ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိ ဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ မန်ယူအသင်းဟာ ဒီတစ်ပွဲမှာတော့ သူတို့ရဲ့ အဓိကပြိုင်ဘက် အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့တာကြောင့် ပထမနေရာကို မန်စီးတီးအသင်းဆီ လွဲှပြောင်းပေးခဲ့ ရပါတယ်။ဒီပွဲမှာ မန်ယူအသင်းဟာ ကွင်းလယ်မှာ ဘောလုံးကိုင်ပြီး အာဆင်နယ်ရဲ့ မြန်နှုန်းကို ထိန်းချုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်၊ ဝေါလ်ကော့တို့ကို မထိန်းချုပ်နိုင်တဲ့အပြင် အိုဇေးလ်ရဲ့ ခြေစွမ်းပြဖန်တီးမှုတွေကြောင့်ဂိုးတွေစောစာစီးစီးပေးခဲ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ မန်ယူရဲ့ ပွဲအစအထလေးတတ်တာကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး အလက်ဆစ်ဆန်းချက်ဇ်ကလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့တယ်။ သူ့ကို ဒါမီယန် ဘယ်လိုမှ မထိန်းနိုင်ခဲ့တဲ့အပြင် မန်ယူနောက်တန်းရဲ့ လွတ်နေတဲ့ Space တွေကနေ တစ်ဆင့် ထိုးဖောက်ဂိုးသွင်းယူသွားတာပါ။အာဆင်နယ်အသင်းရဲ့ ဂိုးတွေကိုတော့ ပွဲအစ (၆) မိနစ်မှာပဲ အိုဇေးလ်ရဲ့ ပေးပို့မှုကနေ အလက်ဆစ်ဆန်းချက်ဇ်က နောက်ပေါက်နဲ့ လှလှပပသွင်းယူခဲ့ပြီး၊ နောက်တစ်ဂိုးကလည်း အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးကိုတော့ ဆန်းချက်ဇ်ရဲ့ အဖွင့်ဂိုးအပြီး တစ်မိနစ်အကြာမှာပဲ အိုဇေးလ်က ကန်သွင်းယူခဲ့တာပါ။
ဂိုးပြတ်ရှုံးပွဲနဲ့ ထိပ်ဆုံးက ဖယ်ပေးလိုက်ရတဲ့ မန်ယူ
Most Read
Most Recent
3 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago