ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၂) ဒုတိယနေ့ ပွဲစဉ်များကို ဆက်လက်ကစားခဲ့ရာ အဖွင့်ပွဲတွင် ရှုံးပွဲကိုယ်စီ တွေ့ခဲ့သော မန်ယူနှင့် မန်စီးတီးအသင်းများ နိုင်ပွဲပြန်ရခဲ့ပြီး ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာနှင့် PSG အသင်းများ (၂)ပွဲဆက် အနိုင်ရခဲ့သည်။မန်ယူအသင်းသည် အိမ်ကွင်းတွင် ဝုလ်ဖ်ဘတ် အသင်းနှင့် မန်စီးတီး အသင်းသည် အဝေးကွင်းတွင် မိုချန်ဂလာဘတ် အသင်းတို့ကို နောက်က လိုက်ကစားကာ (၂-၁) ဂိုးစီဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။မန်ယူ (၂-၁) ဝုလ်ဖ်ဘတ်ပွဲတွင် ဝုလ်ဖ်ဘတ် အသင်းသည် ပွဲအစ (၄) မိနစ်တွင် ကာလီဂူရီ သွင်းယူသော ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်ည်း မန်ယူအသင်းအတွက် ချေပဂိုးကို (၃၄) မိနစ်တွင် ကွင်းလယ်လူ မာတာက ပယ်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့သည်။ မန်ယူအတွက် အနိုင်ဂိုးကို (၅၃)မိနစ်တွင် နောက်ခံလူ စမောလင်းက ကွင်းလယ်လူမာတာ နောက်ပေါက်ဖြင့် ပေးပို့မှုကနေ အနီးကပ် ပိတ်သွင်းယူပေးခဲ့သည်။မန်စီးတီး အသင်းမှာလည်း အိမ်ရှင် မိုချန်ဂလာဘတ် အသင်းမှ စတိန်းဒ် (၅၄) မိနစ်တွင် သွင်းယူခဲ့သော ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရသည်။ မန်စီးတီးအတွက် ချေပဂိုးကို နောက်ခံလူ အော်တာမန်ဒီက (၆၅) မိနစ်တွင် သွင်းယူခဲ့ပြီး အနိုင်ဂိုးကို ပွဲပြီးခါနီးတွင် ရရှိသော ပယ်နယ်တီမှတစ်ဆင့် တစ်ပွဲလုံး ဂိုးကံခေနေခဲ့သူ အဂွဲရိုးက သွင်းယူပေးခဲ့သည်။ရီးယဲလ်အသင်းမှာမူ အဝေးကွင်းတွင် မာလ်မိုအသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရီးယဲလ်အတွက် အနိုင်ဂိုးများကို (၂၉)မိနစ်နှင့် (၉၀) မိနစ်တို့တွင် စီရော်နယ်လ်ဒို တစ်ဦးတည်းက သွင်းယူခဲ့သည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူ း ရာအူးလ်၏ ဂိုးသွင်းအများဆုံး စံချိန် (၃၂၃) ဂိုးကို လိုက်မီခဲ့သည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် ကစားသမားဘ၀ သွင်းဂိုး (၅၀၁) ဂိုးမြောက်ဂိုးကို ရရှိခဲ့သည်။
■ ချန်ပီယံလိဂ် ပွဲစဉ်-၂ (ဒုတိယနေ့) ရလဒ်များအက်စတာနာ ၂-၂ ဂါလာတာစာရေးရှက်တာဒိုးနက် ဝ-၃ PSGမာလ်မို ဝ-၂ ရီးယဲလ်မက်ဒရစ်မန်ယူ ၂-၁ ဝုလ်ဖ်ဘတ်CSKA မော်စကို ၃-၂ PSVအက်သလက်တီကို ၁-၂ ဘင်ဖီကာမိုချန်ဂလာဘတ် ၁-၂ မန်စီးတီးဂျူဗင်တပ်စ် ၂-၀ ဆီဗီလာ
■ ချန်ပီယံလိဂ်ပွဲစဉ်-၂ (ပထမနေ့) ရလဒ်များBATE ၃-၂ ရိုးမားဘာစီလိုနာ ၂-၁ လေဗာကူဆင်အာဆင်နယ် ၂-၃ အိုလံပီယာကော့စ်ဘိုင်ယန်မြူ းနစ် ၅-၀ ဒိုင်နမိုဇာဂရက်ပေါ်တို ၂-၁ ချယ်လ်ဆီးမက္ကာဘီတဲလ်အဗစ် ဝ-၂ ဒိုင်နမိုကိဗ်လိုင်ယွန် ဝ-၁ ဗလင်စီယာဇင်းနစ် ၂-၁ KAA ဂျန့်
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၂)တွင် မန်ချက်စတာမြို့ခံ (၂)သင်း နိုင်ပွဲပြန်ရခဲ့ပြီး ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာနှင့် PSG အသင်းများ နိုင်ပွဲဆက်ခဲ့