ငွေကြေးဖောင်းပွမှုဒဏ် ခံစားနေရသည့်အတွက် ငွေကြေးပြန်လည် ကျုံ့ဝင်လာစေမည့် မူဝါဒကို အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်သုံးသွားရန် မူဝါဒချမှတ်ထားကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ငွေကြေးဖောင်းပွမှုဒဏ် ခံစားနေရသည့်အတွက် ငွေကြေးပြန်လည် ကျုံ့ဝင်လာစေမည့် မူဝါဒကို အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်သုံးသွားရန် မူဝါဒချမှတ်ထားကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 22 November 2015
ဇော်ဝေ

စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားလာနေရသည့်အတွက် ငွေကြေးပြန်လည် ကျုံ့ဝင်လာစေမည့် မူဝါဒကို အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်သုံးသွားရန် မူဝါဒချမှတ်ထားကြောင်း နိုဝင်ဘာ ၂၁ ရက်က အမျိုးသားစီမံံခန့်ခွဲမှုပညာကောလိပ်၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များသို့ နိုင်ငံခြားငွေလက်ခံ၊ ကိုင်ဆောင်၊ သုံးစွဲရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားမှု အခမ်းအနားတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
 
“ကျွန်တော်တို့ မြန်မာနိုင်ငံက စီးပွားရေး အရမ်းတိုးတက်လာပြီးတော့Economic Heating တော့ ဖြစ်မလာသေးဘူးပေါ့။ ဒါပေမဲ့ Sign တွေ ပြနေတယ်။Economic Heating  ဖြစ်နိုင်မယ့် Sign တွေပြနေတယ်။ Inflation က နောက်က လိုက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က Inflation မဖြစ်အောင် တားဆီးနေရတာ။  ကျွန်တော်တို့အနေနဲ့က Inflation က လိုက်လာတဲ့အတွက် ဒီ Inflation ကိုချဖို့အတွက် လူမကြိုက်တဲ့ အဆဲခံရတဲ့မူဝါဒ ဆေးခါးကြီးကို ကိုင်နေရတာရှိပါတယ်။ ဘယ်သူတွေ အဓိကလည်းဆိုတော့ ဗဟိုဘဏ်တစ်ခုတည်း ကိုင်လို့မရပါဘူး။ ဗဟိုဘဏ်က  Monetary Policy ကို ကိုင်ပါမယ်။ Fiscal Policy က ဘဏ္ဍာရေးဝန်ကြီးဌာနက ကိုင်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ကိုင်တာတွေ ကျွန်တော် အရင်ပြောပြပါမယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပြဿနာတွေနဲ့ပါ။ ဒီ Fiscal Policy တွေ ဒီ Contractionary Policy ကိုကျင့်သုံးတော့မယ်ဆိုရင် သူတို့ရဲ့ Basic Method တွေက ဘာလဲဆိုတော့ အခွန်တွေ တိုးကောက်ပါမယ်။ ဘယ်သူမှ မကြိုက်ပါဘူး။ အခွန်တွေတိုးကောက်ပြီးတော့ Government Expenditure တွေကို လျှော့ချရမယ်။  Reform လုပ်နေတဲ့အချိန်မှာ Government Expenditure  လျှော့လိုက်မယ် ဆိုရင်လည်း အလွန်ပြဿနာရှိပါတယ်။ အဲ့တော့ ဒီအတိုင်းသွားမယ်။ အခွန်အခကောက်ခံမှုကလည်း နည်းမယ်။ အစိုးရအသုံးစရိတ်ကလည် များမယ်ဆိုရင် Fiscal Deficit  ဖြစ်လာမယ်။ အဲဒီ Deficit ကို ကျွန်တော်တို့က Bond တွေ ထုတ်ရောင်းပြီးတော့ ပြည်သူတွေဆီက ယူရမယ်။ Bond တွေထုတ်ရောင်း ဖို့ကလည်း ကျွန်တော်တို့က Secondary Market  က မရှိဘူး။ အဲဒီတော့ ခုနလို့ လုပ်ရကိုင်ရတာ အခက်အခဲတွေ အများကြီးရှိပါတယ်” မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
 
ဆက်လက်၍ ၎င်းက “ Monetary Policy ပိုင်းက ဘာလုပ်ရလဲဆိုတော့ နှစ်ခုပဲ လုပ်ရပါတယ်။ နံပါတ်တစ် အချက်ကတော့ ဘဏ်တွေကို သူတို့ချေးချင်သလောက် ချေးလို့မရအောင် လုပ်ပါမယ်။ ဘယ်သူကြိုက်လဲ။ ဘဏ်တွေလည်း မကြိုက်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း မကြိုက်ပါဘူး။ ဘဏ်က အကြွေးယူဖို့ပါဆိုနေမှ အရင်က ခက်နေတာ အခုပိုခက်မယ်။ ဘဏ်တွေကလည်း သူတို့အကြွေးများများပေးနိုင်မှ သူတို့ အတိုးများများရမယ်။ အဲဒါ ဘယ်သူမှ မကြိုက်ဘူး။ အဲဒါက တစ်နည်းပါ။ နောက်တစ်နည်းက ဘာလဲဆိုတော့ ဈေးကွက်ထဲမှာရှိတဲ့ Liquidity ဖြစ်နေတဲ့ ပိုက်ဆံတွေကို ဆွဲယူရတယ်။ နိုင်ငံခြားမှာတော့ Open Market Operation လို့ခေါ်ပါတယ်။ Bond တွေကို ထုတ်ရောင်းပါတယ်။ အဲလိုလုပ်တော့ ဘာဖြစ်လဲဆိုတော့ ငွေကျပ်တာတွေ ဖြစ်လာတယ်။ ငွေကျပ်လာတာ ဘယ်သူကြိုက်လဲ ။ ဘယ်သူမှမကြိုက်ပါဘူး။ ဒါက Monetary က လုပ်ရတဲ့ ဟာနှစ်ခုပါ။ အဲလိုပဲ Monetary Policy ရော Fiscal Policy ရော မျှမျှတတ လုပ်တဲ့အခါမှ Inflationukd ကိုထိန်းနိုင်မှာဖြစ်ပါတယ်။ အဲ့တော့ Inflation ကိုထိန်းဖို့ဆိုရင် အားလုံး ဆေးခါးကြီးကို သောက်ပြီးတော့ တော်တော်လေးကို ခံရမယ့်သဘော ရှိပါတယ်”ဟု ဦးဆက်အောင်က ပြောကြား သည်။
 
ယခုကဲ့သို့  Contractionary Policy  ကို ကျင့်သုံးမှုသည် ငွေကြေးဖောင်ပွမှုနှုန်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည့် ကျပ်ငွေလဲနှုန်း ကျဆင်းလာနေခြင်းကိုလည်း ထိရောက်စေမည်ဖြစ်ကြောင်းလည်း ဦးဆက်အောင်က ဆိုသည်။
 
“အဲဒါကိုကြည့်မယ်ဆိုရင်  အခုကျွန်တော်တို့ Currency depreciation ဖြစ်နေရခြင်းရဲ့ အကြောင်းအရင်းက Inflation ပါ။ Inflation ကို ထိန်းရမှာဖြစ်ပါတယ်။ Inflation ကို ထိန်းမယ်ဆိုရင်တော့ မလွယ်ပါဘူး။ ကျွန်တော်တို့ မျှမျှတတ ထိန်းရပါမယ်။ လုပ်ငန်းရှင်တွေလည်း မကြိုက်တဲ့ တော်တော်များများလည်း မကြိုက်တဲ့ Contractionary Policy လည်း သုံးနေရပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့က ချက်ချင်းလုပ်လို့ မရတဲ့အတွက် Medium Term Target  အနေနဲ့ ထိန်းနေရပါတယ်” ဟု ဦးဆက်အောင် က ပြောကြားသည်။
 
 
 

Most Read

Most Recent