆိုရင် ယာဂန်ကလော့ပ် လက်အောက်မှာ ယုံကြည်မှု ပြည့်ဝနေတဲ့ လီဗာပူးလ် အသင်းကို ယှဉ်နိုင်ဖို့ မရှိဘူး။ စတာရစ်ချ်နဲ့ ကော်တင်ဟို နှစ်ဦးစလုံးသာ ကစားနိုင်ခဲ့ရင် နယူးကာဆယ် ခံစစ်ကျိုးပြီး ဂိုးပြတ် အရှုံးပေးရဖို့ ရှိပါတယ်။အဲဗာတန် နှင့် ခရစ္စတယ်ပဲလေ့စ်(၈-၁၂-၁၅ အင်္ဂါ နံနက် ၂း၃၀)ယမန်နှစ်ရလဒ် - အဲဗာတန် ၂-၃ ပဲလေ့စ်အဲဗာတန် တိုက်စစ်က အိမ်ကွင်းမှာ ရပ်တန့်မရတဲ့ ဂိုးသွင်းရှိန် ရနေတယ်။ အိမ်ကွင်း နောက်ဆုံး နှစ်ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကလည်း မာကျောတဲ့ အသင်းဖြစ်ပြီး နောက်ဆုံး ငါးပွဲမှာ မန်ယူကို သရေ၊ လီဗာပူးလ်ကို အနိုင် ကစားခဲ့တယ်။ ဒါပေမဲ့ ဂူဒီဆင်ပတ်ခ်မှာတော့ အဲဗာတန်နဲ့ ဂိုးအများပဲ ရွေးချယ်ထားတာ ကောင်းတယ်။