ရခိုင်ကမ်းလွန်ရှိ ရေနံလုပ်ကွက် AD-5 နှင့် A-7 တွင် Woodside က အော်ပရေတာအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၄၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်၍ BGEPM၊ MPEPL တို့နှင့် ဖက်စပ်ကုမ္ပဏီအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကာ အဆိုပြုထားသော စီမံကိန်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၆ခုနှစ် ဧပြီလကြား ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း AD-5 နှင့် A-7 တို့ဆိုင်ရာ “စီမံကိန်း အကျဉ်းချုပ်၊ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းလွန်ဒေသရှိ ရေနံလုပ်ကွက် ဆိုက်စမစ် စူးစမ်းလေ့လာခြင်း” အစီရင်ခံစာအရ သိရသည်။
AD-5 နှင့် A-7 လုပ်ကွက်များတွင် သြစတြေးလျအခြေစိုက် Woodside က အော်ပရေတာအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၄၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်၍ BG Exploration & Production (Myanmar) Pte Ltd (BGEPM) နှင့် Myanmar Petroleum Exploration & Production Co., Ltd. (MPEPL) တို့က ဖက်စပ်ကုမ္ပဏီအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကာ အော်ပရေတာအဖြစ် ဆောင်ရွက်ခြင်းမရှိဘဲ ရှယ်ယာအဖြစ် ၄၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး ထည့်ဝင်မည် ဖြစ်ကြောင်း AD-5 နှင့် A-7 တို့ဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
AD-5 နှင့် A-7 စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး ကမ်းလွန်ဒေသအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နေရာကပ်လျက်တွင် လပွတ္တာမြို့နယ်၊ ငပုတောမြို့နယ်ရှိ ဆင်မကျေးရွာအုပ်စုနှင့် တောင်ဘက်တွင် ပုသိမ်မြို့နယ်တို့ တည်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်း နှစ်ခုအတွက် 2D နှင့် 3D အဏ္ဏဝါ စူစမ်းလေ့လာမှု လုပ်ငန်းများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလလယ်နှင့် ဒီဇင်ဘာလ အစောပိုင်းကြားတွင် စတင်ရန် မျှော်မှန်းထားပြီး A-7 နှင့် AD-5 တစ်လျှောက် အချက်အလက် ရယူခြင်းများမှာ ခန့်မှန်းခြေ ၃၅ ရက် နှင့် ၁၈၀ ရက်ခန့် အသီးသီး ကြာမြင့်မည် ဖြစ်သည်။
A-7 နှင့် AD-5 တို့၌ 3D လေ့လာမှု ပြီးပါက 2D လေ့လာမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြေဆွဲအားနှင့် သံလိုက်အား တိုင်းတာမှုများကို ဆိုက်စမစ် တိုင်းတာခြင်းနှင့် ရေယာဉ်များ အတူတူ အသုံးပြုလျက် တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ကာ ပင်လယ်ကြမ်းပြင် နမူနာယူခြင်းကို 3D လေ့လာမှု ပြီးစီးပြီးနောက်၂၀၁၆ ခုနှစ်၊ မတ်လတွင် စတင်နိုင်ရန် မျှော်လင့်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်း ဖော်ပြချက်အရ AD-5 နှင့် A-7 ၏ လုပ်ငန်းခွင်ဧရိယာတွင် ဆောင်ရွက်မည့် 2D နှင့် 3D အဏ္ဏဝါစူးစမ်း လေ့လာမှုနှင့် ဆက်စပ်လုပ်ငန်းများမှာ ဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိသော ထိခိုက်မှုများမှာ ရေယာဉ်များကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုများမှာ စီးပွားဖြစ်နှင့် သမားရိုးကျ ငါးဖမ်းလုပ်ငန်းများအတွက် အနှောင့်အယှက်ဖြစ်ခြင်း၊ အဏ္ဏဝါတွင်းရှိ နို့တိုက်သတ္တဝါများနှင့် အခြားကာကွယ်ထားသည့် ပင်လယ်တွင် ကျက်စားသည့် လိပ်နှင့် ငါးမန်းများ ထိခိုက်နိုင်ခြင်းနှင့်၊ ဆိုက်စမစ်လုပ်ငန်းသုံး ပစ္စည်းများ ပျက်စီးဆုံးရှုံးရာမှ ပင်လယ်ကြမ်းပြင်ရှိ နေရင်းဒေသများ ပျက်စီးခြင်းနှင့် ဆိုက်စမစ် ရေယာဉ်၊ ထောက်/ပို့ရေယာဉ်နှင့် ကင်းလှည့် ရေယာဉ်များ၏ ဆီလောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာမှုကြောင့် ထိခိုက်ခြင်း၊ ပင်လယ်သို့ စွန့်ပစ်သည့် အစိုင်အခဲ စွန့်ပစ်ပစ္စည်း၊ ရေဆိုး၊ မိလ္လာရေဆိုး၊ စာကြွင်းစားကျန်၊ ဓါတုဗေဒပစ္စည်းများ စနစ်တကျ ကိုင်တွယ်မှု မရှိခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ကို ထိခိုက်မှုရှိခြင်း၊ အစိုင်အခဲနှင့် ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊ ရေယာဉ်ပေါ်တွင် ဖန်တီးထားသော အလင်းရောင်သည် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သော်လည်း ယင်းအလင်းရောင်သည် ရေယာဉ်အနီးရှိ အဏ္ဏဝါ သတ္တဝါများအတွက် ဆွဲဆောင်မှု ဖြစ်ပေါ်လာနိုင်ခြင်း စသည့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အစီရင်ခံစာ နှစ်စောင်တွင် ဖော်ပြထားသည်။
အန္တရာယ်ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု ဖော်ပြချက်အရ AD-5 နှင့် A-7 မှ ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှု၏ ကြွင်းကျန်သော အန္တရာယ် ဖြစ်နိုင်ခြေမှာ နည်းသည်ဟု သတ်မှတ်နိုင်ပြီး ကြွင်းကျန်သော အန္တရာယ် ဖြစ်နိုင်ခြေမှာ အလယ်အလတ်နှင့် မြင့်မားသည် (သို့မဟုတ်) ပြင်းထန်သည်ဟု မသတ်မှတ်နိုင်ကြောင်း အစီရင်ခံစာ နှစ်စောင်တွင် ဖော်ပြထားသည်။
ရခိုင်ကမ်းလွန်ရှိ ရေနံလုပ်ကွက် AD-5 နှင့် A-7 တွင် Woodside၊ BGEPM နှင့် MPEPL တို့ ဖက်စပ်လုပ်ကိုင်မည် ဖြစ်ပြီး လုပ်ငန်းများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၆ ခုနှစ် ဧပြီလအကြား ဆောင်ရွက်မည်










