မော်ရင်ဟို၏ ချယ်လ်ဆီးအသင်း နိုင်ပွဲပြန်ရ၊ ဘိုင်ယန်မြူ းနစ်ကို အာဆင်နယ်ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဘာစီလိုနာနိုင်ပွဲဆက်ခဲ့

မော်ရင်ဟို၏ ချယ်လ်ဆီးအသင်း နိုင်ပွဲပြန်ရ၊ ဘိုင်ယန်မြူ းနစ်ကို အာဆင်နယ်ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဘာစီလိုနာနိုင်ပွဲဆက်ခဲ့
Published 5 November 2015

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄) (ဒုတိယနေ့)ပွဲစဉ်များတွင် (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည့် မော်ရင်ဟို၏ ချယ်လ်ဆီးအသင်းသည် ဒိုင်နမိုကိဗ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းမှာ ဘိုင်ယန်မြူ းနစ်ကို အဝေးကွင်းတွင် (၅-၁)ဂိုးဖြင့် အရေးနိမ်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် (၃၄)မိနစ်တွင် ဒိုင်နမိုကိဗ်နောက်ခံလူ ဒရာဂိုဗစ်၏ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုကြောင့် ဦးဆောင်ဂိုးရရှိခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင် ဒိုင်နမိုကိဗ်အသင်းက ချေပဂိုးရရှိရန် ကြိုးပမ်းလာသဖြင့်ချယ်လ်ဆီးအသင်း ဖိအားများလာခဲ့သည်။ဒိုင်နမိုကိဗ်အသင်းအတွက် ချေပဂိုးကို ပွဲချိန်(၇၇)မိနစ်တွင် ဒရာဂိုဗစ်ကပင် ပြန်လည်သွင်းယူပေးခဲ့သည်။ ချယ်လ်ဆီးအသင်းသည် အနိုင်ဂိုးပြန်လည်ရရှိရန်အတွက် ဟာဇက်၊ ပတ်ဒရိုတို့ကို ထည့်သွင်းခဲ့သည်။ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးကို (၈၃)မိနစ်တွင် ဝီလီယံ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းကာ ရယူပေးခဲ့သည်။
အာဆင်နယ်အသင်းမှာမူ ဘိုင်ယန်မြူ းနစ်ကို မယှဉ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာတင် (၃)ဂိုးပေးခဲ့ရကာ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ဘိုင်ယန်မြူ းနစ်အတွက် ဂိုးများကို(၁၀)မိနစ်တွင် လီဝန်ဒေါစကီး၊ (၂၉)နှင့် (၈၉)မိနစ်များတွင် မူလာ၊ (၄၄)မိနစ်တွင် အလာဘာနှင့် (၅၅)မိနစ်တွင် လူစားဝင်လာသူ ရော်ဘင်တို့က သွင်းယူပေးခဲ့သည်။အာဆင်နယ်အတွက် နှစ်သိမ့်ဂိုးကို (၆၉)မိနစ်တွင် ဂျရူးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။အုပ်စုအတွင်းပြိုင်ဘက် အိုလံပီယာကော့စ်အသင်းမှာ အနိုင်ရရှိခဲ့သဖြင့် အာဆင်နယ်အသင်းမှာ အုပ်စုမှ လွတ်မြောက်ရန် ပိုမိုရုန်းကန်ရတော့မည်ဖြစ်သည်။
အခြားပွဲစဉ်များတွင် ဘာစီလိုနာ၊ ရိုးမား၊ ပေါ်တိုစသည့် ဥရောပနာမည်ကြီးအသင်းများ အနိုင်ရရှိခဲ့သော်လည်း ဗလင်စီယာအသင်းမှာ ဂျန့်အသင်းကို (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။လိုင်ယွန်အသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည့် ဇင်းနစ်အသင်းမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပွဲစဉ်ရလဒ်များဘာစီလိုနာ ၃-၀ BATEနေမာ (၃၀' ပယ်နယ်တီ၊ ၈၃')ဆွာရက်ဇ်(၆၀')
ရိုးမား ၃-၂ လေဗာကူဆင်ဆာလာ(၂') မာမီဒီ(၄၆')ဂျက်ကို(၂၉') ဟာနန်ဒက်ဇ်(၅၁')ပီယာနစ်(၈၀'ပယ်နယ်တီ)
ဘိုင်ယန်မြူ းနစ် ၅-၁ အာဆင်နယ်လီဝန်ဒေါစကီး (၁၀') ဂျရူး(၆၉)မူလာ(၂၉၊ ၈၉)အလာဘာ(၄၄)ရော်ဘင်(၅၅)
အိုလံပီယကော့စ် ၂-၁ ဒိုင်နမိုဇာဂရက်ပါဒို(၆၅၊ ၉၀) အာမင်ဟော့ဒ်ဆစ်(၂၁)
မက္ကာဘီတဲလ်အဗစ် ၁-၃ ပေါ်တိုဇာဟာဗီ(၇၅ ပယ်နယ်တီ) တယ်ယို(၁၉)အန်ဒရီ(၄၉)လူယန်း(၇၂)
ချယ်လ်ဆီး ၂-၁ ဒိုင်နမိုကိဗ်ဒရာဂိုဗစ်(၃၄ OG) ဒရာဂိုဗစ်(၇၇)ဝီလီယံ(၈၃)
လိုင်ယွန် ဝ-၂ ဇင်းနစ်ဒီဇူဘာ(၂၅၊ ၅၇)
ဂျန့် ၁-၀ ဗလင်စီယာကမ်စ်(၄၉ ပယ်နယ်တီ)