ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ကို FA မှ ဒဏ်ငွေများချမှတ်

ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ကို FA မှ ဒဏ်ငွေများချမှတ်
Published 9 October 2015

လန်ဒန်ဒါဘီပွဲစဉ်တွင် ကစားသမားများအား နိုင်နင်းစွာ ထိန်းသိမ်းနိုင်ခြင်းမရှိ၍ စွဲချက်တင်ခံထားရသော ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)မှ ဒဏ်ငွေပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် အာဆင်နယ်နောက်ခံလူများဖြစ်သော ကိုစီယယ်လ်နီ၊ ဂါဘရီယဲလ်တို့ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီယေဂိုကော်စတာကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်သော်လည်း အသင်းနှစ်သင်းကို ဒဏ်ငွေများ ထပ်မံချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဒဏ်ငွေပေါင်(၄၀၀၀၀)ပေးဆောင်ရမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ဒဏ်ငွေပေါင်(၃၀၀၀၀)ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ပါက ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်ခံရမည်ဟု သတိပေးခဲ့ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent