၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၇ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာ ၁၃ ရက်အထိ ရှစ်လအတွင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၇၀၇၂ ဒသမ ၁၃၂ သန်းရှိကာ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၂၁၇ ဒသမ ၆၃၇ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၉၈၅၄ ဒသမ ၄၉၅ သန်းရှိကြောင်း သိရသည်။ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၆၃၆ ဒသမ ၈၅၈ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၇ ဘီလျံကျော်အထိ ရှိလာပြီး ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာသန်း ၃၇၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု ပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၇ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော်ရှိ










