၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှုမှ အမေရိကန် ဒေါ်လာလေး ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးအခြေအနေမှာ ပုံမှန်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၃၀၃ ဒသမ ၂၈၇ သန်းနှင့် နယ်စပ်လမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ ၇၆၃ ဒသမ ၅၀၆ သန်းဖိုးဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀၆၆ ဒသမ ၇၉၃ သန်း တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု အခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည်များ တင်သွင်းမှုကြောင့် ကုန်သွယ်မှု ပမာဏတွင် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် ပိုများနေဆဲ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။သွင်းကုန် အမျိုးအစားတွင် ရင်းနှီးကုန်စည်၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် လူသုံးကုန်စည်များဟူ၍ သုံးပိုင်းရှိသည့်အနက် ရင်းနှီးကုန်စည်သည် ၄၅ ရာခိုင်နှုန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းမှာ ရာခိုင်နှုန်း ၃၀ နှင့် လူသုံးကုန်စည်မှာ ၂၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေးဒေါက်တာ မောင်အောင်က ပြောကြားသည်။အလားတူ ခြောက်လအတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၅၀၇ ဒသမ ၄၁၂ သန်းကျော် ရရှိထားကြောင်း သိရသည်။ အဆိုပါ ခြောက်လအတွင်း ကုန်သွယ်မှု၌လည်း ပို့ကုန်ထက်သွင်း ကုန်တင်သွင်းမှုပမာဏ ပိုများနေသည်။ ခြောက်လအတွင်း ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅၆၁၈ သန်းသာ ရရှိထားပြီး သွင်းကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇၈၈၈ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ရင်းနှီးကုန်စည် သွင်းကုန်များအနက် Drawback ဟုခေါ်သည့် ပြန်လည် ထုတ်ယူမည့် သွင်းကုန်မှာ အများဆုံးဖြစ်ပြီး အကြီးစား ယန္တရားကြီးများ၊ ဆောက်လုပ်ရေးဆိုင်ရာ ကိရိယာများပါဝင်ကြောင်း၊ စာရင်းသဘောအရ တန်ဖိုးပေးသွင်းပြီး သွင်းကုန်စာရင်းတွင် ပါဝင်သော်လည်း ငွေကြေးအားဖြင့် ပေးချေမှုမရှိကြောင်း၊ တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးပါက ပြန်လည်ထုတ်ယူမည့် သွင်းကုန်ပစ္စည်းများ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု အမေရိကန်ဒေါ်လာ လေးဘီလျံကျော် တင်သွင်းထား















