ပါရီအကြမ်းဖက်မှုဖြစ်ရပ်ဆိုးကြောင့် ပြင်သစ်ကစားသမားများအား အင်္ဂလန်အသင်းနှင့် ခြေစမ်းပွဲ လူစာရင်းမှ နုတ်ထွက်ခွင့်ပြုသော်လည်း နုတ်ထွက်မည့်သူမရှိ

ပါရီအကြမ်းဖက်မှုဖြစ်ရပ်ဆိုးကြောင့် ပြင်သစ်ကစားသမားများအား အင်္ဂလန်အသင်းနှင့် ခြေစမ်းပွဲ လူစာရင်းမှ နုတ်ထွက်ခွင့်ပြုသော်လည်း နုတ်ထွက်မည့်သူမရှိ
Published 16 November 2015

ပါရီမြို့တွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် အကြမ်းဖက်မှု ဖြစ်ရပ်ဆိုးကြောင့် ပြင်သစ် ကစားသမားမည်သူမဆို အင်္ဂလန်အအသင်းနှင့် ခြေစမ်းပွဲလူစာရင်းမှ နုတ်ထွက်ခွင့်ပြုသော်လည်း နုတ်ထွက်မည့်သူမရှိကြောင်း သိရသည်။
အင်္ဂလန်နှင့် ပြင်သစ်အသင်းတို့သည် အင်္ဂလန်နိုင်ငံရှိ ဝင်ဘလေကွင်းတွင် အင်္ဂါနေ့၌ ခြေစမ်းရန် စီစဉ်ထားသည်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(FA)က ပြင်သစ်ဘက်မှ အလိုရှိပါက ယင်းခြေစမ်းပွဲကို ဖျက်သိမ်းရန် ကမ်းလှမ်းခဲ့သော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ငြင်းဆန်ခဲ့ပြီး စီစဉ်ထားသည့်အတိုင်း ခြေစမ်းရန် ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် ပါရီဖြစ်ရပ်ဆိုးကြောင့် စိတ်ထိခိုက်မှုများ ရှိနေနိုင်သည့်အတွက် အသင်းမှ ကစားသမားများကို နုတ်ထွက်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နုတ်ထွက်သူ မရှိခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပါရီအကြမ်းဖက်မှုတွင် ညီအစ်ကိုဝမ်းကွဲတစ်ဦး သေဆုံးခဲ့သည့် ပြင်သစ်ကွင်းလယ်လူ လက်ဆနာ ဒီယာရာ၊ လူ(၈၉)ဦး သေဆုံးခဲ့သည့် Bataclan Theatre တွင် ရှိနေခဲ့သော်လည်း အသက်ဘေးမှလွတ်မြောက်ခဲ့သူ(ညီမ)၏ အစ်ကို ဂရစ်ဇ်မန်းတို့ အပါအဝင် ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်ချမ့်စ် ရွေးချယ်ထားသည့် ကစားသမား (၂၃)ဦးစလုံး ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
ဝင်ဘလေကွင်း ခြေစမ်းပွဲတွင် အင်္ဂလန်ပရိသတ်များက ပြင်သစ်အသင်းအား စာနာထောက်ထားကြောင်း ပြသရန်လည်း စီစဉ်လျက်ရှိရာ ဝင်ဘလေကွင်းသည် အနီ၊ အဖြူ၊ ၊ အပြာ သုံးရောင်ခြယ် ပြင်သစ်အလံ ပင်လယ်ဖြင့် လွှမ်းမိုးဖွယ်ရှိသည်။
ထို့ပြင် အင်္ဂလန်ပရိသတ်များ ယင်းပွဲတွင် ပြင်သစ်နိုင်ငံတော်သီချင်းကိုလည်း သီဆိုဖွယ်ရှိကြောင်း သိရသည်။
Ref & Photo: Mirror