၂၀၁၅ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိ ရှိလာ

၂၀၁၅ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိ ရှိလာ
Published 29 November 2015
ရွှန်းလဲ့ဝင်း

၂၀၁၅တွင် ရန်ကုန်ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိ ရှိလာကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။၁၉၉၅ ခုနှစ် မတိုင်မီ ဆိပ်ကမ်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ဆိပ်ခံတံတားများအား ပုဂ္ဂလိကသို့  စတင် လုပ်ကိုင်စေခဲ့ရာ ၁၉၉၆ ခုနှစ်တွင် MITT ဆိပ်ကမ်း၊ Asia World ဆိပ်ကမ်းနှင့် MPAALLED ကုန်းတွင်း ကုန်သေတ္တာ စခန်းများအား လည်းကောင်း၊ ၁၉၉၉ခု နှစ်တွင် MIPL ဆိပ်ကမ်းအား လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် MIP ဆိပ်ကမ်းအား လည်းကောင်း BOT စနစ်ဖြင့် ပုဂ္ဂလိကသို့ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်စေခဲ့ခြင်း ဖြစ်သည်။သို့ဖြစ်၍ လက်ရှိ ၂၀၁၅ ခုနှစ်တွင် ရန်ကုန် ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး အစိုးရ ကဏ္ဍတွင် ၁၈ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုကဏ္ဍ တိုးမြှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ယင်းပြင် မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ကြွေထည် မြေထည် လုပ်ငန်းနှင့် မြန်မာ့အဏ္ဍဝါ စွမ်းအားရှင် ဂရုပ်အက်စ် ကုမ္ပဏီ လီမီတက် (MACS) တို့သည် ပဋိဉာဏ် စာချုပ်နှင့် မြေငှားစာချုပ်တို့ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ် ရေးထိုးခဲ့ပြီး ယခင်အမှတ် ၁ စက်မှု ဝန်ကြီးဌာန၊ မြန်မာ့ကြွေထည် မြေထည် လုပ်ငန်းပိုင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ မြေ ၁၇ ဒသမ ၃၆ ဧကကို ငှားရမ်း၍ ၎င်းမြေပေါ်တွင် BOT စနစ်ဖြင့် မြန်မာ့စက်မှု ဆိပ်ကမ်းအမှတ် ၁၊ ၂ ဆိပ်ခံ တံတား၊ ကုန်သေတ္တာ လွင်ပြင်နှင့် ကုန်းတွင်း ကုန်သေတ္တာ စခန်းတို့ ပါဝင်သော မြန်မာ့ စက်မှု ဆိပ်ကမ်းကို တည်ဆောက်ကာ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်စေခဲြ့ခင်း ဖြစ်ကြောင်း သိရသည်။ယင်းပြင် ရန်ကုန် ဆိပ်ကမ်းသည် ကုန်ကိုင်တွယ်မှု စွမ်းအား၏ ရာခိုင်နှုန်း ၇၀ သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဆိပ်ခံတံတားများ တိုးချဲ့တည်ဆောက်ရန် ရန်ကုန် ဆိပ်ကမ်းအား နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး Master Plan အား ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် မြန်မာ့ စက်မှု ဆိပ်ကမ်း အမှတ် ၃၊ ၄၊ ၅ တို့အား  ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် စီမံကိန်းအဖြစ် နောက်ခံမြေ စုစုပေါင်း ၄၈ ဒသမ ၀၇၁ ဧကပေါ်တွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာ့စက်မှု ဆိပ်ကမ်းအား တိုးချဲ့တည်ဆောက်ခဲ့သည်။ မြန်မာ့စက်မှု ဆိပ်ကမ်းသည် ရန်ကုန် ဆိပ်ကမ်းတွင် ကုန်သေတ္တာ ကိုင်တွယ်သည့် ဆိပ်ကမ်းခြောက်ခု ရှိသည့်အနက် ကုန်သေတ္တာ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်အား ကိုင်တွယ် ဆောင်ရွက် ပေးနေကြောင်း သိရသည်။                

Most Read

Most Recent