မြန်မာ တစ်နိုင်ငံလုံးတွင် လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေါင်း ၁၂၄၀ အထိရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၂ လုံး ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။အဆိုပါ စာရင်းမှာ အောက်တိုဘာလကုန်အထိဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် လိုင်စင်ရဟိုတယ် အလုံးရေ ၃၁၇ လုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင်ရဟိုတယ် အလုံးရေ ၃၇၅ လုံးရှိကာ လိုင်စင်ရ ဟိုတယ် အများဆုံးရှိသည့် မြို့များဖြစ်ကြောင်း သိရသည်။သြဂုတ်လကုန်အထိ စာရင်းများအရမူ ရန်ကုန်တွင် လိုင်စင်ရ အလုံးပေါင်း ၃၁၁ လုံး၊ မန္တလေးတွင် လိုင်စင်ရ အလုံးပေါင်း ၁၆၂ လုံး၊ နေပြည်တော် ပြည်ထောင်စုဒေသတွင် လိုင်စင်ရ အလုံးပေါင်း ၆၃ လုံး၊ ပုဂံ/ညောင်ဦးမြို့တွင် လိုင်စင်ရ အလုံးပေါင်း ၇၈ လုံးနှင့် တောင်ကြီး/အင်းလေး ဒေသတွင် လိုင်စင်ရ အလုံးပေါင်း ၁၀၀ စသည်ဖြင့် အသီးသီးရှိကြောင်း သိရသည်။ယင်းနောက် စက်တင်ဘာလကုန်အထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်ရ အလုံးပေါင်း ၁၂၃၅ လုံးအထိ ရှိသည်ဟု သိရပြီး အဆိုပါ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် အသုံးပြုနိုင်သည့် အခန်းပေါင်း ၄၈၄၂၅ ခန်း ရှိလာကြောင်း သိရသည်။အောက်တိုဘာလကုန်အထိ စာရင်းများအရမူ လိုင်စင်ရ အလုံးပေါင်း ၁၂၄၀ အထိ ရှိသည်ဟု သိရပြီး အဆိုပါ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် အသုံးပြုနိုင်သည့် အခန်းပေါင်း ၄၈၇၃၇ ခန်းရှိလာကြောင်း သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်ဒေသတို့တွင် တည်ရှိပြီး လိုင်စင်ရ အလုံးရေပေါင်း ၃၂ လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၄၅၆၇ ခန်း ရှိကြောင်း သိရသည်။့မြန်မာနိုင်ငံတွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်ရန်အတွက် နိုင်ငံသားနှင့် နိုင်ငံခြား ကုမ္ပဏီများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားမှုများ ဆက်တိုက်နီးပါး ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း စိစစ်ခွင့်ပြုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။စက်တင်ဘာလ အတွင်းက ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးများတွင် နေပြည်တော်နှင့် ရန်ကုန်တွင် နိုင်ငံသား ကုမ္ပဏီများက မြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှစ်ခု ခွင့်ပြုခဲ့ပြီး ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ် အတွင်းရှိ မြေဧက ၁၀၀ ကျော်တွင် ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံခြားကုမ္ပဏီ တစ်ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၌ လာရောက်လျှောက်ထားသည့် လုပ်ငန်းလိုင်စင်ကို ပြန်လည်ချထားပေးရာတွင် ရန်ကုန်နှင့် မန္တလေးဒေသတို့တွင် အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၂၄၀ ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၂ လုံး ပါဝင်










