ယခင်က အိန္ဒိယ ပဲဈေးကွက်၏ ရာခိုင်နှုန်း ၅၀ သည် မြန်မာနိုင်ငံမှ တင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ကနေဒါ နိုင်ငံနှင့် ယှဉ်ပြိုင်နေရပြီး အိန္ဒိယ၏ မြန်မာနိုင်ငံမှပဲတင်သွင်းမှုသည် ရာခိုင်နှုန်း ၂၀ သာ ရှိတော့ကြောင်း အောက်တိုဘာ ၃ရက်တွင် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပသော သွင်းကုန်မြင့်တက်မှုကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်းများ မထိခိုက်စေရေး ဟောပြောပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲများအား အများအပြား တင်သွင်းနေသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကို အိန္ဒိယသို့ တင်ပို့ခဲ့ကြောင်း၊ အထူးသဖြင့် မတ်ပဲနှင့် ပဲစင်းငုံများအား တင်ပို့ခြင်းဖြစ်ကြောင်း၊ အလားတူ အခြားပြည်ပ တင်ပို့သည့် ပဲတီစိမ်းကိုမူ အိန္ဒိယနိုင်ငံထက် တရုတ်နိုင်ငံသို့ တင်ပို့မှုများကြောင်း သိရသည်။“အခုချိန်မှာ ကျွန်တော်တို့ဟာ ပဲဈေးကွက်မှာ ဆိုရင်လည်း ကနေဒါနဲ့ ယှဉ်ပြိုင်နေရတယ်။ ဟိုတုန်းကဆိုရင် ကျွန်တော်တို့က အိန္ဒိယနိုင်ငံရဲ့ ဈေးကွက်ရှယ်ယာရဲ့ ရာခိုင်နှုန်း ၅၀ လောက်ကို ရထားတယ်။ ဒါပေမဲ့ အခုချိန်မှာ ရာခိုင်နှုန်း ၂၀ ပဲ ရှိတော့တယ်။ ဒါကြောင့်မို့လို့ တန်ဖိုးမြင့် ထုတ်ကုန်တွေကို ထုတ်လုပ်တင်ပို့ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း Mindset ကို ပြင်ရတော့မယ်။ ဒီနေ့ခေတ်မှာ ကွာလတီက အရမ်း စကားပြောတယ်။ ငါတို့ အရည်အသွေးမြင့် ထုတ်ကုန်တွေ ထုတ်နိုင်တယ်ဆိုတဲ့ Mindset မျိုး ထားရတော့မယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။ယခုနှစ်ပိုင်းများအတွင်း ပြည်ပနိုင်ငံများသို့ ပဲတင်ပို့မှုဖြင့် နှစ်စဉ်ပြည်ပဝင်ငွေ တစ်ဘီလျံဝန်းကျင် ရရှိနေကြောင်း၊ ယခုနှစ်ပိုင်းတွင် အမေရိကန် ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ပဲဈေးနှုန်းများ ကောင်းလာခဲ့သော်လည်း ဈေးကွက်ဝေစုမှာ အကန့်အသတ်ဖြင့် ဖြစ်လာခဲ့ကြောင်း သိရသည်။ယခုရက်ပိုင်းတွင်မူ အိန္ဒိယဘက်မှ အဝယ်လိုက်ခြင်း၊ ပြည်တွင်းလက်ကျန် နည်းခြင်း စသည်တို့ကြောင့် မတ်ပဲဈေးမှာ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း တစ်တန်လျှင် ကျပ်၂၃ သိန်းကျော်ဖြင့် စံချိန်တင်ဈေး ရရှိနေကြောင်း သိရသည်။“မတ်ပဲဈေးက အောက်တိုဘာ ၂ ရက်ကဆိုရင် မတ်ပဲ FAQ က ၂၁၅၀၀၀၀ လောက်ရှိတယ်။ SQ ကတော့ ၂၃၅၀၀၀၀ လောက် ရှိပါတယ်။ ပဲဈေးတက်တဲ့ အထဲမှာ အဓိက,က မတ်ပဲပါပဲ။ ပဲစင်းငုံကတော့ ၁၇ သိန်း၊ ၁၈ သိန်း လောက်ပဲ အရောင်းအဝယ် ရှိပါတယ်။ ပဲတီစိမ်းကတော့ ၁၄ သိန်း၊ ၁၅ သိန်းလောက် ရှိပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားခဲ့သည်။“အဓိက အခုရက်ပိုင်းတွေမှာ အိန္ဒိယဘက်က ဝယ်ယူမှု ဆက်များလာလို့ရယ်၊ ပြည်တွင်းလက်ကျန် နည်းတာရယ်၊ ဆုံလာတဲ့ အခါကျတော့ မတ်ပဲဈေးက ထင်မှတ်မထားလောက်အောင် တက်သွားတဲ့ သဘောပါ” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။စက်တင်ဘာ ၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၄၄၀၀၀၀၊ SQ တစ်တန်လျှင် ကျပ် ၁၅၉၀၀၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၅၄၅၀၀၀၊ SQ တစ်တန်လျှင် ၁၆၇၅၀၀၀ ကျပ်၊ စက်တင်ဘာ၂၉ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၈၅၀၀၀၀၊SQ တစ်တန်လျှင် ကျပ် ၁၉၄၀၀၀၀ ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂၀၃၀၀၀၀ ၊ SQ တစ်တန်လျှင် ကျပ် ၂၁၇၃၀၀၀ ဈေးအထိ ရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
အိန္ဒိယ ပဲဈေးကွက်၏ ရာခိုင်နှုန်း ၅၀ ကို မြန်မာနိုင်ငံမှ တင်သွင်းနေသော်လည်း လက်ရှိတွင် ကနေဒါနှင့် ယှဉ်ပြိုင်နေရသည့်အတွက် အိန္ဒိယ ပဲဈေးကွက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ တင်ပို့ခွင့်ရနေ










