တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးခြင်းအပေါ် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ရှင်းလင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးခြင်းအပေါ် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ရှင်းလင်း
Published 25 October 2015
မျိုးမင်းထက်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ပြည်သူလူထုအား ရှင်းလင်းခြင်း ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် အောက်တို ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ယုဇန ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
“ကျွန်မတို့က Pioneer ဖြစ်တယ်။မယုံသည်၊ ယုံသည်  အပထား စမ်းကြည့်ရမယ်။ Pioneer လို့ခေါ်တယ်။ အဲဒီလို  Pioneer ပုံစံမျိုးနဲ့ ကျွန်မတို့ စမ်းလိုက်တာ ဖြစ်တယ်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရကို ကျွန်မတို့က ဦးစွာ လက်တွေ့ စမ်းသပ်လိုက်ခြင်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့က ဘယ်လိုစဉ်းစားထားလဲဆိုတော့ ဒီရှစ်ဖွဲ့ဟာ နောက်မှာ ကျန်နေ သေးတဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ပါဝင်လာရေးကို ကြိုးစားဆဲရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ALP ဗဟိုကော်မတီနှင့် ALP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ဒုတိယ ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ရှင်းလင်းပြောကြားသည်။
ALP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက “လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့ရှိပါတယ်။ အဲလို ၂၁ ဖွဲ့ရှိတဲ့ အထဲမှာ ဘယ်အဖွဲ့ကမှ စစ်အစိုးရက တစ်ခေတ် ပြောင်းလဲလာသော ငြိမ်းချမ်းရေးကို လက်တွေ့ ဖော်ဆောင်နေပါသော ဦးသိန်းစိန်အစိုးရနဲ့ လက်မှတ်မထိုးချင်ပါဘူးလို့ ပြောတဲ့အဖွဲ့ ကျွန်မ မကြားသေးရပါဘူး။ အားလုံးသော အဖွဲ့အစည်းတွေသည်  လက်မှတ်ရေးထိုးပြီးတော့မှ နိုင်ငံရေးစားပွဲပေါ် ကို လာချင်တယ် ဆိုပြီးတော့မှ ပြောကြပါတယ်။အဲဒါကို ကျွန်မ အခိုင်အမာပြောချင်ပါတယ်”ဟု ဆိုသည်။
ဆက်လက်ပြီး ၎င်းင်းက “ဒါပေမဲ့ AA၊ တအာင်း၊ နောက်ပြီးလို့ရှိရင် ကိုးကန့် ဒီအဖွဲ့တွေကို အစိုးရက သီးသန့်အပေါ်နဲ့ စဉ်းစားတဲ့အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လာရောက်တွေ့ဆုံပြီးတော့မှ အားလုံးပါဝင်ခြင်းကို ကြိုးစားခဲ့ပါသော်လည်း ဒီနေ့အထိ မအောင်မြင်သေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် တချို့က အားလုံးပါဝင်ရေး မူအပေါ်မှာ မူတည်ပြီးတော့ တောင့်တင်းရပ်ခံရတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်”ဟု ဆိုသည်။
“ အားလုံးပါဝင်ရေးမူကို အသေဆုပ်ကိုင်ထားရင် နိုင်ငံရေး တံခါးပေါက်ကို မရောက်နိုင်ဘူး။ နိုင်ငံရေး တံခါးပေါက်ကို ရောက်ဖို့အတွက် Political ဆိုတဲ့ ဆွေးနွေးရေးစားပွဲပေါ်ကို ရောက်ဖို့အတွက် NCAကို လက်မှတ်ထိုးရမယ်” ဟု ALP ဒုဥက္ကဋ္ဌ ခိုင်စိုး နိုင်အောင်က ပြောကြားသည်။
အဆိုပါရှင်းလင်းပ၌ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့က  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အမြင်သဘောထားများကို ပြောကြားသည်။        

Most Read

Most Recent