အဝေးကွင်းတွင် မန်ယူအသင်း တစ်မှတ်သာရရှိခဲ့ပြီး မန်စီးတီး၊ အက်သလက်တီကို၊ ဝုလ်ဖ်ဘတ်၊ ဂါလာတာရေးနှင့် မာလ်မိုတို့ နိုင်ပွဲ ရရှိခဲ့

အဝေးကွင်းတွင် မန်ယူအသင်း တစ်မှတ်သာရရှိခဲ့ပြီး မန်စီးတီး၊ အက်သလက်တီကို၊ ဝုလ်ဖ်ဘတ်၊ ဂါလာတာရေးနှင့် မာလ်မိုတို့ နိုင်ပွဲ ရရှိခဲ့
Published 22 October 2015

ချန်ပီယံလိဂ်အုပ်စု တတိယပွဲစဉ် (ဒုတိယနေ့)ကို ဆက်လက်ကစားခဲ့ရာ အဝေးကွင်းတွင် မန်ယူအသင်း တစ်မှတ်သာ ရရှိခဲ့ပြီး မန်စီးတီး၊ အက်သလက်တီကို၊ ဝုလ်ဖ်ဘတ်၊ ဂါလာတာရေးနှင့် မာလ်မိုတို့ နိုင်ပွဲရရှိခဲ့ကြသည်။စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ခဲ့သည့် PSG နှင့် ရီးယဲလ်အသင်းတို့၏ပွဲမှာ အပြန်အလှန် ထိုးဖောက်မှုများဖြင့် အကြိတ်အနယ် ရှိခဲ့သော်လည်း ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့သည်။မန်ယူအသင်းသည် CSKA မော်စကို အသင်းကို အဝေးကွင်းတွင် ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ကလိုက်ကစားကာ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် (၁၄) မိနစ်တွင် မာရှယ်လ် ဂိုးဧရိယာအတွင်း လက်နဲ့ ထိခဲ့သဖြင့် ပယ်နယ်တီ ပေးခဲ့ရသည်။ ယင်းပယ်နယ်တီကို မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့သော်လည်း ပြန်ထွက်လာသော ဘောလုံးကို CSKA မော်စကို တိုက်စစ်မှူ း ဒွန်ဘီယာက ထပ်ဆင့် ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူခဲ့သည်။ဒုတိယပိုင်းတွင် မန်ယူအသင်းသည် ဘောလုံးပိုင်ဆိုင်ခွင့် အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း အပိုင်အခွင့်အရေးများ ဖန်တီးနိုင်မှု အားနည်းခဲ့သည်။ ဖယ်လေနီ၊ ဒီပိုင်း၊ ဘလင်းတို့ကို ထည့်သွင်းကာ အပြောင်းအလဲ ပြုလုပ်ခဲ့သည့် မန်ယူအသင်းအတွက် ချေပဂိုးကို မာရှယ်လ်က (၆၅)မိနစ်တွင် ဗလင်စီယာ၏ ဖြတ်တင်ပေးပို့မှုကို လှလှပပပ ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။မန်စီးတီး အသင်းမှာလည်း အိမ်ကွင်းတွင် ဆီဗီလာကို နောက်က လိုက်ကစားခဲ့ရပြီး ဒီဘရိုင်း၏ နောက်ကျဂိုးကြောင့် နိုင်ပွဲရခဲ့သည်။ ဆီဗီလာအတွက် မိနစ် (၃၀) တွင် ကိုနိုပလန်ကာက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး (၃၆) မိနစ်တွင် ဆီဗီလာနောက်ခံလူ ရာမီ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သဖြင့် မန်စီးတီး ချေပဂိုး ပြန်ရခဲ့သည်။ မန်စီးတီးအတွက် အနိုင်ဂိုးကို ဒီဘရိုင်းက ထပ်ဆောင်း အချိန်ပိုတွင် သွင်းယူကာ ချန်ပီယံလိဂ် ဒုတိယနိုင်ပွဲကို ရယူပေးခဲ့သည်။ထူးခြားချက် အနေဖြင့် (၂) ပွဲဆက်နိုင်ပွဲရခဲ့သော ရီးယဲလ်၊ PSG၊ ဘင်ဖီကာနှင့် ဂျူဗင်တပ်စ် အသင်းများ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၃) အပြီးတွင် ရာနှုန်းပြည့် အနိုင်ရသော အသင်းအဖြစ် အုပ်စု (H) မှ ဇင်းနစ်တစ်သင်းသာ ရှိနေသည်။ချန်ပီယံလိဂ်ပွဲစဉ်(၃) ဒုတိယနေ့ ရလဒ်များမာလ်မို ၁-၀ ရှက်တာဒိုးနက်PSG ဝ-၀ ရီးယဲလ်CSKA မော်စကို ၁-၁ မန်ယူဝုလ်ဖ်ဘတ် ၂-၀ PSVအက်သလက်တီကို ၄-၀ အက်စ်တာနာဂါလာတာစာရေး ၂-၁ ဘင်ဖီကာဂျူဗင်တပ်စ် ဝ-၀ မိုချန်ဂလာဘတ်မန်စီးတီး ၂-၁ ဆီဗီလာ