ဖီဖာကမ္ဘာ့အဆင့်ရပ်တည်မှုများကို ယနေ့ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့ချန်ပီယံ ဂျာမနီက ဘယ်လ်ဂျီယံကို ကျော်တက်ကာ အဆင့်(၂)ဖြစ်လာခဲ့ကြောင်း သိရသည်။ကမ္ဘာ့အဆင့်(၁)နေရာတွင် အာဂျင်တီးနားအသင်းက ဆက်လက်ရပ်တည်ခဲ့ ပြီး ယူရိုချန်ပီယံ စပိန်အသင်းက (၅)ဆင့်တက်ကာ အဆင့်(၆)ဖြစ်လာခဲ့သည်။နာမည်ကျော် အင်္ဂလန်အသင်းမှာ အဆင့်(၁၀)၌သာ ဆက်လက် ရပ်တည်ခဲ့ပြီး ဝေးလ်စ်အသင်းကမူ တစ်ဆင့်တက်ကာ အဆင့်(၈)ဖြစ်လာခဲ့ပြီး အင်္ဂလန်အထက်တွင် ဆက်လက်ရပ်တည်ခဲ့သည်။မြန်မာ့လက်ရွေးစင်အသင်းမှာ တစ်ဆင့်ကျကာ အဆင့်(၁၆၃)၌ ရပ်တည်ခဲ့ပြီး အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူတို့ နောက်တွင် ရှိနေကြောင်း သိရသည်။ကမ္ဘာ့အဆင့်(၁၀)အတွင်း ရပ်တည်မှု(၁) အာဂျင်တီးနား(၂) ဂျာမနီ(၃) ဘယ်လ်ဂျီယံ(၄) ပေါ်တူဂီ(၅) ကိုလံဘီယာ(၆) စပိန်(၇) ဘရာဇီးလ်(၈) ဝေးလ်စ်(၉) ချီလီ(၁၀) အင်္ဂလန်









