၂၀၁၆ အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (G) နောက်ဆုံးနေ့ ပွဲစဉ်များကို စက်တင်ဘာ ၆ ရက် (ယနေ့) တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ယနေ့ ညနေ ၆ နာရီခွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဖရိုင်းဒရစ် (ဂျာမနီ) က ယင်းပွဲတွင် မြန်မာအသင်း ပရိသတ်များ အေးချမ်းစွာ အားပေးကြရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
မြန်မာအသင်း ပရိသတ်တစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဟောင်ကောင်နှင့်ပွဲတွင် ၎င်း၏မျက်နှာအား နိုင်ငံတော်အလံ ဖုံးအုပ်၍ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဝင်ရောက်မှုကြောင့် ပွဲအား မိနစ်အနည်းငယ် ရပ်နားခဲ့ရပြီး ယင်းပရိသတ်ကိုလည်း မြန်မာကစားသမားများက ဖျောင်းဖျကာ လုံခြုံရေးများဖြင့် ကွင်းပြင်သို့ ခေါ်ဆောင် သွားခဲ့ရကြောင်း သိရသည်။ ဂတ်ဖရိုင်းဒရစ်က "မြန်မာအသင်း ပရိသတ် တချို့က ဘာကြောင့်များပွဲကို အေးအေး ဆေးဆေး အားမပေး နိုင်ကြတာလဲဆိုတာကို မေးခွန်း ထုတ်ချင်ပါတယ်။ အရာဝတ္ထု ပစ္စည်းတွေနဲ့ ကွင်းထဲကို လှမ်းပေါက်တာမျိုး၊ ကွင်းထဲကို ပြေးဆင်းလာတာမျိုးတွေက ကျွန်တော်တို့အသင်းကို ဘယ်လိုမှ အထောက်အကူ မဖြစ်စေပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတုန်းကလည်း အခုလိုမျိုး ပရိသတ်တွေ လုပ်ခဲ့လို့ ကျွန်တော်တို့ အသင်း ကွင်းပိတ် ပြစ်ဒဏ် ကျခံ ခဲ့ရပြီးပါပြီ။ အဲဒီ ပြစ်ဒဏ်ကြောင့် အခုခြေစစ်ပွဲမှာ ဘရူနိုင်းနဲ့ပွဲကို ပရိသတ်မပါဘဲ ကစားခဲ့ရပြီးပါပြီ။ ဒီလိုအပြုအမူတွေက MFF ကိုလည်း ရိုက်ခတ်မှု ရှိမှာပါ။ ကွင်းထဲကို ပရိသတ်တွေ ပြေးဆင်းလာရုံနဲ့ ကျွန်တော်တို့အသင်း ဂိုး တစ်ဂိုး မရသွားပါဘူး။ ဒါကြောင့် ဗီယက်နမ်နဲ့ပွဲကို ပရိသတ်တွေ အေးအေးဆေးဆေး အားပေးဖို့ တောင်းဆိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ပရိသတ်များ အေးချမ်းစွာ အားပေးရန် မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် တောင်းဆို
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago