ပုဂ္ဂလိက ဘဏ်များအနက် ဘဏ်ခွဲ အနည်းဆုံး စာရင်းတွင် ပါဝင်သည့် ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်စတင် တည်ထောင်ချိန်မှစ၍ ကျပ်သန်းပေါင်း ၁၅၀၀၀ ခန့် ဝင်ငွေခွန် ပေးဆောင်ထားပြီး ဘဏ်အားလုံး၌ အခွန်ဆောင်မှု အဆင့် (၅) ခန့် ရှိနေကာ အခွန်ရှောင်သည့်ဘဏ် မဟုတ်ကြောင်း ဘဏ်ဥက္ကဋ္ဌ ပြောကြာ

ပုဂ္ဂလိက ဘဏ်များအနက် ဘဏ်ခွဲ အနည်းဆုံး စာရင်းတွင် ပါဝင်သည့် ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်စတင် တည်ထောင်ချိန်မှစ၍ ကျပ်သန်းပေါင်း ၁၅၀၀၀ ခန့် ဝင်ငွေခွန် ပေးဆောင်ထားပြီး ဘဏ်အားလုံး၌ အခွန်ဆောင်မှု အဆင့် (၅) ခန့် ရှိနေကာ အခွန်ရှောင်သည့်ဘဏ် မဟုတ်ကြောင်း ဘဏ်ဥက္ကဋ္ဌ ပြောကြာ
Published 29 November 2015

မြန်မာနိုင်ငံရှိ  ပုဂ္ဂလိက ဘဏ်များအနက် ဘဏ်ခွဲ အနည်းဆုံး စာရင်းတွင် ပါဝင်နေသည့် ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်စတင်တည်ထောင်ချိန်မှ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အကုန်ပိုင်းအထိ အခွန်ဆောင်မှုပေါင်း ၁၈၀၀၀ ခန့် ပေးဆောင်ထားပြီး ဘဏ်များအားလုံးအနက် အခွန်ထမ်းဆောင်မှု အဆင့် ၅၊ အဆင့် ၆ ခန့် ရှိနေကာ အခွန်ရှောင်သည့် ဘဏ်မဟုတ်ကြောင်း ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် ပထမပုဂ္ဂလိကဘဏ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ပြောကြားသည်။ဆောက်လုပ်ရေး လုပ်ငန်းစုကြီးများ၊ အစိုးရနှင့် နီးစပ်သော လုပ်ငန်း အုပ်စုကြီးများနှင့် ကုမ္ပဏီများ၏ ဆိုးရွားသော အခွန်တိမ်းရှောင်မှု ရှိနေသည့် မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၄၅၀၀၀ ခန့် စာရင်းရှိနေသော်လည်း ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ အခွန် ထမ်းဆောင်နေသည်။ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သည့် ထိပ်တန်း အခွန်ထမ်း ၅၀၀ ဦးအထိ စာရင်းများတွင် နှစ်နှစ်စလုံး မပါဝင်သည့် ဘဏ်များထဲတွင် စင်ကာပူ Channel New Asia က Mr.Clean ဟု ခေါ်ဝေါ်သုံးစွဲခဲ့သော Mr.Serge Pun ၏ ရိုးမဘဏ်အပြင် ဦးအောင်သောင်း၏သား ဦးနေအောင် တည်ထောင်သည့် United Amara Bank(UAB) ဘဏ်၊  မြဝတီဘဏ်၊ အင်းဝဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်ကဲ့သို့ ဘဏ်များပင် ပါဝင်လျက်ရှိနေကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်သည့် ထိပ်တန်း အခွန်ထမ်းများ စာရင်းအရ သိရသည်။အခွန် ပေးဆောင်သည့် ဘဏ်များ အားလုံးထဲတွင်လည်း ကမ္ဘောဇဘဏ်မှာ အများဆုံး ပေးဆောင်ပြီး CB ဘဏ်မှာ ဒုတိယ အများဆုံး၊ ပထမပုဂ္ဂလိကဘဏ်နှင့် စက်မှုဖွံ့ဖြိုးရေးဘဏ်တို့က တတိယနှင့် စတုတ္ထ အများဆုံး ပေးဆောင်သည့် ဘဏ်များအဖြစ် နှစ်စဉ် ရပ်တည်လျက် ရှိသည်ကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်သည့် ထိပ်တန်း အခွန်ထမ်းများ စာရင်းအရ သိရသည်။၂၀၁၀ ပြည့်နှစ်တွင် စတင် တည်ထောင်သည့် မြန်မာ့ရှေ့ဆောင်၊ ဧရာဝတီဘဏ်၊ AGD ဘဏ်နှင့် United Amara Bank စသည်ဖြင့် ဘဏ်သစ်လေးခု၏ အခွန် ပေးဆောင်မှုပိုင်းကို နှိုင်းယှဉ် ကြည့်လျှင်လည်း မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ဧရာဝတီဘဏ်တို့ကသာ နှစ်စဉ် အများဆုံး အခွန်ပေးဆောင် ခဲ့ကြသည်။ဘဏ်သစ် လေးဘဏ်ထဲတွင် အစိုးရ အဆက်ဆက် အထူးအခွင့်အရေး ရခဲ့သည့် IGE မှ တည်ထောင်ထားသော United Amara Bank သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က ထုတ်ပြန်သည့် ထိပ်တန်း ၁၀၀ ဦး စာရင်းတွင် လည်းကောင်း ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်း အခွန်ဆောင်သည့် ၅၀၀ ဦး စာရင်းတွင် လည်းကောင်း ပါဝင်လာခြင်း မရှိပေ။ ဦးတေဇ၏ AGD ဘဏ်မှာမူ ၂၀၁၁-၂၀၁၂ ခုနှစ်က ကျပ်သိန်း ၁၂၀ ကျော် ပေးဆောင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်က ကျပ်သိန်း ၂၃၀ ကျော် ပေးဆောင်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကြိုတင်ခွန် ကျပ်သန်း ၃၀၀၀ သွင်းထားသည်။ပထမ ပုဂ္ဂလိကဘဏ်သည် နိုင်ငံတော်သို့ နှစ်စဉ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို မှန်မှန်ကန်ကန် တိတိကျကျ ပေးဆောင်ခဲ့ပြီး ဘဏ်စတင် တည်ထောင်ခဲ့သည့် ၁၉၉၂- ၁၉၉၃ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ကျပ်သန်းပေါင်း ၁၃၃၂၃ ဒသမ ၈၈ ပေးဆောင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် ၂၁၈၉ ဒသမ ၃၅ သန်း ပေးဆောင်ခဲ့သည်။ ထိုကဲ့သို့ မှန်မှန်ကန်ကန် ပေးဆောင်မှုများကြောင့် ပထမပုဂ္ဂလိကဘဏ်သည် အခွန်ရှောင်သည့်ဘဏ် မဟုတ်ကြောင်း၊ အခွန် ထမ်းဆောင်နေသည့် ဘဏ်များ စာရင်းတွင် အဆင့်  ၅၊ အဆင့်  ၆ နေရာတွင် ရပ်တည်နေကြောင်းနှင့် ထိုသို့ ရပ်တည် နေနိုင်သော်လည်း ပထမပုဂ္ဂလိကဘဏ်မှာ အခြားသော ပုဂ္ဂလိကဘဏ်များလောက် ကြီးမားသည့်ဘဏ် မဟုတ်ကြောင်း ဒေါက်တာစိန်မောင်က ဆက်လက် ပြောကြားသည်။

Most Read

Most Recent