ပြင်ပရှိ နိုင်ငံပိုင်ဘဏ်များသို့ ရောက်ရှိနေသည့် ဒေါ်လာများကို IMF အကူအညီဖြင့် ဗဟိုဘဏ်သို့ ပြန်လည် ဆွဲသွင်းနေသည့်အတွက် နိုင်ငံခြား အရန်ငွေနှင့် ပတ်သက်၍ ကွဲပြားမှု အမျိုးမျိုး ဖြစ်နေသော်လည်း နိုင်ငံခြား အရန်ငွေ နည်းပါးမှုကြောင့် လွန်စွာဒုက္ခရောက်မည့် အခြေအန

ပြင်ပရှိ နိုင်ငံပိုင်ဘဏ်များသို့ ရောက်ရှိနေသည့် ဒေါ်လာများကို IMF အကူအညီဖြင့် ဗဟိုဘဏ်သို့ ပြန်လည် ဆွဲသွင်းနေသည့်အတွက် နိုင်ငံခြား အရန်ငွေနှင့် ပတ်သက်၍ ကွဲပြားမှု အမျိုးမျိုး ဖြစ်နေသော်လည်း နိုင်ငံခြား အရန်ငွေ နည်းပါးမှုကြောင့် လွန်စွာဒုက္ခရောက်မည့် အခြေအန
Published 22 November 2015
ဖြိုးဝေ

ပြင်ပရှိ နိုင်ငံပိုင်ဘဏ်များသို့ ရောက်ရှိနေသည့် ဒေါ်လာများကို IMF အကူအညီဖြင့် ဗဟိုဘဏ်သို့ ပြန်လည် ဆွဲသွင်းနေသည့်အတွက် နိုင်ငံခြား အရန်ငွေနှင့် ပတ်သက်၍ ကွဲပြားမှု အမျိုးမျိုး ဖြစ်နေသော်လည်း နိုင်ငံခြား အရန်ငွေ နည်းပါးမှုကြောင့် လွန်စွာဒုက္ခရောက်မည့် အခြေအနေ မရှိဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြားပြင်ပရှိ နိုင်ငံပိုင်ဘဏ်များသို့ ရောက်ရှိနေသည့် ဒေါ်လာများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့၏ အကူအညီဖြင့် ဗဟိုဘဏ်သို့ ပြန်လည်ဆွဲသွင်းနေသည့်အတွက် နိုင်ငံခြား အရန်ငွေနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေ နည်းပါးမှုကြောင့် အရမ်းကြီး ဒုက္ခရောက်သွားမည့် အခြေအနေ မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြား အရန်ငွေ ပမာဏ နည်းပါးခြင်းကြောင့် ဂယက်ရိုက်မှု တစ်စုံတစ်ရာ ရှိလာပါက အန္တရာယ် ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က သတိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်ပွမှုနှုန်း မြင့်တက်ဆဲဖြစ်ခြင်း ငွေကြေးနှင့် ချေးငွေများ တိုးတက်လာခြင်း၊ ကျပ်ငွေတန်ဖိုး လျော့ကျလာခြင်း နိုင်ငံခြား အရန်ငွေ ပမာဏမှာလည်း နည်းပါးနေသေးသည့်အတွက် ထိခိုက်လွယ်သည့် အနေအထားတွင် ရှိနေသည်ဟု IMF က သတိပေးထားသည်။နိုင်ငံခြား အရန်ငွေနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် အကုန်ပိုင်းတွင် ဒေါ်လာ ကိုးဘီလျံခန့် ရှိသည့်ဟု လက်ရှိကျင်းပနေဆဲဖြစ်သည့် လွှတ်တော်အတွင်း ဖြေဆိုမှုများ ရှိခဲ့သည်။ အဆိုပါ အခြေအနေမှ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ စနစ်တကျ တွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေမှာ သွင်းကုန် သုံးလစာခန့် ရှိနိုင်သည့် အမေရိကန်ဒေါ်လာ ငါးဘီလျံခန့်သာ ရှိနိုင်သည့်အတွက် စိုးရိမ်ရသော အခြေအနေ ရှိနေသည်ဟု IMF က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။“နိုင်ငံခြား အရန်ငွေက မလျော့ဘူးလားဆိုတော့ ကျွန်တော်တို့ ရောင်းနေတော့ လျော့တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ပြန်ဝင်တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံက အစကတည်းက နိုင်ငံခြား အရန်ငွေ အရမ်းကြီးများတဲ့ နိုင်ငံမဟုတ်ပါဘူး။ နိုင်ငံခြား အရန်ငွေနဲ့ ပတ်သက်ပြီး ဖြေကြတဲ့အခါမှာ တစ်ယောက်လာ တစ်ခါပြောင်းတယ်ဆိုပြီး ပြောကြပါတယ်။ နိုင်ငံခြား အရန်ငွေဆိုတာ နာရီပိုင်းနဲ့ ပြောင်းနေသလို၊ တစ်နေ့နဲ့ တစ်နေ့ကလည်း ပြောင်းနေပါတယ်။ ဒါကို မသိကြလို့ ပြောနေကြတာပါ။ အရန်ငွေကို ရောင်းတာရှိသလို ပြန်ဝင်တာလည်းရှိတော့ သိသိသာသာ မလျော့ပါဘူး။ ဒီလို ကိုးဘီလျံ ရှိတယ်ဆိုတုန်းက အရမ်းများတယ်လို့ ထင်ကြလို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေ ဘီလျံ ၁၆၀ လောက်နဲ့စာရင် မြန်မာနိုင်ငံက သူ့ရဲ့ ၁၀ ပုံ တစ်ပုံတောင် မရှိပါဘူးဆိုပြီး ပြန်ဖြေခဲ့ရတယ်။ ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံခြား အရန်ငွေ သိသိသာသာ ကျဆင်းနေသလားဆိုရင် ဝင်တာလည်းရှိသလို ထွက်တာလည်း ရှိနေတော့ အရမ်းကြီး ဒုက္ခရောက်သွားမယ့် အခြေအနေမှာ မရှိပါဘူး” ဟု ဦးဆက်အောင်က ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံသည် ယခင်က နိုင်ငံခြား အရန်ငွေများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ထားရှိခဲ့ခြင်း မဟုတ်သည့်အတွက် ပြင်ပရှိ နိုင်ငံပိုင်ဘဏ်များတွင်သာ အမေရိကန် ဒေါ်လာများ ရောက်ရှိနေခဲ့သည်။ လက်ရှိ အစိုးရသစ် လက်ထက်တွင် ပြင်ပရှိ နိုင်ငံပိုင်ဘဏ်များမှ အမေရိကန် ဒေါ်လာများကို ဗဟိုဘဏ်သို့ ပြန်လည် ဆွဲသွင်းနေသည့်အတွက် ယခင် ကိုးဘီလျံဟု ပြောကြားချက်မှာ ပြင်ပရှိ နိုင်ငံပိုင်ဘဏ်များသို့ ရောက်ရှိနေသည့် ပမာဏသာ ဖြစ်နေပြီး လက်ရှိ ဒေါ်လာ ငါးဘီလျံဆိုသည်မှာ အဆိုပါ နိုင်ငံပိုင်ဘဏ်များမှ ဗဟိုဘဏ်သို့ ပြန်လည်ရောက်ရှိလာသည့် ပမာဏသာ ဖြစ်ကြောင်း ဦးဆက်အောင်က ဆက်လက် ရှင်းလင်းသည်။လက်ရှိ အခြေအနေဖြစ်သည့် ရွေးကောက်ပွဲအပြီး ကာလတွင် ယခင် တည်ငြိမ်နေခဲ့သည့် ဒေါ်လာဈေးသည် ပြန်လည် လှုပ်ခတ်လာခဲ့ပြီး ဒေါ်လာဈေးနှုန်းများကို ဗဟိုဘဏ်က ဆက်တိုက် တိုးမြှင့်လာသည်။ ထိုသို့ ဆက်တိုက် တိုးမြှင့်လာမှုကြောင့် ဗဟိုဘဏ် သတ်မှတ် ငွေလဲနှုန်းသည် နိုဝင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၈ ကျပ်မှ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၉ ကျပ်သို့ လည်းကောင်း နိုဝင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ်၊ ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ်မှ ၂၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ် အထိ ရှိလာခဲ့သည်။ အဆိုပါ အခြေအနေများသည် မြန်မာနိုင်ငံတွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ နိုင်ငံတကာတွင်လည်း ဒေါ်လာဈေးနှုန်း မြင့်တက်နေသည့်အတွက် လက်ရှိအခြေအနေ၌ ဒေါ်လာဈေးအား အလွန်အမင်း မြင့်တက်မှု မဖြစ်ပေါ်စေရန် ဗဟိုဘဏ် အနေဖြင့် နေ့စဉ် နိုင်ငံခြားငွေလေလံဖြင့် ထိန်းညှိပေးနေကြောင်း ဦးဆက်အောင်က ပြောကြားသည်။

Most Read

Most Recent