(၈)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၁၁ မျိုး၌ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၅ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄၇၆ မျိုး ထည့်သွင်း ကျင်းပမည် ဖြစ်သည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို စင်ကာပူ အမျိုးသား အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အာဆီယံ ဒေသတွင်း ၁၁ နိုင်ငံစလုံး ယှဉ်ပြိုင်မည် ဖြစ်သည်။ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ မြားပစ်၊ အလေးမ၊ မျက်မမြင် စစ်တုရင်၊ Goalball၊ ဘိုးလင်း၊ ဘတ်စကက်ဘော၊ ခုနစ်ယောက် ဘောလုံးနှင့် Boccia ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယခု အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အားသာသည့် ဘော်လီဘောပြိုင်ပွဲ ပါဝင်လာခဲ့ခြင်း မရှိကြောင်း သိရသည်။(၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီး ရွှေ ၃၄ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၆ ခုရရှိကာ အဆင့် ၅ နေရာ ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာ မသန်စွမ်း အားကစားအဖွဲ့ အားကစားနည်း ၁၁ မျိုး၌ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထား