ပြည်တွင်းတွင်ရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ တိုးတက်ရေးတွင် နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုများအပြင် အရင်းအနှီး ရရှိမှု အပိုင်းတွင် များစွာအခက်အခဲ ရှိနေကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပသော သွင်းကုန် မြင့်တက်မှုကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်းများ မထိခိုက်စေရေး ဟောပြောပွဲတွင် UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် ရှိနေသော လုပ်ငန်း အမျိုးအစားများအနက် ရာခိုင်နှုန်း ၉၀ ကျော်သည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ကြောင်း၊ တိုင်းပြည် စီးပွားတိုးတက်ရေး၊ ပြည်ပသို့ ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ပြည်တွင်းသို့ အတားအဆီးမဲ့ ဝင်လာသော ကုန်ပစ္စည်းများ နေရာတွင် ဝင်ရောက် အစားထိုးနိုင်ရေးအတွက် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် များစွာ အရေးပါသော်လည်း အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။“တစ်ခါတစ်ခါမှာ လုပ်ငန်းရှင်တွေကို အကာအကွယ် ပေးဖို့အတွက် Protectionism ကို သွားချင်ပေမယ့် WTO Member ဖြစ်နေတော့ လိုက်နာရတာတွေ ရှိပါတယ်။ အထူးသဖြင့် SMEs တွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီနေ့ အခြေအနေကို လေ့လာကြည့်ရင် ထုတ်လုပ်မှုကဏ္ဍက တော်တော်လေး ခံစားနေရတာ ရှိပါတယ်။ အခြေခံ အဆောက်အအုံ မပြည့်ဝလို့ အခုလို ရင်ဆိုင်ကြုံတွေ့ နေရတာမျိုးမှာ Labour Wages နဲ့ ပတ်သက်ပြီး ပြဿနာတက်နေတာလည်း ရှိပါတယ်။ အခု အလုပ်သမားတွေ တောင်းနေတဲ့ ၃၆၀၀ ဆိုတာကို ပေးနိုင်တဲ့ ကုမ္ပဏီကြီးတွေ ရှိသလို မပေးနိုင်တဲ့ သူတွေလည်း အများအပြား ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့စီးပွားရေးက ကျဆင်းနေတဲ့ အတွက်ပါ။ လာမယ့် ၂၀၁၅ အပြီးမှာ AEC လာတော့မယ်။ AEC လာရင် သန်း ၆၀၀ လောက်ရှိမယ့် ဈေးကွက်ကို ရမယ်လို့ ပြောတယ်။ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ အများကြီး နောက်ကျနေတယ်။ ဒါတွေ တိုးတက်ဖို့အတွက် SMEs ကဏ္ဍ တိုးတက်ဖို့ လိုတယ်ဆိုပေမယ့် ငွေမရှိပါဘူး” ဟု ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။ဆက်လက်၍ ၎င်းက “နိုင်ငံတကာမှာ SMEs Development အတွက် ဘဏ်တွေက ငွေချေးတဲ့အခါမှာ အတိုးနှုန်းကို ၀ ဒသမ ၅ ရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းလောက်ပဲ ယူတာ ရှိပါတယ်။ အခုက မြန်မာနိုင်ငံမှာက ရှစ်ရာခိုင်နှုန်း ကျော်နေတယ်။ နောက်တစ်ခုက အပေါင်ပစ္စည်းလည်း လိုတယ်ဆိုတော့ Financing ပိုင်းမှာ အရမ်းအခက်အခဲ ရှိနေပါတယ်။ SMEs တွေကို လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းလောက်နဲ့ ချေးပေးနိုင်မလား။ ဘဏ်တွေ ဘက်ကလည်း မဖြစ်နိုင်ဘူး။ သူတို့ရဲ့ Deposit Rate ကိုက ၈ ဒသမ၂၅ လောက် ဖြစ်နေတယ်။ သူတို့လည်း ချချေးပေးဖို့ မလွယ်ဘူး။ မကြာခင်မှာ ဥပဒေတွေ ပြဋ္ဌာန်းဖို့ရှိတယ်။ SMEs Law ရှိမယ်။ Industrial Law ရှိမယ်။ ဒါတွေကို ရေးဆွဲနေပြီ။ ခက်တာက ဥပဒေမှာ ကန့်သတ်ချက်တွေ သိပ်များရင်တော့ အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်လို ပံ့ပိုးမှုတွေ လုပ်သွားရမလဲ ဆိုတာတွေနဲ့ ဒါတွေကို နည်းဥပဒေမှာ ထည့်သွင်းနိုင်ဖို့ လိုပါတယ်” ဟု ဆိုသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ နည်းပညာပိုင်း အားနည်းမှုများအပြင် အရင်းအနှီး ရရှိမှု အပိုင်းတွင် ဘဏ်အတိုးနှုန်း မြင့်မားခြင်း စသည့်စိန်ခေါ်မှုများနှင့် ကြုံတွေ့နေ










