ရန်ကုန် စတော့အိတ်ချိန်း၏ စည်းမျဉ်း စည်းကမ်းများ တည်ငြိမ်မှု မရှိသေးခြင်း၊ ငွေကြေး ဈေးကစားသူများ ဈေးကစားမည့် အခြေအနေကို စိုးရိမ်နေရခြင်းနှင့် ကြီးကြပ်မည့် သူများသည် အစိုးရလူများသာ ဖြစ်နေခြင်း စသည့် အချက်များကြောင့် အများပိုင် ကုမ္ပဏီအချို့ ပါဝင်ရန် စဉ်းစား

ရန်ကုန် စတော့အိတ်ချိန်း၏ စည်းမျဉ်း စည်းကမ်းများ တည်ငြိမ်မှု မရှိသေးခြင်း၊ ငွေကြေး ဈေးကစားသူများ ဈေးကစားမည့် အခြေအနေကို စိုးရိမ်နေရခြင်းနှင့် ကြီးကြပ်မည့် သူများသည် အစိုးရလူများသာ ဖြစ်နေခြင်း စသည့် အချက်များကြောင့် အများပိုင် ကုမ္ပဏီအချို့ ပါဝင်ရန် စဉ်းစား
Published 29 November 2015

ရန်ကုန် စတော့အိတ်ချိန်း၏ စည်းမျဉ်း စည်းကမ်းများ တည်ငြိမ်မှု မရှိသေးခြင်း၊ ငွေကြေး ဈေးကစားသူများ ဈေးကစားမည့် အခြေအနေကို စိုးရိမ်နေရခြင်းနှင့် ကြီးကြပ်မည့် သူများသည် အစိုးရလူများသာ ဖြစ်နေခြင်း စသည့် အချက်များကြောင့် အများပိုင် ကုမ္ပဏီအချို့ ပါဝင်ရန် စဉ်းစားနေရယခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်မည့် ရန်ကုန် စတော့အိတ်ချိန်းသည် စည်းမျဉ်းစည်းကမ်းများ တည်ငြိမ်မှု မရှိသေးခြင်း ငွေကြေး ဈေးကစားသူများ ဈေးကစားမည့် အခြေအနေကို စိုးရိမ်နေရခြင်းနှင့်ကြီးကြပ်မည့် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်တွင် ပါဝင်သူများသည် အစိုးရလူများသာ ဖြစ်နေခြင်း စသည့် အချက်များကြောင့် အများပိုင် ကုမ္ပဏီအချို့ အနေနှင့် ရန်ကုန် စတော့အိတ်ချိန်းတွင် ပါဝင်ရန် စဉ်းစားမှုများ ပြုလုပ်နေရကြောင်း သိရသည်။“ရန်ကုန် စတော့အိတ်ချိန်းမှာ ပါဝင်ဖို့အတွက် ကျွန်တော့်ဘဏ်က အချက်အလက် အားလုံး ကိုက်ညီတယ်။ ဒါပေမဲ့ စဉ်းစားနေရတာက ရန်ကုန် စတော့အိတ်ချိန်းမှာက စည်းမျဉ်းစည်းကမ်း တည်ငြိမ်မှုလည်း မရှိသေးဘူး။ ပြီးတော့ ဒီစတော့အိတ်ချိန်းကို ကြီးကြပ်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့တွေကလည်း အစိုးရ လူတွေချည်းပဲ ဖြစ်နေတယ်။ ပြီးတော့ စတော့အိတ်ချိန်း စတင်မှာကလည်း အခုမှ မြေစမ်း ခရမ်းပျိုးကာလ ဖြစ်နေတယ်။ ဒီတော့ ကျွန်တော်တို့ စဉ်းစားရမှာက ဒီစတော့အိတ်ချိန်းဝင်လို့ ဘယ်လို အကျိုးရှိမလဲ။ အခက်အခဲတွေက အများကြီးပဲ။ ကျွန်တော်တို့က အချိန်မရွေး ဝင်လို့ရတယ်။ ခဏ စောင့်ကြည့်ပြီး သင့်တော်တဲ့ အချိန်မှ ဝင်မယ်။ အလျင်စလို လုပ်ဖို့ မလိုဘူး” ဟု ပထမ ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ဝင်ရောက်၍ အစုရှယ်ယာများ ရောင်းချလိုသည့် အများပိုင် ကုမ္ပဏီများအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံး စံသတ်မှတ်ချက် ၁၇ ချက်ရှိပြီး စာရင်းဝင်မည့် ကုမ္ပဏီသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ မှတ်ပုံတင်ထားသော ပေးရန်တာဝန် ကန့်သတ်ထားသည့် လီမီတက် ကုမ္ပဏီဖြစ်ပြီး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အင်္ဂါရပ်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်ရန်၊ အစုရှယ်ယာဝင်ဦးရေ အနည်းဆုံး ၁၀၀ အထက် ရှိရန်နှင့် လျှောက်ထားသည့်နေ့တွင် ထည့်ဝင်ပြီး မတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း ၅၀၀ ရှိရမည်ဟု သတ်မှတ်ထားသည်။ထို့ပြင် လျှောက်ထားသည့် နေ့မတိုင်မီ အနည်းဆုံး နှစ်နှစ်အတွင်း လုပ်ငန်း အမြတ်အစွန်း ရှိရမည်ဖြစ်ပြီး တည်ဆဲ ဥပဒေများနှင့်အညီ  စီးပွားရေးလုပ်ငန်း လုပ်ကိုင်၍ တည်ငြိမ်သော ဝင်ငွေ အခြေခံ ရှိရမည် စသည့် အချက်များအပြင် သတ်မှတ်ချက် အများအပြား သတ်မှတ်ထားသည်။“ငွေဖြူငွေမဲ ပြဿနာက ကျွန်တော်တို့ နိုင်ငံက မလွတ်သေးဘူုး။ ကျွန်တော်တို့ အနေနဲ့ အခု ရှယ်ယာတွေ ရောင်းမယ်ဆိုရင် ဒီလိုမျိုး ငွေကြေး ခဝါချတာလား၊ ရှယ်ယာတွေကို ထိန်းချုပ်ချင်တာလား အသေအချာ စိစစ်လို့ရတယ်။ ဒီလို ငွေကြေးတွေကိုဈေးကစားနိုင်သူတွေကလည်း  မြန်မာနိုင်ငံမှာ သိပ်မရှိဘူး။ လူနည်းစုပဲ ရှိတယ်။ ဒီလိုလူတွေက စတော့အိတ်ချိန်းမှာဆိုရင် အတားအဆီးမရှိ ဝယ်နိုင်သွားမယ်။ ကျွန်တော်တို့ စိစစ်လို့ မရတော့ဘူး။ ဒီအခြေအနေက စိုးရိမ်စရာ ဖြစ်နေတယ်” ဟု အများပိုင် ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် အသေအချာ ပါဝင်နိုင်မည့် အများပိုင် ကုမ္ပဏီ ငါးခုခန့် ရှိနေပြီး စတော့အိတ်ချိန်း စတင်သည့် အချိန်တွင် ငါးခုမှ ခုနစ်ခုအကြား ပါဝင်မည် ဖြစ်ကြောင်းနှင့် ပါဝင်မည့် ကုမ္ပဏီများကို ဖွင့်ပွဲနေ့တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားထားသည်။ရန်ကုန် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ငါးနှစ်ခန့်အတွင်း အောင်မြင်မှုရမည် မဟုတ်ဘဲ ရုန်းကန်ရမှုများ ရှိလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက သုံးသပ်နေသော်လည်း ရန်ကုန် စတော့အိတ်ချိန်းသည် အလားအလာ ကောင်းများရှိ ပြီး ဗီယက်နမ် စတော့အိတ်ချိန်း အောင်မြင်မှုကို သုံးနှစ်အတွင်း အမီလိုက်နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။၂၀၁၂  ခုနှစ် နောက်ပိုင်းတွင် အရောင်းအဝယ်များ၊ ဈေးကစားမှုများဖြင့် ပြည့်နှက်နေခဲ့သည့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဈေးကွက်မှာ လတ်တလောတွင် ဈေးကွက် အေးနေပြီး ၂၀၁၆ ခုနှစ်တွင် အသစ် တက်လာမည့် အစိုးရ၏ မူဝါဒများ စောင့်မျှော်နေရခြင်း၊ ကုမ္ပဏီများ အတွက်လည်း ဘဏ်အတိုးနှုန်း မြင့်မားမှုနှင့် ချေးငွေရရန် အခက်အခဲများသည် ရန်ကုန် စတော့အိတ်ချိန်း အောင်မြင်မှုအတွက် အထောက်အပံ့များ ဖြစ်လာစေမည် ဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်း ပေါ်ပေါက်လာပါက စတော့အိတ်ချိန်းသို့ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှု များပြားနိုင်သဖြင့် အိမ်ခြံမြေဈေးကွက် ကစားသူများ၌ စိုးရိမ်ဖွယ် အနေအထား ဖြစ်လာနိုင်ကြောင်း House.com.mm မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent