ပြည်တွင်း၌ အိမ်၊ ခြံ၊ မြေဈေးကွက် အေးနေသော်လည်း စင်ကာပူရောက် မြန်မာများ ကွန်ဒိုနှင့် တိုက်ခန်း ဝယ်ယူရန် စိတ်ဝင်စားမှု များနေပြီး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲ နှစ်ရက်အတွင်း ကျပ်သိန်း ၇၀၀၀၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့ဟုဆို

ပြည်တွင်း၌ အိမ်၊ ခြံ၊ မြေဈေးကွက် အေးနေသော်လည်း စင်ကာပူရောက် မြန်မာများ ကွန်ဒိုနှင့် တိုက်ခန်း ဝယ်ယူရန် စိတ်ဝင်စားမှု များနေပြီး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲ နှစ်ရက်အတွင်း ကျပ်သိန်း ၇၀၀၀၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့ဟုဆို
Published 19 November 2015

ပြည်တွင်း၌ အိမ်၊ ခြံ၊ မြေ ဈေးကွက် အေးနေသော်လည်း စင်ကာပူရောက် မြန်မာများ ကွန်ဒိုနှင့် တိုက်ခန်း ဝယ်ယူရန် စိတ်ဝင်စားမှု များပြားပြီး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲ နှစ်ရက်အတွင်း ကျပ်သိန်း ၇၀၀၀၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း iMyanmrHouse.com မှ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောကြားသည်။အွန်လိုင်း အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သော iMyanmrHouse.com မှ ကြီးမှူး၍ ၂၀၁၅ ခုနှစ် အောက်တိုဘာ၂၄ ရက်နှင့် ၂၅ ရက်များတွင် စင်ကာပူနိုင်ငံ မြန်မာရပ်ကွက် Peninsula Plaza အနီးရှိ Grand Park City Hall Hotel တွင် စင်ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲတွင် ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“စင်ကာပူမှာရှိတဲ့ မြန်မာရပ်ကွက်နားမှာပေါ့နော်။ ကျွန်တော်တို့ အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲ သွားလုပ်တယ်။ စုစုပေါင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၁၂ ခုကျော် ပါဝင်ပြသပါတယ်။ ဒီပြပွဲမှာ တိုက်ခန်းနဲ့ ကွန်ဒို စုစုပေါင်း မြန်မာကျပ်ငွေ သိန်းပေါင်း ခုနစ်သောင်းကျော်ဖိုး ရောင်းချခဲ့ရပါတယ်။ စင်ကာပူ ရောက်နေတဲ့ မြန်မာတွေက ဝယ်ကြတာပါ။ စင်ကာပူ လူမျိုးတွေလည်း လာတော့ ကြည့်ပါတယ်။ သူတို့ကတော့ ဝယ်ခွင့် မရှိတဲ့အတွက် ဝယ်လို့တော့ မရဘူးပေါ့” ဟု ဦးနေမင်းသူက ဆိုသည်။အဆိုပါ ပြပွဲသို့ Golden City ၊ Star City ၊ Living Square ၊ Tritone ၊ စွယ်တော် စီးတီး၊ iGreen ၊ စမ်းချောင်းဂါးဒင်း စသည့် ကွန်ဒိုနှင့် အဆင့်မြင့် တိုက်ခန်း ဆောက်လုပ်ရေး ကုမ္ပဏီများ ဝင်ရောက်ပြသခဲ့ပြီး တိုက်ခန်းနှင့် အဆင့်မြင့် ကွန်ဒိုများကို အထူးဈေးနှုန်းများ၊ အရစ်ကျ စနစ်များဖြင့် ရောင်းချခဲ့သည်။ပြည်တွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေဖြင့် ၂၀၁၄ ခုနှစ် အစောပိုင်း ကတည်း အရောင်းအဝယ်မှာ အေးစက်နေခဲ့ပြီး ရွေးကောက်ပွဲ အလွန်တွင် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည့် အပြောင်းအလဲများကို စောင့်ကြည့်နေခြင်ကြောင့်လည်း ဈေးကွက်မှာ ပိုမိုအေးစက် နေကြောင်းလည်း သိရသည်။ပြည်တွင်း အိမ်၊ ခြံ၊ မြေ ဈေးမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု၊ ကျောက်မျက်နှင့် ဘိန်းလုပ်ငန်းများမှ ငွေမည်းကို ငွေဖြူ  ပြောင်းလဲရာ နေရာအဖြစ် ပြောင်းလဲ သွားခဲ့ကြောင်းသိရပြီး ရန်ကုန် အိမ်၊ ခြံ၊ မြေ နှင့် တိုက်ခန်း ဈေးနှုန်းများမှာ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကမ္ဘာ့အဆင့်မီ မြို့ကြီးများ၏ ဈေးနှုန်းသို့ ရောက်ရှိသွားခဲ့ကာ လက်ရှိ အချိန်တွင်လည်း အရောင်းအဝယ် အေးနေသည့်တိုင် ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းလာခြင်း မရှိသေးဘဲ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အရောင်းအဝယ် ဖောင်းပွမှု၊ ဈေးနှုန်း ဖောင်းပွမှုများဖြင့် ဆက်လက် ရှိနေသေးသည်။လူတန်းစားများ ဝယ်ယူနိုင်သည့် ဈေးနှုန်း မဖြစ်မချင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် တည်ငြိမ်မှု ရရှိမည် မဟုတ်ကြောင်း “၂၀၁၅ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက် အခြေအနေနှင့် အနာဂတ် အလားအလာ” ဟောပြောပွဲတွင် ရွှေမင်းသား အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးမြတ်သူဝင်းက ဆိုသည်။

Most Read

Most Recent